• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

(အောက်ပါ အချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကို ကိုးကားပြုစုထားခြင်းဖြစ်ပါသည်။)

 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုသည် ရက်ပေါင်း ၁၅ဝကျော်လာပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ဇွန်လ ကုန်တွင် စစ်ကောင်စီက အာဏာသိမ်းမှု ငါးလပြည့်ခဲ့ပြီး ထိုကာလအတွင်း  နိုင်ငံတဝန်းတွင် ပေါက်ကွဲ မှုများ ၊ဒေသခံ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ ကြားမှ တိုက်ပွဲများ နှင့်အတူ နိုင်ငံရေး မတည်မငြိမ်မှုများလည်း ပို၍တိုးလာခဲ့သည်။ထို့ပြင် အထက်ပါ အခြေအနေများနှင့်အတူ Covid -19 ကပ်ရောဂါသည် လူထုအား တစတစ ခြိမ်းခြောက်လာနေသည်။မိုဘိုင်းဒေတာ များကိုလည်း ပြည်သူ များက အကန့်အသတ်နှင့် သုံးစွဲနေရဆဲဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝန်း အခြေအနေများအနက် ထူးခြားသည်များကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိပါသည်။

 

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              ယနေ့တွင် အခြေခံ ပညာကျောင်းများ ပြန်ဖွင့်ခြင်းကြောင့် ဆန္ဒပြ ပြည်သူများက စစ်အာဏာရှင် လက်အောက်တွင်  ကျောင်းမတက်ကြရန် နှိုးဆော် ဆန္ဒပြမှုများနှင့်ဟောပြောမှုများ ပြုလုပ်သည်။ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးဖြိုခွဲမှုကြားကပင် နေ့စဉ် ဆန္ဒပြနေကြသည့် မန္တလေး၊ စစ်ကိုင်း၊ လောင်းလုံမြို့များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်ရှိနေပြီး ဖျာပုံ၊ မတ္တရာ၊ မိုးကောင်းနှင့်လက်ပံတောင်းတောင် ဒေသက ကျေးရွာများတွင် ကျောင်းမတက်ရေး ဆန္ဒပြလှုပ်ရှား မှုများ ပြုလုပ်ခဲ့ကြသည်။ မုံရွာမြို့ တဘက်ခြမ်းတွင် ရွာပေါင်းစုံက လူအင်အားထောင်ချီဖြင့် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြသည်။

•              ကယားပြည်နယ် ဒီမော့ဆို မြို့တွင် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ခိုက်  မှုများရှိသည်။ပစ်ခတ်မှုများကြောင့် အရပ်သားတစ်ဦးသေဆုံးသည်။

•              ဖေဖော်ဝါရီလ ၁ရက်ကဖမ်းဆီးခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့၏ လုံခြုံရေးကို စိုးရိမ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန် သည်။

•              အာဆီယံအသင်း၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ နှစ်ဦး မြန်မာနိုင်ငံသို့ရောက်လာရန် ရှိသည်ဟု မျှော်လင့်ရခြင်းကြောင့် မြန်မာနိုင်ငံ နှင့် ပတ်သက်၍ အာဆီယံအသင်း၏ ဘုံသဘောတူညီချက်ငါးခုကို မြန်မာစစ်ကောင်စီက လိုက်နာဆောင်ရွက်အောင် တွန်းအားပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ APHR က တိုက်တွန်းသည်။ 

 

ဇွန်လ () ရက်  ၊၂၀၂၁

 

•              ကယားပြည်နယ် ဒီးမော့ဆို မြို့အား အာဏာသိမ်းစစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာ ရသည်။

•              ပဲခူးတိုင်းအနောက်ခြမ်း ဥသျှစ်ပင်မြို့မှာနေထိုင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းဦး၏ နေအိမ်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဇွန်လ ရက် မနေ့မနက်ပိုင်းက ဝင်ရောက်ရှာ ဖွေဖမ်းဆီးချိန် ကာယကံ ရှင်ကို မတွေ့တာကြောင့် မိခင်ဖြစ်သူနဲ့ ဇနီးဖြစ်သူကို ဖမ်းစီးသွားသည်။

