• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှတ်တမ်း

May 2021

⇝⇝⇝⇝✥⇜⇜⇜⇜

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို လေးစားဂုဏ်ပြုလျှက်၊ စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသည့် သူရဲကောင်းအာဇာနည်များကို ဦးညွတ်အလေးပြုရင်း ဤမှတ်တမ်းအကျဥ်းကို ထုတ်ဝေပါသည်။

၂၀၂၁ ခုနှစ် မေလ အတွင်း အဖြစ်အပျက်များကို တတ်နိုင်သမျှ အကျဥ်းချုပ်၍ စုစည်းမှတ်တမ်းတင်ပေးထားပါသည်။

လိုအပ်ချက်၊ မပြည့်စုံမှုများ ရှိမည်ဖြစ်ကြောင်းလည်း ရိုးသားစွာဝန်ခံပါသည်။ သမိုင်းတစ်ခေတ်တွင်မည့် သမိုင်းဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး၏ အောင်လံကို လူထုမှ အခိုင်အမာ စိုက်ထူနိုင်မည်ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်။


စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

(အောက်ပါအချက်အလက်များသည် သတင်းမီဒီယာအချို့၏ သတင်းရေးသားဖော်ပြချက်များကို ကိုးကားပြုစုထားခြင်းဖြစ်ပါသည်။)

 

၂၀၂၁ခုနှစ်၊ မေလအတွင်း  မြန်မာနိုင်ငံဒေသအသီးသီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး  သပိတ် စစ်ကြောင်းများ ပုံစံမျိုးစုံဖြင့် ဆက်ရှိသည်။ အချို့မြို့ကြီးများတွင် ပေါက်ကွဲမှုများလည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။မေလအတွင်း ရွေးကောက်ခံအစိုးရတွင် ပါဝင်သူများ ၊ နိုင်ငံရေးနှင့် နှီးနွယ်သူများ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် အရပ်သားပြည်သူများကို ပုဒ်မများတပ်၍ ဖမ်းဆီး တရားစွဲဆို ထောင်ချမှုများ ဆက်လက်ရှိ နေသည်။ ထို့ပြင် CDM ပြုလုပ်နေသည့် ကျောင်းဆရာ၊ ဆရာမများနှင့်  ပညာရေးဝန်ထမ်းများ ဖမ်းဆီးခံမှု၊ တာဝန်မှ ရပ်ဆိုင်းခံရမှု နှင့်  တရားစွဲဆို ခံရမှုများ မေလအတွင်း အများအပြားရှိခဲ့သည်။တနည်းအားဖြင့် လက် နက်ကိုင်တိုက်ပွဲများ၊ မြို့ပေါ်ဆန္ဒပြပွဲများ၊ CDM လှုပ်ရှားမှုများ ဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု မေလတွင်လည်း ဆက်လက်အသက် ဝင်နေ ဆဲဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

 

 

မေလ () ရက်  ၊ ၂၀၂၁

·         ရန်ကုန်ရှိ မြို့နယ်များတွင် ပြောက်ကျားသပိတ် ဆန္ဒပြပွဲများရှိခဲ့သလို မန္တလေး၊ မုံရွာ၊ ကလေး၊ ညောင်ဦး၊ဖားကန့်၊ မြိုင် စသည့်နိုင်ငံတဝန်း မြို့နယ်အသီးသီးတွင်လည်း ဆန္ဒပြပွဲများ ပုံစံမျိုးစုံ ဖြင့် ရှိသည်။ [1]

·         CDM လှုပ်ရှားမှုတွင် ပါဝင်သူများအတွက် ထောက်ပံ့မှုကမ်ပိန်း ပြုလုပ်နေသည့် ကချင်ပြည်နယ် မြစ်ကြီးနား လူငယ် ၁၁ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။[2]

·         ချင်းပြည်နယ်တွင် မီဒီယာသမားများအပါအဝင် ဖမ်းဆီးမှုများ ပိုများလာသည်။ [3]

 

 

 

မေလ () ရက် ၊ ၂၀၂၁

·         ကမ္ဘာ့နွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားသည့် ယနေ့တွင် ရန်ကုန်၊မန္တလေးအပါ အဝင် နိုင်ငံတဝန်းက မြို့နယ်အတော်များများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြ ပွဲများ ဆက်လက်ဖြစ်ပွားသည်။အဆိုပါ ဆန္ဒပြပွဲများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်း ခြင်းကြောင့် နိုင်ငံတဝန်း ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အတော်များများထိခိုက် ဏ်ရာ ရရှိသည်။ [4]

