Books

  • Home/
  • Books

ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အတွဲ (၁)

Author: ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
Publish Date: 4 Jan, 2016
Category: Books

Book Review

လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးကြိုးပမ်းမှုဆိုင်ရာ သဘောထားအမြင်စာတမ်းများ၊ အခြေခံမူများ၊ စာချုပ်မူကြမ်းများ၊ အစီရင် ခံစာများ၊ သဘောတူစာချုပ်များ ... စသည်တို့ကို အပိုင်း (၃) ပိုင်းခွဲပြီး မှတ်တမ်းတင်ထားသောစာအုပ်ဖြစ်သည်။

       ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်အာဏာရှင်ပြဿနာ၊ နိုင်ငံရေးထောင်ချောက်လော - တွေ့ဆုံဆွေးနွေးရေးလမ်းစလော၊ တွေ့ဆုံဆွေးနွေး ခန်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးမူ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရေး အခြေခံလိုအပ်ချက်များ၊ ချင်းအမျိုးသား တပ်ဦးသို့တင်သွင်းသည့် လုပ်ငန်းအစီရင်ခံစာ၊ တိုင်းရင်းသားလူမျိုးများ ငြိမ်းချမ်းရေးစီမံချက်၊ လိုင်ဇာသဘောတူညီချက်၊ လော်ခီးလာ သဘော တူညီချက်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပါအဝင် မှတ်တမ်းအနေဖြင့် သိထား၊ သိမ်းထားရမည့်စာတွေ ပါဝင်သည့်စာအုပ်ဖြစ်သည်။

စာအုပ်အမှာစာတွင် ဆလိုင်းလျန်မှုန်းက ဤသို့ ရေးထားသည်။

''တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဆိုရခြင်း၏ရည်ရွယ်ချက်သည်- ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးပင်ဖြစ်ပါသည်။ ... ထို့ကြောင့် ဤစာချုပ်ကို လက်မှတ်ရေးထိုးကြခြင်းသည် ရှည်လျားသော ပြည်တွင်းစစ်ငြိမ်းချမ်းရေးကြိုးပမ်းမှုခရီးရှည်၏ ပထမခြေလှမ်းသာဖြစ်ပါသည်။''


- ဆလိုင်းလျန်မှုန်း မှစုဆောင်းတင်ပြသည်။

Download PDF