•              ရန်ကုန်၊မန္တလေးအပါအဝင် နိုင်ငံတဝန်း မြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု များဆက်လက်ပြုလုပ်သည်။

•              စစ်ကိုင်းတိုင်းကနီ၊ တန့်ဆည်မြို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ

အကြား အပြန်အလှန် တိုက်ခိုက်မှုများရှိသည်။ 

•              မြိတ်မြို့ခံ သတင်းထောက်နှစ်ဦး ထောင်ဒဏ် နှစ်နှစ်စီ ကျခံရသည်။

•              မိုးဗြဲမြို့တွင် ဒေသခံအရပ်သားနှစ်ဦးကို စစ်ကောင်စီက တစုံတရာမေးမြန်းခြင်းမပြုဘဲ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရသည်။

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိုင်ကယ် စီးနင်းလာ သည့် လမ်းသွားလမ်းလာပြည်သူတစ်ဦးသေဆုံးသည်။

•              ချင်းပြည်နယ်နှင့် ဆက်စပ်နေသည့် မကွေးတိုင်း၊ ကျောက်ထုနှင့်ထီးလင်းမြို့ကြားက ရွှေအောင်သာ ကျေးရွာတွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးသည်။

•              ရန်ကုန်၊မန္တလေးအပါအဝင် နိုင်ငံတဝန်း မြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော် မှုများဆက်လက်ပြုလုပ်သည်။ ပျောက်ကြားသပိတ်၊ လူမဲ့ သပိတ်၊ ဆိုင်ကယ်သပိတ် ဆန္ဒပြမှုများကို အများစု ပြုလုပ်၍ ဆန္ဒထုတ်ဖော်သည်။

ဇွန်လ () ရက် ၊၂၀၂၁

 

•              ချင်းပြည်နယ် နှင့် မကွေးတိုင်း နယ်စပ်တွင်ရှိသည့် ရွှေအောင်သာရွာပတ်ဝန်းကျင်တွင် မင်းတပ် ပြည်သူ့ ကာကွယ်ရေး တပ်နှင့်  စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုရှိသည်။  

•              ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးသည်။

•              အမျိုးသားညီညွတ်ရေး အစိုးရ NUG က အွန်လို်င်းဗီဒီယိုက တဆင့်  သတင်းစာရှင်းလင်းပွဲပြုလုပ်သည့်  ညနေငါးနာရီတွင် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်သည်။ 

•              စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဒေသခံ လူငယ် ၁၂ ဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခေါ်ဆောင်မှု ခံရသည်။

•              မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့်ဖေဖော်ဝါရီ ရက်နေ့မှ အခုလအထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဆရာတော်၊ သံဃာတော် စုစုပေါင်း ၁၈ ပါး ရှိကြောင်း သံဃာတော်များအရေးနှင့် ပတ် သက်၍ စာရင်းပြုစုသည့် ဓမ္မနဲ့ငြိမ်းချမ်းရေး လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြသည်။

 

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာတွင် ဒေသခံ အရပ်သားများနှင့်  စစ်ကောင်စီ တပ်တို့ အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားရာ ကျေးရွာသား ငါးဦးထက်နည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသည်။

•              ရွှေညောင်မြို့ တွင် လူငယ်နှစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခံရမှုကြောင့်ကျဆုံးသည်။

•              မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှ  ရဲတပ်သားတစ်ဦး CDM စတင်ပြုလုပ်သည်။

•              ချင်းပြည်နယ် ဟားခါးမြို့ နေအိမ် တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့်် လူငယ်သုံးဦးသေဆုံးသည်။

•              စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီ တပ်သားများ ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်ဝန်းကျင်အရွယ် ရွာခံအမျိုးသမီးတစ်ဦး သေဆုံးသည်။