·         ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် မှောက်ဆန္ဒပြပြည်သူ များနှင့်ဖွဲ့စည်းထားသည့် ဟားခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေး ဂိတ်တစ်ခုကို ဖမ်းဆီးထားသည့် ဆန္ဒပြသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း မလိုက်လျောသဖြင့် ပစ်ခတ်တိုက်ခိုက်သည်။ [5]

 

မေလ () ရက် ၊ ၂၀၂၁

·         ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ၊ တနင်္သာရီတိုင်းတို့တွင် စစ်အာဏာသိမ်းမှုအပေါ် လမ်းပေါ် ထွက် ဆန္ဒပြမှုများဆက်ရှိသည်။ [6]

·         မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် နှင့် သုံးမိုင်ကျော်ဝေးသည့် မကွေး-ဂန့်ဂေါကား လမ်း ဘေးရှိ ထန်းတပင်ကျေးရွာတွင် စစ်ကေင်စီဘက်က CDM ပြုလုပ်နေသည့် ကျောင်းဆရာ များကို ကျောင်းပြန်တက်ရန် ဖိအားပေးရာကစ၍ ရွာခံများနှင့်တပ်များအကြား အပြန်အလှန်ပစ် တ်မှုစတင်သည်။[7]

 

မေလ () ရက် ၊ ၂၀၂၁

·         စစ်အာဏာသိမ်းမှုကို မည့်သို့မှ လက်မခံနိုင်ကြောင်း ရန်ကုန်မြို့ စမ်းချောင်းနှင့် ကြည့်မြင်တိုင် မြို့နယ်ကလူငယ်များစုပေါင်းပြီး အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြက်ဆန္ဒပြပွဲကုပြုလုပ် သည်[8]

 

 

 

မေလ () ရက် ၊ ၂၀၂၁

·         စစ်ကောင်စီက စာသင်ကျောင်းများကို ပြန်ဖွင့်ရန်ပြင်ဆင်နေခြင်းကြောင့် စစ်အာဏာရှင် က်အောက်အလိုမရှိသည့် ဆန္ဒပြ ကန့်ကွက်မှုများ နိုင်ငံတဝန်းကျယ်ကျယ်ပြန့်ပြန့်ပြု လုပ်သည်။[9]

·         အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ ကျောင်းများမှ နောက်ဆုံးနှစ်နှင့် ဘွဲ့ကြိုသင်တန်းများ ပြန်လည် ဖွင့်လှစ်သော်လည်း အာဏာရှင်လက်အောက်ပညာရေးကို မလိုချင်ဟုဆိုကာ ကျောင်းသားအများစု တက်ရောက်ခဲ့ခြင်းမရှိပေ။[10]

 

မေလ () ရက် ၊ ၂၀၂၁

·         MMA ကစားသမားဖိုးသော် လက်လုပ်မိုင်းလုပ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသည်။[11]

·         စစ်ကိုင်းတိုင်း၊ ကနီမြို့ ၊ ကင်းရွာအနီး ချင်းတွင်းမြစ်ထဲတွင် ဒေသခံများနှင့် စစ်ကောင်စီတပ်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားသည်။[12]

·         ထားဝယ်ဆန္ဒပြပွဲများကို ဦးဆောင်နေသည့် သပိတ်ခေါင်းဆောင်များအပါအဝင် တက္ကသိုလ် ကျောင်းသား၁၄ဦး ဖမ်းဆီးခံရသည်။[13]

 

မေလ () ရက် ၊ ၂၀၂၁

·         ရန်ကုန်၊မန္တလေး အပါအဝင်မြို့အချို့တွင် တက္ကသိုလ်များကို ပြန်ဖွင့်နေသော်လည်း တက္ကသိုလ် များတွင် ကျောင်းတက်သူ အရေအတွက်မှာ ဆယ်ဂဏန်းခန့်သာရှိ သည်။ နိုင်ငံတ ဝန်းကျောင်း မတက်ရေး ဆန္ဒပြသပိတ်များနှင့်အတူ ကျောင်းမတက်ရေးလှုပ်ရှား မှုများမှာလည်း ဆက်လက် ဖြစ်ပွားနေသည်။[14]

·         မြန်မာနိုင်ငံတဝန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆို သည့်ဆန္ဒပြပွဲများ ပုံစံအမျိုးမျိုးနှင့် ဆက်ရှိနေပြီး ရန်ကုန်က နေရာအချို့တွင် ယနေ့လျှပ်တပြက် သပိတ်၊  ပြောက်ကျားသပိတ်များရှိခဲ့သည်။[15]

