• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို လေးစားဂုဏ်ပြုလျှက်၊ စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသည့် သူရဲကောင်းအာဇာနည်များကို ဦးညွတ်အလေးပြုရင်း ဤမှတ်တမ်းအကျဥ်းကို ထုတ်ဝေပါသည်။

၂၀၂၁ ခုနှစ် မတ်လ (၂၂) ရက်မှ (၃၁) ရက်နေ့အထိ အဖြစ်အပျက်များကို တတ်နိုင်သမျှ အကျဥ်းချုပ်၍ စုစည်းမှတ်တမ်းတင်ပေးထားပါသည်။

လိုအပ်ချက်၊ မပြည့်စုံမှုများ ရှိမည်ဖြစ်ကြောင်းလည်း ရိုးသားစွာဝန်ခံပါသည်။ သမိုင်းတစ်ခေတ်တွင်မည့် သမိုင်းဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး၏ အောင်လံကို လူထုမှ အခိုင်အမာ စိုက်ထူနိုင်မည်ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်။

မတ်လအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို ပြည်သူများက နည်းလမ်းအသွယ်သွယ်ဖြင့် ဆက်လက်ပြုလုပ်ကြသည်။ စစ်တပ်နှင့်ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားသူများအတွက် မီးထွန်းဆုတောင်းပွဲ၊ စစ်အာဏာရှင်အလိုမရှိကြောင်း နှင့် CRPH ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် လူအများဖြင့် စာလုံးပုံဖော်လှုပ်ရှားမှု၊ ရေပေါ်ဆန္ဒပြပွဲများ၊ ဘုရားတွင် ကျိန်စာတိုက်ပွဲများ စသဖြင့် ပြုလုပ်ခဲ့ကြသည်။  တဖက်တွင်လည်း နကစ၏  စစ်တပ်နှင့် CDM တွင် ပါဝင်ခြင်းမရှိသော ရဲတပ်ဖွဲ့ဝင်များက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ပြည်သူလူထုဘက်မှ ထဘီခံစစ်များ ပြုလုပ်၍ စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်နှိမ်နင်းခြင်းကို ဟန့်တားမှုများမှာလည်း မြို့နယ်အများစုတွင် ယခုတပတ်အတွင်း စတင်ပြုလုပ်လာခဲ့သည်။

မတ်လ ပထမပတ်အတွင်း အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန် လူထုနှိုးဆော်မှုသည်လည်း အရှိန်အဟုန်မြင့်နေဆဲဖြစ်ပြီး CDM တွင်ပူးပေါင်းပါဝင်လာသည့် အစိုးရဝန်ထမ်းများလည်း နိုင်ငံတဝန်းကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာသည်။


ဤမှတ်တမ်းအား လေ့လာဖတ်ရှုရန် pdf ကို download ရယူပါ။

 

Download PDF