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              မန္တလေးမြို့၊ မင်းကြီးရန်နောင်လမ်း၊ ၄၆ လမ်းနဲ့ ၄၇ လမ်းကြားတွင် စစ်တပ်က ကားဖြင့် ဝင်တိုက်ခြင်းကြောင့် လူငယ် နှစ်ဦး သေဆုံးသည်။

•              ကယားပြည်နယ် ဒီးမော့ဆို နှင့် ရှမး်ပြည်နယ် မိုးဗြဲမြို့များတွင် စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုး  သားကာကွယ်ရေးတပ် ( KNDF ) တို့  တိုက်ပွဲပြင်းထန်နေသည်။

•              ရန်ကုန်တွင်  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို လူငယ်များက ဦးဆောင်၍ ပြုလုပ် သည်။

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရပ်ကျေးအဆင့် NLD ပါတီဝင်များကို စစ်ကောင်စီက စတင်ဖမ်းဆီးသည်။ 

•              မြေပြန့်ဒေသ၊ စစ်ကိုင်းတို်င်းက မြို့နယ်အချို့တွင် စစ်တပ်က ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ရှောင်တိမ်းရသည့် ရွာများရှိသည်။

•              အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ်မြောက်အဖြစ် နေပြည်တော်တွင် လူကိုယ် တိုင် ရုံးထုတ်သည်။

•              နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်များက  စစ်ကောင်စီကို တောင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ရက်နေ့စစ်အာဏာသိမ်းမှု အပြီး ဖြစ်ပေါ်နေသော ဖရိုဖရဲအခြေအနေများအဆုံးသတ်ရေး ဒေသတွင်း  ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့ကြောင်း ASEAN က ထုတ်ပြန်ကြေညာသည်။

•              ရန်ကုန်မြို့ သာကေတ မြို့နယ်တွင်  ရဲနှစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသည်။

•              ကယားပြည်နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများဆက်ရှိ သည်။

•              အာဏာသိမ်းစစ်ကောင်စီကို  အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာသည်။

•              မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို  စစ်ကောင်စီက အလုပ်ကြမ်း နှင့် ထောင်ဒဏ် () နှစ် ချမှတ်သည်။

•              မွန်အမျိုးသမီး နိုင်ငံရေးသမားတစ်ဦး လုပ်ကြံခံရသည်။

•              စစ်တပ်လက်ချက်ကြောင့် လက်တစ်ဖက်ပြတ်ပြီး မျက်လုံးတဖက် ခွဲစိတ်ကုသရန် လိုအပ်နေသည့် ကိုလျှံဖြိုးအောင်ကို မကွေးထောင်သို့ ပို့ဆောင်လိုက်သည်။ 

 

 

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ထဲမှ ရွာများတွင် စစ်ကြောင်းများ ဝင်လိုက်၊ထွက်လိုက် ရှိနေကာ ဒေသခံ ကာကွယ်ရေးတပ်များနှင့် အပြန်အလှန် ပစ်ခတ်မှုများရှိသည်။

•              အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ပါတီမှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်၊ မကွေးတိုင်း ဝန်ကြီးချုပ် တာ ဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ အောင်မိုးညိုကို ပုဒ်မ ၅၀၅()ဖြင့် မကွေးမြို့ အကျဉ်းထောင်ရှိ အထူးတရားရုံးက အလုပ် နှင့် ထောင်ဒဏ် နှစ် ချမှတ်လိုက်သည်။

•              စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာက ဆန္ဒပြ လူငယ်တစ်ဦးနှင့် အသက် ငါးဆယ်ကျော် အမျိုးသားနှစ်ဦးကို  စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးသည်။

•              ရန်ကုန်တွင် အာဏာရှင်ဆန့်ကျင် ဆန္ဒပြသည့်လူငယ် နှစ်ဦး  ဖမ်းဆီးခံရသည်။