 

 

 

မေလ () ရက် ၊ ၂၀၂၁

·         စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတဝန်းဆက်လက်ဖြစ်နေရာတွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်များဘက်မှ  ပစ်ခတ်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့ ခြင်းကြောင့်ဆန္ဒပြသူ တစ်ဦး ကျဆုံးပြီး ဒဏ်ရာ ရရှိသူများလည်းရှိသည်။ [16]

·         ယနေ့တွင်လည်းရန်ကုန်တိုင်း အတွင်းက မြို့နယ်အချို့ အပါအဝင် နေရာအတော်များများတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ [17]

·         ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစ၍  အဖမ်းခံနေရသည့် ဒေါ်အောင်ဆန်းစု ကြည် နှင့်အ ခြားအဖမ်းခံနေရသူများ အားလုံးလွတ်မြောက်ရေးအတွက် ပြည်ပရောက်မြန်မွာယ်ဖွားများ ပါဝင်သည့် Support the Democracy Movements in Burma အဖွဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဝါရှင်တန်ရင်ပြင်တွင် ဆုတောင်းပွဲ ပြုလုပ်သည်။[18]

 

မေလ (၁၀) ရက် ၊ ၂၀၂၁

·         ဒေသခံများနှင့် စစ်ကောင်စီတို့ အခြေအနေတင်းမာနေသည့် စစ်ကိုင်းတိုင်း ကနီးမြို့အနီးရှိ သမင်းခြံကျေးရွာတွင် စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ရွာသူ တစ်ဦးသေဆုံးသည်။ [19]

·         ဖားကန့်မြို့တွင် မှော်ပေါင်းစုံသပိတ်၊ ထားဝယ်မြို့တွင် အဖြူရောင်အင်္ကျီဝတ်ဆင်လှုပ်ရှားမှု သပိတ်၊ မုံရွာမြို့တွင် ထီးသပိတ်စသည်ဖြင့်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်သည်။[20]

·         စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့တွင် စစ်တပ်နှင့် ရဲများက ဖမ်းဆီးထားသည့် ကဗျာဆရာ ခက်သီ (အမည်ရင်း ဦးဇော်ထွန်း) ကျဆုံးသည်။[21]

 

မေလ (၁၁) ရက် ၊ ၂၀၂၁

·         စစ်တပ်က အာဏာသိမ်းခြင်း  ရက်ပေါင်း ၁၀၀ ပြည့်သည့်ယနေ့တွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ယခင်ရက်များကထက် ပိုးတိုးလာသည်။ရန်ကုန်တွင် လျှပ်တပြက်၊ ကလေးမြို့တွင် ဆု တောင်း ပွဲ၊ ထားဝယ်မြို့တွင် လမ်းလျှောက်သပိတ် စသဖြင့် လူငယ်ရာနှင့်ချီပါဝင်သည့် ဆန္ဒပြပွဲများရှိ ခဲ့သည်။[22]

·         နိုင်ငံတဝန်းနေရာအတော်များများတွင် ပေါက်ကွဲမှုများဖြစ်သည် ။ ပြည်မြို့ ဗုံးသုံးလုံးဆင့် ပေါက်ကွဲမှုတွင် ယာဉ်ထိန်းရဲ၊ စစ်သား၊ မီးသတ်တပ်ဖွဲ့ အပါအ၀င် ခြောက်ဦးဒဏ်ရာ ရရှိပြီး ဟားခါး၊ ကျိုက်ထို၊ မြောင်းမြမြို့တို့တွင်လည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည်။ [23]

·         ဖေဖော်ဝါရီ လကုန်မှ ဧပြီလကုန်အထိ သုံးလအတွင်း ပညာရေးနှင့် သက်ဆိုင်သည့်ကျောင်းသူ၊ ကျောင်းသား နှင့် ဆရာ၊ဆရာမများ အပါအဝင် စုစုပေါင်း လူ၇၀ ဦးအသတ်ခံခဲ့ရကြောင်း “ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့” UNESCO က ထုတ်ပြန်သည်။ [24]

 

မေလ (၁၂) ရက် ၊ ၂၀၂၁

·         မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ ကျေးရွာအုပ်စု တလုပ်ရွာနှင့် အနီးနားရှိ ရွာများတွင် စစ်တပ်နှင့်ဒေသခံကာကွယ်ရေး အဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားသည်။ စစ်တပ်ဘက်က ကျဆုံးသည်များရှိသလို ဒေသခံများဘက်ကလည်း ဒဏ်ရာရ၊ ဖမ်းဆီးခံရမှုများ ရှိသည်။ [25]

