Books

  • Home/
  • Books

ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု အတွဲ (၂)

Author: ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု
Publish Date: 6 Feb, 2017
Category: Books

Book Review

အမှာစာ



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ဖြင့် ထူထောင်ခဲ့သော တိုင်းပြည် ဖြစ်သည်။

ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် ဤပြည်ထောင်စုကြီးကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖြင့် ထူထောင်ရန် သဘောတူညီခဲ့ကြသည်။

သို့ရာတွင် ပင်လုံစာချုပ်နှင့်တကွ ထိုစာချုပ်၏ အနှစ်သာရများ ဖြစ်ကြသည့် ပင်လုံ ကတိကဝတ်များနှင့် ပင်လုံစိတ်ဓာတ်တို့ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်း မရှိသောကြောင့် ယနေ့တိုင် ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်နေရပါသည်။

နှစ်ပေါင်း (၇၀) နီးပါး ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေ၍ ဤ ပြည်ထောင်စုကြီးကို ပင်လုံတွင် မျှော်မှန်းခဲ့သည့်အတိုင်း ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်ပေးနိုင်သည့် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံ တော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ အောက်တိုဘာလ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အခြေခံမူ အပိုဒ် (၁) တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို ]နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေး တို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး၊ ပင်လုံစိတ် ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများကို အပြည့်အဝ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့် အညီ တည်ဆောက်သွားကြမည်}ဟု အချင်းချင်း ကတိပြု၍ စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြပါသည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် အဆင့် (၇) ဆင့် ပါရှိသော နိုင်ငံရေး လမ်းပြမြေပုံတခုကိုလည်း သဘော တူနိုင်ခဲ့ပါသည်။ ယင်း နိုင်ငံရေးလမ်းပြမြေပုံ (၇) ဆင့်မှာ –


၁။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်း။

၂။ အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များက ]နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်} (ွှ့န င်္မောနတသမု ်သမ ဏသူငအငခေူ ီငေူသါကန) ကို ရေးဆွဲ သဘောတူညီမှု ရယူခြင်း။

၃။ ထိုမူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခြင်းနှင့် နှစ်ဖက် သဘောတူညီသော ကြို်တင် ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

၄။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း။

၅။ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း။

၆။ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

၇။ ]ပြည်ထောင်စု သဘောတူစာချုပ် (ဏပငိကေညျါက ဗခခသမိ)}ပါ သဘော တူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင် ရွက်ခြင်း။


ထိုနိုင်ငံရေး လမ်းပြမြေပုံ ပထမအဆင့်ဖြစ်သော တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနေကာ၊ ရက်ပေါင်း (၆၀) အတွင်း လမ်းပြမြေပုံ၏  ဒုတိယအဆင့်ဖြစ်သော ]နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်}ကို ၂၀၁၅ စက်တင်ဘာလ (၁၆) ရက်နေ့တွင် သဘောတူ အတည်ပြုနိုင်ခဲ့ပါသည်။

ထို့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက် မှတ်ရေးထိုးပြီး ရက်ပေါင်း (၉၀) အတွင်း နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ကျင်းပရမည် ဟု သဘောတူခဲ့ကြသည့်အတိုင်း ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကြီးကို ၂၀၁၆ ဇန်နဝါရီလ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ နေပြည်တော်တွင် သမိုင်းဝင် ကျင်းပနိုင်ခဲ့ပါသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းနှင့် ပထမ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပနိုင်ခြင်းတို့သည် ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံကို ကျင်းပနိုင်ပြီး၊ ပင်လုံစာချုပ်ကို ထိုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုပြီးနောက်ပိုင်း ပြည်ထောင်စုသမိုင်းတွင် နိုင်ငံရေးရ အရေးအကြီး ဆုံးသော ဆောင်ရွက်ချက်တရပ်ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။