•              ယင်းမာပင်- ဆားလင်းကြီး ဒေသက ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ရက် ၉ဝပြည့် သပိတ်နှင့် ဆုတောင်းပွဲ ပြုလုပ်သည်။

•              စစ်ကိုင်းတိုင်း၊ ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမိုးသီးဇွန် ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။

 

ဇွန်လ () ရက် ၊၂၀၂၁

 

•              ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာ၊ တိုက်အမှတ်(B-5) တွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ်များအနက် ၁၃ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် အင်းစိန်ထောင်အတွင်း၊ အထူး တရားရုံးတွင် တရားစွဲတင်သည်။

•              အာဏာရှင်ဆန့်ကျင်ရေးတွင် ကချင်တိုင်းရင်းသားများ ဆက်လက်ပါဝင်ရန် NUG ဒုသမ္မတ   ဒူဝါလရှီးက တိုက်တွန်းသည်။

•              နိုင်ငံတဝန်း မြို့နယ်အချို့တွင် လူငါးဦးထက် ပို မစုရန် နှင့် ညမထွက်ရ အမိန့် အချိန်ပြောင်းလဲမှုများ ပြုလုပ်သည်။

•              စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယရေး တပ်တို့ မုံရွာမြို့အနီးတွင် တိုက်ပွဲဖြစ်ပွားသည်။

•              ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် လူငါးဦးထက် ပိုမစုရ အမိန့်ကြောင့် ဒေသခံ ပြည်သူများက မြို့ပြင် လယ်ကွင်းပေါ်တွင် စစ်အာဏာရင် အပြီးတိုင် ပြုတ်ကျရေးအတွက် ဆန္ဒပြခ့ကြသည်။

•              လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အိမ်တွင် အိပ်နေ သည့်လူငယ်တစ်ဦး သေဆုံးသည်။

 

ဇွန်လ (၁၀) ရက် ၊၂၀၂၁

 

•              ရန်ကုန်မြို့တွင် အခြေစိုက်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  ( SNLD) ကျားခေါင်းပါတီ ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဝင်ရောက်စစ်ဆေး မေးမြန်းကြောင်း ပါတီခေါင်းဆောင်အချို့ကပြော သည်။

•              စစ်ကောင်စီက ပြန်ဖွင့်သည့် ကျောင်းများတွင် ကျောင်းသား ကျောင်းသူ ၈၀ ရာခိုင်နှုန်း လာရောက် တက်ရောက်ခြင်းမရှိပေ။

•              မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် စစ်ကောင်စီတပ်များက ဓာတ်ပုံ ဆရာတစ်ဦးက ဖမ်းဆီးသည်။

•              ဖမ်းဆီးထားသည့် အရပ်သား ၆၀၀ ကျော်ကို  အကြမ်းဖက်သမားများအဖြစ် စစ်ကေင်စီက စွပ်စွဲသည်။ 

•              စစ်ကိုင်းတို်င်း၊ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာတွင် သပိတ်ခေါင်းဆာင် အပါအဝင် သုံးဦး ဖမ်းဆီး ခံရသည်။

•              စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံထားရသော ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးသူ ဒါရိုက်တာ မအိမ့်ကိုိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များနှင့် ရုပ်ရှင်အဖွဲ့အစည်းများက တောင်းဆို သည်။

•              နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်လေးဦးကို အဂတိလိုက်စားမှု တိုက်  ဖျက်ရေး ဥပဒေဖြင့် စစ်ကောင်စီက အမှုဖွင့်သည်။

 

ဇွန်လ (၁၁) ရက် ၊၂၀၂၁

•              မန္တလေးတိုင်း၊  ဧရာဝတီတိုင်း မကွေးတိုင်း ကရင်ပြည်နယ် ဘားအံမြို့ တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားသည်။မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားမှု ရက်ပေါင်း ၁၃ဝကျော်ရှိနေပြီ ဖြစ်သော်လည်း နိုင်ငံတဝန်းတွင် ပေါက်ကွဲမှုများ၊ ဒေသကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများလည်း ရှိသည်။