·         မန္တလေးမြို့က ပညာရေးသပိတ်စစ်ကြောင်း အပါအဝင် စုပေါင်းဆန္ဒပြသပိတ်ကို အိမ်စီးကား နှင့် လာရောက်ဖမ်းဆီးခဲ့မှုကြောင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ အချို့အပါအဝင် လူ၃၀ ဦးထက်မနည်း အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံရမှုရှိသည်။[26]

·         ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီတပ်များက ပစ်ခတ်ဖြိုခွဲပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေး များပါ ဖမ်းဆီးခံခဲ့ရသည်။ [27]

 

မေလ (၁၃) ရက် ၊ ၂၀၂၁

·         မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည်ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့်  နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းက ကစားသမားအချို့ နှုတ်ထွက်သည်။[28]

·         ထားဝယ်၊လောင်းလုံ၊ကော့ကရိတ်၊မိုးကောင်း၊ မော်လမြိုင်၊ ကျောက်မဲမြို့များတွင် ဆိုင်ကယ် ပိတ်၊ပြောက်ကျားသပိတ်များပြုလုပ်ခြင်းအပြင် ဒိုက်ဦး၊ ကသာ၊မြင်းခြံ၊ မတ္တရာ၊ယင်းမာပင် ၊ လက်ပတောင်းတောင်ဒေသများတွင် ရွာတွင်းသပိတ်၊ လူမဲ့သပိတ်များနှင့်စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်ရှိနေသည်။[29]

·         မန္တလေးတိုင်း မြင်းခြံခရိုင် တလုပ်မြို့ ကျေးရွာအုပ်စုတလုပ်ရွာတွင် ဒေသခံကာကွယ်ရေး အဖွဲ့နှင့် စစ်တပ်အကြားအပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် လူငယ်ခြောက်ဦးကို စစ်တပ်က ဖမ်း ဆီးသည်။ ထိုဖမ်းဆီးခံရသူများထဲမှ အသက် ၂၃ နှစ်အရွယ် နည်းပညာတက္ကသိုလ် ကျောင်း သားတစ်ဦး ကျဆုံးသည်။[30]

 

မေလ (၁၄) ရက် ၊ ၂၀၂၁

·         ရန်ကုန်မြို့တွင် ဆရာဝန်များ ဂျူတီကုတ်အဖြူဝတ်ဆင် ဆန္ဒပြခြင်း အပါအဝင် မြို့နယ်အချို့က ဆန္ဒပြပွဲများတွင် အင်အားရာချီပါဝင်ခဲ့ကြသည်။ [31]

·         စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့်မင်းတပ်မြို့နယ်တွင် ယနေ့လည်း  စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဆက်ဖြစ်သည်။[32]

 

မေလ (၁၅) ရက် ၊ ၂၀၂၁

·         ချောက်ရေနံမြေ အလုပ်သမား ၆၀၀ ကျော် ရာထူးက ရပ်နားခံလိုက်ရသည်။[33]

·         ၆၇ကြိမ်မြောက် မယ်စကြာဝဠာရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေ သည့် မသူဇာဝင့်လွင်က စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွက် ဆုတောင်း ပေးကြရန် ပန်ကြားလိုက်သည်။ [34]

 

မေလ (၁၆) ရက် ၊ ၂၀၂၁

·         ချင်းပြည်နယ်၊မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များ အကြားလွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် အပြန်အလှန်ပစ်ခတ်မှုများအတွင်း လူငယ် ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုးကား ၍ သတင်းမီဒီယာများက ဖော်ပြသည်။[35]

·         ထားဝယ်၊ မုံရွာ ၊ မန္တလေး နှင့် ရန်ကုန်တို့တွင် ပြောက်ကျားဆန္ဒပြမှုများပြုလုပ်သည်။[36]

·         စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသည့်ပြည်တွင်းက လူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် ပြည်ပရောက် မြန်မာများကလည်း အမေရိကန်၊ဥရောပနှင့် အာရှိနိုင်ငံတချို့တွင် ပုံသဏ္ဍာန်မျိုး စုံဖြင့် လှုပ်ရှားမှုများပြုလုပ်သည်။[37]

·         မြန်မာပြည်သူများအနေဖြင့် မကောင်းမှုများနှင့် ရင်ဆိုင်နေရသည့်အချိန် စိတ်ပျက်အားငယ် ခြင်း၊အချင်းချင်းသွေးကွဲခြင်းများ မဖြစ်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံ အတွက် ထူးပြုလုပ်ပေးသည့် ဆုတောင်းပွဲတွင် မိန့်ကြားသည်။[38]