သို့ရာတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်းတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပထမခြေလှမ်းမျှသာ ဖြစ်ပါသေးသည်။ နိုင်ငံရေးဆွေးနွေးပွဲများကို အဆင့်ဆင့် ကျင်းပပြီး ]ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ်}ကို  လက်မှတ်ရေးထိုးနိုင်မှသာ ထိုရည်မှန်းချက်များ ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အမှန်စင်စစ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံများ အဆင့်ဆင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များသည် ထိုနိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ်များနှင့် သဘောတူညီချက်များကို ]ပြည်ထောင်စု ငြိမ်းချမ်းရေး စာချုပ်}အဖြစ် လက်မှတ်ရေးထိုးနိုင်ရေးပင် ဖြစ်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ်သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုး ကတိပြုထားသည့်အတိုင်း၊ ဤ ပြည်ထောင်စုကြီးတွင် လက်ရှိကျင့်သုံးနေသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ  အပါအဝင် ဥပဒေအားလုံးကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းရာတွင် အခြေခံရမည့်စာချုပ် ပင် ဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးတွင် မိမိတို့ တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ အမြင်သဘောထားများကို တရား ဝင် တင်သွင်း ဆွေးနွေးခြင်းသည် အဆင့်ဆင့်သော နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ ]ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ်} ချုပ်ဆိုနိုင်ရေးအတွက် ရည်မှန်း ချက် ကြီးမားစွာ ထားရှိခြင်းပင် ဖြစ်ပါသည်။

ပထမအကြိမ် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးသည် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေးအတွက် ကျင်းပသော ညီလာခံကြီးဖြစ်၍၊ ထို ညီလာခံတွင် တင်သွင်းသော စာတမ်းများနှင့် ဆွေးနွေးချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အတည်ပြု ဆွေးနွေးခြင်း မရှိ သေးပါ။ သို့ရာတွင် ပြည်ထောင်စုသမိုင်းတွင် အလွန်အရေးကြီးသော ညီလာခံဖြစ်၍ ထိုသမိုင်းဝင် ညီလာခံကြီးတွင် တရားဝင် တင်သွင်းထားသော စာတမ်းများသည် နောင် တွင် အဆင့်ဆင့် ဆက်လက်ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တရားဝင် ဆွေး နွေးရန် တရားဝင် တင်သွင်းထားသော အရေးကြီးသည့် စာတမ်းများပင် ဖြစ်ကြပါသည်။

ထို့ကြောင့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့မှ စုပေါင်း၍ နိုင်ငံရေး ကဏ္ဍတွင် တင်သွင်းခဲ့သည်။ ]ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လမ်းညွှန်မူများ}စာတမ်းနှင့်အတူ ထို စာ တမ်းအပေါ်  ရှင်းလင်းတင်ပြချက်များကို အပြည့်အစုံ ပြန်လည်၍ဖော်ပြအပ်ပါသည်။ ထို့ အပြင် ထိုသမိုင်းဝင် ညီလာခံကြီးတွင် နိုင်ငံတော် အကြီးအကဲများနှင့်တကွ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ညီလာခံဖွင့်ပွဲတွင် ြွမက်ကြားခဲ့ ကြသည့် မိန့်ခွန်းများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ တင်ပြ ချက်များ၊ ကဏ္ဍ (၈) ခုမှ ဆွေးနွေးတင်ပြချက်များ အနှစ်ချုပ်များနှင့် ညီလာခံဆိုင်ရာ မှတ်တမ်းများကို စုစည်း၍ တင်ပြအပ်ပါသည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှတ်တမ်းစာအုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ]ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ် ဦး ဆောင်အဖွဲ့} (ဏနခေန ဏမသခနျ ှအနနမငညါ ွှနော- ဏဏှွှ) အစည်းအဝေး ဆုံးဖြတ်ချက် အရ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးရေး သုတေသနအသင်း (ဃီနှ) ကို ထုတ်ဝေခွင့် ပြုသောကြောင့် အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


လေးစားစွာဖြင့်

ဆလိုင်းလျန်မှုန်း

ညွှန်ကြားရေးမှုးချုပ်

တိုင်းရင်းသားလူမျိုးရေးရာဖွံ့ ဖြိုးရေးနှင့် သုတေသနအသင်း

ရန်ကုန်မြို့

ဝ၉- ဇန်နဝါရီ၊ ၂၀၁၇


Download PDF