•              ရန်ကုန်တိုင်းအတွင်း CDM လုပ်နေသည့်  “စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ဝန်ထမ်း ၄၅ ယောက်ကို ဦးဆောင်ညွှန်ကြားရေးမှူး လတ်မှတ်ဖြင့် အလုပ် ဖြုတ်လိုက်သည်။

•              စစ်တပ်က အာဏာာသိမ်းပြီး လေးလကျော် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ စစ်ကြောရေးတွင် ပြင်းထန်သည့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် သေဆုံးခဲ့သူ ၂၂ ဦး အထိရှိနေ ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်သည်။ 

•              ထမီပေါ်တွင် စစ်အာဏာရှင်များ၏ ဓာတ်ပုံများ ကပ်၍ ဆန္ဒထုတ်ဖော်သည့် သပိတ်ကို  တနင်္သာရီတို်င်း လောင်းလုံမြို့နှင့်ထားဝယ်မြို့ရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်သည်။

•              အဖမ်းအဆီးများ ရှိနေသည့် ကြားမှ ရန်ကုန်လူငယ်များက သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သည်။

 

ဇွန်လ (၁၂) ရက် ၊၂၀၂၁

 

•              ဗြိတိန်နိုင်ငံတွင်  ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ( G7) ခုနစ်နိုင်ငံက ခေါင်းဆောင်များ အစည်းအဝေးလုပ် နေသည့် တချိန်တည်းတွင်  ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း စစ်အာဏာသိမ်းမှု ကိုဆန့်ကျင်  ကန့်ကွက်ကြောင်း ရောက်ရာနိုင်ငံများတွင် ဆန္ဒပြသည်။

•              တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကျေးအလုပ် အမှုဆောင် ဦးထွန်းသန်းကို စစ်ကောင်စီက လာရောက်ဖမ်းဆီးရာ ဦးထွန်းသန်း အိမ်တွင်မရှိသဖြင့်  ဇနီး၊ သမီးနဲ့ အစ်ကိုဖြစ်သူတို့ကို ဖမ်းခေါ်သွားသည်။

•              အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်နေသည့်  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို ဇွန် ၁၀ ရက်က ဖမ်းဆီး လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

 

ဇွန်လ (၁၃) ရက် ၊၂၀၂၁

 

•              မန္တလေးတိုင်း  ချမ်းမြသာစည်မြို့နယ်ရှိ NLD တိုင်း    ရုံးခန်း ဗုံးခွဲခံရပြီး၊ တိုင်းရုံးခန်းဖျက်စီးခံရသည်။

•              မန္တလေးတိုင်း၊ တောင်သာမြို့တွင် စစ်ကောင်စီ သတင်းပေး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် အပစ်ခံရ သည်ကို  သံသယရှိသည်ဆိုကာ ဖမ်းဆီးစစ်ဆေးခံရသူတစ်ဦး စစ်ကြောရေးတွင် သေဆုံးသည်။

•              ကချင်ပြည်နယ်၊ ရန်ကုန်တို်င်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ရှိ မြို့နယ်အချို့တွင် စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်မှုများဆက်လက်ပြုလုပ်သည်။ လက်ကမ်းစာစောင်ဖြန့်ဝေသည့် ကမ်ပိန်း၊ အာရုဏ်ဦး သပိတ်များကိုလည်း ပြုလုပ်ခဲ့ကြသည်။ 

•              ပုဒ်မ ၁၄၄ ထုတ်ထားသည့် တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် ပြည်သူများက ဆက်လက် ဆန္ဒပြသည်။ 

 

 

ဇွန်လ (၁၄) ရက် ၊၂၀၂၁

 

•              မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစ၍  စစ်တပ်နှင့် ရဲကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၈၆ဝကျော်ရှိနေသလို  အဖမ်းခံရသူ ၄၈၀၀ ကျော်ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောကြားသည်။