 

 

မေလ (၁၇) ရက် ၊ ၂၀၂၁

·         မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို  လုံခြုံရေးတင်းကြပ်သည့် အခြေအနေကြားမှာပင် မြို့အများစုတွင် ဆက်လက်ပြုလုပ်သည်။ထားဝယ်မြို့က ဆန္ဒပြပွဲများ ကို စစ်တပ်ကဖြိုခွဲမှုအတွင်း  ငါးဦးထက်မနည်း ဖမ်းဆီးခံရသည်။[39]

 

မေလ (၁၈) ရက် ၊ ၂၀၂၁

·         စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချင်းပြည်နယ်ရှိ၊ မင်းတပ်မြို့ ကို ဝင်ရောက်စီးနင်းမှုကြောင့် မြို့ ပေါ်လူနေ အများစု ထွက်ပြေးတိမ်းရှောင်ရသည်။[40]

 

မေလ (၁၉) ရက် ၊ ၂၀၂၁

·         သပိတ်ပုံစံမျိုးစုံဆက်ရှိနေပြီး ဆန္ဒပြရန် လူစုချိန်တွင်ပင် စစ်ကောင်စီတပ်က လာရောက် ဖိုခွဲခြင်းကြောင့် အဖမ်းခံရသူများရှိသည်။ [41]

·         အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုများကြောင့် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ဝင်များ သေဆုံးမှုများရှိသည်။ [42]

 

မေလ (၂၀) ရက် ၊ ၂၀၂၁

·         ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားမှုကြောင့် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုများ မလုပ် နိုင်ခဲ့သည့် ဆန္ဒပြစစ်ကြောင်းအချို့ ယနေ့တွင် ပြန်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ဆန္ဒပြသည်။[43]

·         မြန်မာစစ်ကောင်စီအစိုးရသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ရှိသည့် မြန်မာသံရုံးက သံအရာရှိ နှစ်ဦးကို  အာဏာသိမ်းမှုကန့်ကွက် သပိတ်မှောက်သည့်အထဲတွင် ပါဝင်သည့်အတွက် ရာထူးမှ ဖယ်ရှားသည်။[44]

 

 

 

 

မေလ (၂၁) ရက် ၊ ၂၀၂၁

·         စစ်အာဏာရှင်စနစ်  ဆန့်ကျင်ဆန္ဒပြမှုများကို  ရန်ကုန်မြို့အပါအဝင် နယ်မြို့များတွင် ဆက် က်ပြုလုပ်သည်။ လုံခြုံရေးအခြေအနေကြောင့် အချိန်တိုအတွင်း  အကျဉ်းရုံးဆန္ဒပြကသည့် ပုံစံမျိုး ဖြစ်လာသည်။[45]

·         ချင်းပြည်နယ် ဖလမ်းမြို့နှင့် ကလေးမြို့ကြားက စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံကာကွယ် ရေးအဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားသည်။[46]

·         မြန်မာနိုင်ငံက အာဏာသိမ်းစစ်အုပ်ချုပ်ရေးကောင်စီအပေါ် အရေးယူဒဏ်ခတ်ပြီး အကူအညီ များ ဖြတ်တောက်ရန် မကြာခင်က မြန်မာအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာသည့် ဂျပန်သတင်းထောက် Yuki Kitazumi က ဂျပန်အစိုးရကို တောင်းဆိုသည်။ [47]

 

မေလ (၂၃) ရက် ၊ ၂၀၂၁

·         မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု လေးလခန့်ရှိပြီဖြစ်သော်လည်း စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံရမှုများလည်းရှိနေဆဲဖြစ်သည်။[48]

·         မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆိုစသည့် မြို့နယ်များတွင် စစ်ကောင်စီ တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။[49]

·         စစ်တပ်က အာဏာသိမ်းသည်ကို အကြမ်းမဖက်သည့်နည်းဖြင့် ဆန့်ကျင် ကန့်ကွက်နေ သည့် CDM လှုပ်ရှားမှုတွင် ပါဝင်သော ဆရာ၊ဆရာမ တစ်သိန်းနှစ်သောင်းကျော်ကို  စစ် ကောင်စီက ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဆရာ၊ဆရာမ များသမဂ္ဂက ထုတ်ဖော် ပြောကြားသည်။[50]

 

