• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

သုတေသန အနှစ်ချုပ်

မြန်မာပြည်သူလူထုအားလုံးက မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေကြသည့် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်သည် မှန်ကန်သော ဦးတည်ချက်နှင့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေ သော်လည်း လက်တွေ့အောင်မြင်ရန်အတွက် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ် သည်။

                မကြာမီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်၍  Centre for Development and Ethnic Studies (CDES) က အဆိုပါရွေးကောက်ပွဲသည် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မည်မျှအထိ အကျိုးသက်ရောက်မှုရှိ မည်ကို လူထုသဘောထားအမြင် စစ်တမ်းကောက်ယူခဲ့ပါသည်။

                ဤစစ်တမ်းတွင် ဖြေဆိုသူ ၁၀၀၀ ကျော်ရှိခဲ့ပြီး စစ်တမ်းအရ ဖြေဆိုသူစုစုပေါင်း၏ ၉၈ ဒဿမ ရာခိုင်နှုန်းက ရွေး ကောက်ပွဲတွင် မိမိတို့ မဲပေးသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများနှင့် နိုင်ငံရေးပါတီများကို လက်ရှိပြည်တွင်းငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ပါဝင်စေလိုကြသည်။

                ဖြေဆိုသူ ၉၄ ဒဿမ ရာခိုင်နှုန်းက  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်  ဆန္ဒမဲပေးရန် ရည်ရွယ်ထားကြောင်းနှင့် ဖြေဆိုသူအများစုက  ၂၀၂၀ ရွေးကောက်ပွဲသည် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် များစွာသက်ရောက်မှုရှိပြီး ၂၀၂၀ နှင့် ၂၀၂၅ ခုနှစ် ကြားကာလတွင်  ပြည်တွင်းငြိမ်းချမ်းရေး ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားကြောင်း ဖြေကြားခဲ့သည်။

 

စစ်တမ်းကောက်ယူသည့် နည်းစနစ်

                ဤလူထုအမြင်သဘောထားစစ်တမ်းကို ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၁ ရက်မှ ၂၀၂၀ စက်တင်ဘာလ ၁၁ ရက် နေ့အထိ  CDES လူမှုကွန်ရက်စာမျက်နှာ (facebook page) မှ  တဆင့်ကောက်ယူထားခြင်းဖြစ်သည်။ စစ်တမ်းကောက်ယူရာတွင်  Free Online Survey ကို အသုံးပြုခဲ့သည်။

                စစ်တမ်းတွင် သုတေသနမေးခွန်း ၁၅ ခုမေးမြန်းခဲ့ကာ အသက်၁၈နှစ်ပြည့်ပြီးသည့် (ဆန္ဒမဲပေးနိုင်ခွင့်ရှိပြီဖြစ်သော) မြန်မာနိုင်ငံသူနိုင်ငံသားများကိုသာ ဖြည့်စွက်ဖြေဆိုခွင့်ပြုခဲ့ပါသည်။ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ()ခု နှင့် ပြည်နယ် () ခု မှ စစ်တမ်းဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၄၄ ဦး ရှိခဲ့သည်။  ဤစစ်တမ်းပါ တွေ့ရှိချက်များကို Social Research Methodologies များနှင့် ကိုက်ညီအောင် တင်ပြထားပါသည်။


သုတေသနတွေ့ရှိချက်များ

                စစ်တမ်းအရ ဖြေဆိုသူအများစုက ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု ယူဆကြသည်။ မဲပေးကြသောလူထုအနေဖြင့် ပါတီနှင့်ပါတီမူဝါဒကို အဓိကကြည့်ပြီး မဲထည့်ကြမည်ဟု ဖြေကြားသည်။ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (National League for Democracy-NLD) ကပင် အနိုင်ရမည်ဟု ထင်မြင်ယူဆကြသော်လည်း  ယခင် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ သောင်ပြိုကမ်းပြိုနိုင်မည်ဟု မထင်ကြောင်း ဖြေကြားကြသည်။ 

                ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းနိုင်မည့် ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဦးစား ပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဒုတိယဦးစားပေးနှင့် တရားဥပဒေစိုးမိုးရေးကို တတိယဦးစားပေးအနေဖြင့် ဆောင်ရွက်စေလိုကြောင်း စစ်တမ်းဖြေဆိုသူ ထက်ဝက်ကျော်က ဖြေကြားခဲ့သည်။

                ဖြေဆိုသူ ၆၃ ရာခိုင်နှုန်းက ၂၀၂၀ ရွေးကောက်ပွဲဖြင့်တက်လာသော အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် ပါဝင်လာနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ပြင်ဆင်သင့်ကြောင်း ဖြေဆိုကာ ကျန် ၂၃ ရာခိုင်နှုန်းက လက်ရှိတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လမ်း ကြောင်းအတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဖြေဆိုခဲ့ကြသည်။

                စစ်တမ်းအရ ဖြေဆိုသူများ၏  ၇၄ ရာခိုင်နှုန်းက လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံကြကြောင်း ထင်ရှား စွာတွေ့ရှိရသည်။  နိဂုံးချူပ်အားဖြင့်  တင်ပြလိုသည်မှာ CDES ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် လူထုအမြင်သဘောထားစစ်တမ်းအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အ ပေါ် အကျိုးသက်ရောက်မှုအတွက်  အလွန်အရေးကြီးသော အခန်းကဏ္ဍတွင်ရှိနေကြောင်း တင်ပြလိုက်ပါသည်။

 

အားလုံးကို ကျေးဇူးတင်ပါသည်။

Centre for Development and Ethnic Studies (CDES)

Download PDF