•              စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ်ပြီး Public Health Team အဖြစ် ဆောင်ရွက်နေ ဟုဆိုကာ ဒေါက်တာ ထားထားလင်း အပါအဝင် ဆရာဝန်၂၇ ဦး၏ အမည်၊ ရာထူးနှင့် ဓာတ်ပုံများဖော်ပြခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇() တို့ဖြင့် အရေးယူမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။

•              ရန်ကုန်၊မန္တလေး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း တို့ ရှိ မြို့အတော်များများတွင်  စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်ပြီး သပိတ်စုံ သူပုန်ထ ဆိုသည့် စာတမ်းများကို အများဆုံး ပါဝင် ဆန္ဒပြကြသည်။

•              မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်းမှ  ဆရာတော် ဦးဇဝနကို  ဖုန်းဖြင့် ဆက်သွယ်ကာ လိမ်ညာခေါ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးသည်။ 

•              “လိင်အကြမ်းဖက်ချက်ချင်းရပ်၊ မုဒိမ်းစစ်တပ် အမြစ်ဖြတ်အမည်နှင့် ကမ်ပိန်းတစ်ရပ်ကို နိုင်ငံတဝန်း ကျင်းပသည်။

•              မန္တလေးမြို့တွင် ဆန္ဒပြရန်လူစုနေသည့်လူငယ်များကို စစ်ကောင်စီဘက်က ကားများနှင့် တိုက်ပြီး ဖမ်းသည့်အတွက် သွေးထွက်သံယို ရကြကာ အနည်းဆုံး ခြောက်ဦး အဖမ်းခံရသည်။

 

ဇွန်လ (၁၅) ရက် ၊၂၀၂၁

 

•              ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ကမ်းနားလမ်း သီရိမင်္ဂလာစျေးဟောင်းနားတွင် အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်သည့် မြို့နယ်ပေါင်းစုံပျောက်ကြားဆန္ဒပြပွဲကို စစ်တပ်နှင့် ရဲက ဖြိုခွင်းခဲ့ခြင်းကြောင့် ဆန္ဒပြသူ လေးဦးထက်မနည်း ဖမ်းဆီးခံရသည်။

•              နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆိုထားသည့် အမှုများထဲမှ  သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့နှင့် တတွဲထဲ အမှုဖြစ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေချိုးဖောက်မှု နှင့် အများပြည်သူတည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်မှု အမှုတို့ကို စစ်ဆေးသည်။

•              စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ အနီးတွင် စစ်ကောင်စီတပ်များနှင့် မင်းကင်းမြို့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားသည်။ဒီပဲယင်းမြို့နယ် ညောင်လှကျေးရွာတွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေခဲ့ပြီး ရွာသား တစ်ဦးဖမ်းဆီးခံရသည်။

•              မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ယွန်းလျှပ်စစ်ပစ္စည်းဆိုင်မှ စစ်တပ်သတင်းပေး ဒလန်အမျိုးသမီး ဆိုသူ အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသား ဦး စစ် ကြောရေးတွင် ညတွင်းချင်း သေဆုံးသွားသည်။

•              မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကွမ်းစိုက်ရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါတီ (NLD) အမာ ခံထောက်ခံသူ ရွာသား ဦး စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၂၄ နာရီ အတွင်း စစ်ကြောရေး၌ သေဆုံးသည်။

 

ဇွန်လ (၁၆) ရက် ၊၂၀၂၁

 

•              စစ်အာဏာသိမ်းပြီးနောက်ပိုင်း  အုပ်ချုပ်ရေးတာဝန်ရှိသူအချို့နှင့် သတင်းပေးအဖြစ်ေ ကျာ်ဇောသူအချို့  ဆက်တိုက်ဆိုသလို လုပ်ကြံခံနေရသည်။ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် သန်လျင်မြို့ ကျောက်တန်းမြို့နယ်မှ စစ်ကောင်စီ လက်ထက်တွင် ပညာရေးမှူးဖြစ်လာသည့် ကျောက်တန်းမြို့နယ် ပညာရေးမှူး တစ်ဦး ယနေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