မေလ (၂၄) ရက် ၊ ၂၀၂၁

·         ဖေဖော်ဝါရီ ၁ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်ထဲက နေပြည်တော်ကောင်စီဝန်း ထဲတွင် အထူးတရားရုံးဖြင့် ရုံးထုတ်သည်။[51]

·         ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ဒေသခံလူငယ်များ စုဖွဲ့ထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး  စစ်တပ်ဘက်က ပစ်ခတ်မှု ကြောင့် လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာရှိ ဘုရားကျောင်းထဲ လက်နက်ကြီး ကျရောက်ခဲ့ရာ အရပ်သားလေးဦးသေဆုံးသည်။[52]

·         ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရန်ကုန်ပင်မသပိတ်စစ်ကြောင်း နှင့် မြို့နယ် ပေါင်းစုံက သပိတ်စစ်ကြောင်းများ ပူးပေါင်းပြီး အချိန်တိုအတွင်း အလျင်အမြန် ချီတက်ဆန္ဒပြ သည်။[53]

 

မေလ (၂၅) ရက် ၊ ၂၀၂၁

·         ဗုဒ္ဓဘာသာ ဓလေ့ ထုံးစံအရ ညောင်ရေသွန်းပွဲတော် ကျင်းပသည့်နေ့တွင် ဆန္ဒပြသူများက ညောင်ရေသွန်းပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ်သည်။[54]

·         ရန်ကုန်မြို့အတော်များများတွင် ဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရမှုများရှိသည်။[55]

 

မေလ (၂၆) ရက် ၊ ၂၀၂၁

·         ရန်ကုန်တက္ကသိုလ်က ဆရာ၊ဆရာမ ၃၀၀ ကျော်ကို ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြေညာချက်တစောင် ထွက်ရှိလာသည်။[56]

·         စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်ကောင်စီက အကြမ်းဖက်နှိပ်ကွပ်နေသော်လည်း ရန်ကုန်မြို့အပါအဝင် အခြားဒေသများတွင် ဆန္ဒပြမှုများ ဆက်ရှိနေသည်။[57]

 

မေလ (၂၇) ရက် ၊ ၂၀၂၁

·         စစ်တပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒီမောဆို မြို့တွင် ယနေ့လည်းတိုက်ခိုက်မှုများ ဆက်ဖြစ်သည်။[58]

·         ရန်ကုန်မြို့ နေရာအများအပြားတွင် ဗုံးပေါက်ကွဲမှုများ ရှိသည့်အတွက် ဆန္ဒပြသပိတ်စစ် ကြောင်းများ မထွက်နိုင်သော်လည်း ရပ်ကွက်အလိုက် မြို့နယ်အလိုက်လုပ်ကြသည့် စစ်အာ ဏာ ရှင်ဆန့်ကျင်ရေး သပိတ်များက ဆက်ရှိသည်။[59]

·         စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ တောင်ဇင်းကျေးရွာတွင်  စစ်ကောင်စီတပ်များနှင့် PDF တပ်ဖွဲ့တို့ ပစ်ခတ်မှုများဖြစ်သည်။[60]

 

မေလ (၂၈) ရက် ၊ ၂၀၂၁

·         စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေကြသည့် ပြည်သူများက ရသည့်နည်းဖြင့် ဆက်လက် ဆန္ဒပြ နရာတွင် လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့အပါအ၀င် မြို့ကြီးများမှ လူငယ်အချို့က အိမ်တွင်း သပိတ်ပြုလုပ်သည်။[61]

·         မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ယင်းလှရွာအနီးတွင် အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားသူ ကျောင်းဆရာများကို စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးသည့်အတွက် ကျေးရွာလုံခြုံရေးအဖွဲ့နှင့် ပစ်ခတ်မှုများ ဖြစ်ပွားသည်။[62]

·         မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများကြောင့်အရပ်သား သေဆုံးမှုများရှိသည်။ တိုက်ပွဲများ ပြင်းထန်နေသည့် ကယားပြည်နယ်က ဒေသအချို့တွင်လည်း ဖုန်းလိုင်းနှင့်လျှပ်စစ် မီးများ ဖြတ်တောက်ခံရသည်။[63]

 

မေလ (၂၉) ရက် ၊ ၂၀၂၁

·         စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် သားဖြစ်သူကို လာရောက်ဖမ်း ဆီးချိန်တွင် မတွေ့သဖြင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွားခဲ့ပြီး ထောင် သုံးနှစ်ချလိုက်သည်။[64]

·         သေဆုံးမှု၊ ပေါက်ကွဲမှုများ ရှိနေသည့်ကြားကပင် နိုင်ငံတဝန်းစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပုံစံအမျိုးမျိုးဖြင့် ဆက်ရှိသည်။တန့်ဆည်မြို့၊ ကလေးမြို့ ၊မုံရွာမြို့၊ မန္တလေးမြို့၊ ဖားကန့်မြို့၊ ပျဉ်းမနားမြို့နယ်၊မော်လမြိုင်မြို့၊ ကောလင်းမြို့ ၊ရေးနံချောင်းမြို့နယ် နှင့် ထားဝယ်  မြို့တို့တွင် စစ်အာဏာာရှင်ဆန့်ကျင်ရေးအတွက် သပိတ်ပုံစံမျိုးစုံပြုလုပ်၍ ဆန္ဒထုတ် ဖော်ကြသည်။[65]

·         မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းချိန်ကစ၍  အနည်းဆုံး လူပေါင်း တစ်သိန်းနှစ်သောင်းကျော် အိုးအိမ်မဲ့ စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး( UNHCR)  က ပြောကြားသည်။[66]

မေလ (၃၀) ရက် ၊ ၂၀၂၁

·         စစ်အာဏာသိမ်းကာလ လေးလနီးပါးအတွင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသည့်  အပြစ်မဲ့ ပြည်သူအရေအတွက် ၈၃၇ ဦးရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က သတင်း ထုတ်ပြန်သည်။နွေဦးတော်လှန်ရေးကာလအတွင်းပြည်သူငါးထောင်ကျော်ဖမ်းဆီးခံခဲ့ရကြောင်းလည်း ဖော်ပြသည်။[67]

·         မွန်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနက အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်ထားသည့် ဝန်ထမ်း ၁၀၉ ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။[68]

 

မေလ (၃၁) ရက် ၊ ၂၀၂၁

·         CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများကို အလုပ်ထုတ်မှုများရှိပြီ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်  ပညာရေးဝန်ထမ်း ၁၉၉ ဦး အလုပ်ထုတ်ခံရသည်။[69]

·         တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ရှမ်းပြည်နယ်  စသည့် တိုင်းနှင့်ပြည်နယ်များတွင်  ကျေးလက်နေ ပြည်သူများက ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သည်။ [70]

 

 

 

 

 

 

 

 

 

 

 

 

 

 

 



[1] https://burmese.voanews.com/a/myanmar-anti-coup-protests/5874327.html

[2] https://burmese.voanews.com/a/myitkyina-cdm-movement-arrested/5874313.html

[3] https://burmese.voanews.com/a/media-persons-and-social-workers-in-chin-arrested-by-military-councial/5873670.html

[4] https://www.bbc.com/burmese/burma-56965562

[5] https://burmese.voanews.com/a/chin-defence-force-and-military-council-troop-clashes-firing/5875989.html

[6] https://burmese.voanews.com/a/protest-against-military-coup-on-going-after-3-month/5875939.html

[7] https://burmese.voanews.com/a/magway-attack/5877770.html

[8] https://burmese.voanews.com/a/myanmar-military-coup-protest-in-yangon/5877537.html

[9] https://burmese.voanews.com/a/myanmar-military-coup-protest/5878971.html

[10] https://www.rfa.org/burmese/news/students-will-not-attend-university-opened-by-military-coup-05042021184406.html

[11] https://burmese.voanews.com/a/mma-phoe-thaw-arrested/5880299.html

[12] https://burmese.voanews.com/a/sagaing-tatmataw-attack/5880576.html

[13] https://www.rfa.org/burmese/news/dawei-protest-leader-arrested-myanmar-military-coup-05292021093850.html

[14] https://burmese.voanews.com/a/myanmar-universities-cdm/5883194.html

[15] https://burmese.voanews.com/a/myanmar-anti-coup-protests/5883098.html

[16] https://burmese.voanews.com/a/protester-shot-dead-in-myinmu/5883904.html

[17] https://burmese.voanews.com/a/myanmar-anti-coup-protests/5883884.html

[18] https://burmese.voanews.com/a/protests-free-daw-aung-san-suu-kyi/5884133.html

[19] https://burmese.voanews.com/a/sagaing-ka-ni/5884974.html

[20] https://burmese.voanews.com/a/myanmar-military-coup-protest-myint-kyan-and-ta-muu/5884866.html

[21] https://burmese.voanews.com/a/myanmar-poet-khet-thi-died/5884505.html

[22] https://burmese.voanews.com/a/myanmar-military-coup-protest/5886199.html

[23] https://burmese.voanews.com/a/myanmar-military-coup-and-explosion/5887778.html