•              မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကွမ်းစိုက်ရွာတွင် USDP ပါတီဝင်တစ်ဦးအား အမည်မသိ လူနှစ်ဦးက ဓားနဲ့ခုတ်၍ လုပ်ကြံရန် ကြိုးစားသည်ကို အကြောင်းပြု၍ ဖမ်းဆီးခံရသည့် ရွာသား ၃၈ ဦးထဲမှ နှစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည််။

•              မြန်မာပြည်၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍  တွေ့ဆုံဆွေးနွေးရန်အတွက် ထိုင်းနိုင်ငံအစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကမ်းလှမ်းသည်။

               

ဇွန်လ (၁၇) ရက် ၊၂၀၂၁

 

•              မြန်မာနိုင်ငံတွင် တည်ငြိမ်ရေး ငြိမ်းချမ်းရေး နှင့်  ဒီမိုကရေစီ မြန်မြန်ဆန်ဆန်  ပြန်လည်ရှင်သန်ဖို့ လိုအပ်နေကြောင်း  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး က ထုတ်ဖော်ပြောကြားသည်။

•              မြန်မာစစ်တပ်ကို ကာကွယ်ပေးရာ ရောက်သည့် လုပ်ရပ်များကို  ရပ်ဆိုင်းရန် အာဆီယံကို Amnesty International က ကြေညာချက် ထုတ်ပြန်သည်။

•              မြန်မာနိုင်ငံတွင် မကြာသေးမီ ကာလအတွင်း  ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် နိုင်ငံအတွင်း က လူ့အခွင့်အရေးအခြေအနေ သိသိသာသာ ကျဆင်းသွားသည့်အပေါ် စိုးရိမ်ပူပန်ကြောင်း ကုလ သမဂ္ဂ မြန်မာဌာနေရုံးက ထုတ်ပြန်သည်။ 

•              အာဏာသိမ််းပြီးနောက်ပိုင်း စစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ် ထားတိုက်ခိုက်တာတွေ ဖြစ်နေရာ ယနေ့တွင်လည်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတယောက်အပါအဝင် မြို့နယ်တချို့က အုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ပစ်ခတ် ခံရ သည်။

 

ဇွန်လ (၁၈) ရက် ၊၂၀၂၁

 

•              ရန်ကုန်မြို့မှာ ဒီကနေ့ သုံးနေရာထက်မနည်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်မှုတွေလည်းရှိသည်။ 

•              မြင်းခြံမြို့တွင်လည်း ယာဉ်ထိန်းရဲတဦး သေနတ်နဲ့ ပစ်သတ်ခံရသည်။ 

•              ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတို််င်း အပါအဝင် နိုင်ငံတဝန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အကြိုအထိမ်းအမှတ် အဖြစ် ဆန္ဒပြစစ်ကြောင်းတချို့ထွက်ခဲ့သလို လှုပ်ရှားမှုတချို့လည်း ပြုလုပ်ခဲ့ကြသည်။

•              မြန်မာနိုင်ငံကို လက်နက်ဝင်ရောက်နေခြင်းများ တားဆီးရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံက မဲခွဲ ဆုံးဖြတ်အတည်ပြုလိုက်သည်။

•              မကွေးတိုင်း၊ သရက်မြိုကတွင် ဗုံးပေါက်ကွဲမှုကြောင့် သရက်မြို့ခံ ပြည်သူ ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးလိုက်သည်။

 

ဇွန်လ (၁၉) ရက် ၊၂၀၂၁

 

•              မွေးနေ့ အထိမ်းအမှတ် ပန်းဝေသည့် ပြင်ဦးလွင် စားသောက်ဆိုင် တခုမှ ဆိုင်ရှင်နှင့်ဝန်ထမ်းများကို စစ်ကောင်စီတပ်များက ဖမ်းဆီးသည်။