[24] https://www.rfa.org/burmese/news/military-killed-at-least-70-teachers-05112021083513.html

[25] https://burmese.voanews.com/a/myin-gyan-myanmar-military-coup/5887801.html

[26] https://burmese.voanews.com/a/mdy-myanmar-military-coup-protester/5887711.html

[27] https://www.rfa.org/burmese/news/women-and-children-got-arrested-by-military-soldiers-in-loikaw-05122021132251.html

[28] https://burmese.voanews.com/a/myanmar-football-coup/5889079.html

[29] https://burmese.voanews.com/a/myanmar-military-coup-protest/5889192.html

[30] https://burmese.voanews.com/a/myin-gyan-ta-lote-myanmar-military-coup/5889329.html

[31] https://burmese.voanews.com/a/myanmar-on-going-protest-against-military-coup/5890653.html

[32] https://burmese.voanews.com/a/mindat-chin-military-council-chin-pdf-cdf/5890519.html

[33] https://burmese.voanews.com/a/chauk-moge-cdm/5891744.html

[34] https://burmese.voanews.com/a/miss-universe-contest-pray-for-Myanmar-thuzar-wintlwin-/5891169.html

[35] https://burmese.voanews.com/a/mindat-crackdown/5892486.html

[36] https://burmese.voanews.com/a/myanmar-anti-coup-protests/5892443.html

[37] https://burmese.voanews.com/a/anti-coup-protests-exile-myanmar/5892294.html

[38] https://burmese.voanews.com/a/pope-francis-pray-for-myanmar/5892522.html

[39] https://burmese.voanews.com/a/myanmar-military-coup-protest/5893365.html

[40] https://www.bbc.com/burmese/burma-57149149

[41] https://burmese.voanews.com/a/myanmar-military-coup-protest/5896331.html

[42] https://burmese.voanews.com/a/myanmar-military-coup-protest/5896331.html

[43] https://www.bbc.com/burmese/media-57192552

[44] https://burmese.voanews.com/a/cdm-japan-myanmar-2-dilomat-/5897514.html

[45] https://burmese.voanews.com/a/peoples-protest-against-are-continuously/5899553.html

[46] https://burmese.voanews.com/a/chin-defence-force-cdf-ambush-military-council-troop/5899482.html

[47] https://burmese.voanews.com/a/freed-japan-reporter-calls-on-tokyo-to-take-action-against-myanmar-junta/5899140.html

[48] https://burmese.voanews.com/a/myanmar-anti-coup-protests/5901118.html

[49] https://burmese.voanews.com/a/myanmar-army-pdf-fighting-in-kayah-shan/5901089.html

[50] https://burmese.voanews.com/a/teachers-suspended-for-cdm/5901081.html

[51] https://www.bbc.com/burmese/media-57233954

[52] https://burmese.voanews.com/a/loikaw-kayah-fighting-between-pdf-and-military-council-troop/5902251.html

[53] https://burmese.voanews.com/a/yangon-protest-against-military-council-continuously/5902062.html

[54] https://burmese.voanews.com/a/kasong-water-pot-protest-against-military-coup/5903853.html

[55] https://burmese.voanews.com/a/bomb-blast-several-places-in-yangon/5903710.html

[56] https://burmese.voanews.com/a/university-teachers-expel/5905190.html

[57] https://burmese.voanews.com/a/peoples-from-musel-who-help-war-refugee-arrested-by-police/5905040.html

[58] https://burmese.voanews.com/a/kayah-fighting-between-kpdf-and-military-council-troop/5906453.html

[59] https://burmese.voanews.com/a/peoples-protest-against-military-coup-in-yangon-other-cities/5906368.html

[60] https://burmese.voanews.com/a/myanmar-military-clash-in-sagaing-region/5906168.html

[61] https://burmese.voanews.com/a/what-is-happening-in-myanmar-coup-protest/5908209.html

[62] https://burmese.voanews.com/a/gangaw-magwe-military-coup-killed-3-villagers-what-is-happening-in-myanmar/5908120.html

[63] https://www.bbc.com/burmese/media-57288118

[64] https://burmese.voanews.com/a/a-mother-of-two-activists-got-sentence-for-3-years-/5908473.html

[65] https://burmese.voanews.com/a/myanmar-protests-wrap/5909139.html

[66] https://burmese.dvb.no/archives/466947

[67] https://burmese.dvb.no/archives/466906

[68] https://burmese.dvb.no/archives/466973

[69] https://burmese.dvb.no/archives/467092

[70] https://burmese.dvb.no/archives/467174

Download PDF