•              စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် တစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာများရရှိသည်။

•              စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များအဖြစ် ယနေ့ကျရောက်သည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ တွင် ပန်းများပန်ဆင်၍ သပိတ်ဆင်နွှဲခြင်းများကို နိုင်ငံတဝန်း ပြု လုပ်ခဲ့ကြသည်။ ပန်းပန်ဆင်ထားသည့် ဓာတ်ပုံများကို လူမှုကွန်ယက်တွင် ပြန်လည်ဝေမျှခြင်းဖြင့်လည်း ပြည်သူများက နွေဦးတော်လှန်ရေးတွင်ပါဝင်ကြောင်း ထုတ်ဖော်ပြသည်။

•              CDM မှာ ပါဝင်မှုကြောင့် ရာထူးက ထုတ်ပယ်ခံရသည့် ဝန်ထမ်းများထံမှ ချေးငွေပြန်တောင်းသည်များ နိုင်ငံတဝန်း ဌာနအသီးသီးတွင် ဖြစ်ပေါ်နေသည်။ 

 

ဇွန်လ (၂၀) ရက် ၊၂၀၂၁

 

•              မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စုတွင်နေထိုင်သည့် အမျိုးသား တစ်ဦး သည် မင်္ဂလာဆောင်အတွက် ဖိတ်စာသွားကမ်းရာ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်မှုကြောင့် သေဆုံးရသည်။ 

•              နေရပ်စွန့်ခွာထွက်ပြေးရသူများအတွက် အကူညီပေးခြင်းများကို ခွင့်ပြုရန် နှင့် ဘာသာရေးနှင့် သက်ဆိုင် သည့်နေရာများကို လေးစားရန် စစ်ကောင်စီကို ပုပ်ရဟန်း မင်းကြီး ဖရန့်စစ်က တိုက်တွန်းသည်။

•              မန္တလေးတိုင်း မြင်းခြံမြို့တွင် အကြောင်းအရင်းမသိရဘဲ ဒေသခံ လူငယ် ကိုးဦး ဖမ်းဆီးခံရသည်။

•              ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ပန်းလှိုင် အနီးရှိ ဒိုင်စုကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားအလုံးအရင်း နှင့် ဝင်ရောက်ရှာဖွေကာ လူဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွား သည်။ 

•              မွန်ပြည်နယ်၊ မော်လမြိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့်လူငယ် နှစ်ဦး သေဆုံး သည်။

 

ဇွန်လ (၂၁) ရက် ၊၂၀၂၁

 

•              နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို  နေပြည်တော်တွင် လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး နှစ်ဦးပေါင်းအမှုလေးမှုအတွက် တရားလိုပြသက်သေ များကို စစ်ဆေးသည်။ 

•              မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဘီလူးကျွန်းမြို့သို့ သွားသည့်လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ် ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲများက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့တခုက ပြောသည်။

•              ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထီးပို့ကလိုး ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင် ဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးရသည်။

•              စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊အေးသာရပ် အမှတ်()လမ်းတွင် လေးနှစ် အရွယ်ကလေးအပါအဝင် မိသားစုဝင် ငါးဦးကို အကြမ်းဖက် စစ်တပ်များက PDF အဖွဲ့ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးသည်။ 

•              ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂဂများ အဖွဲ့ချုပ်ဦးဆောင်သည့် ဗကသများ အဖွဲ့ချုပ် သပိတ် စစ်ကြောင်းက မန္တလေးမြို့တွင် ချီတက်ဆန္ဒပြသည်။

•              မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်းဇုန်တွင် အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် လူဦးရေ ရာနှင့်ချီ ဆန္ဒပြသည်။

•              စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာသပိတ် ဦးဆောင်ကော်မတီ၏ ဆိုင်ကယ်သပိတ်စစ်ကြောင်း ငြိမ်းချမ်း စွာ စုဝေးချီတက် ဆန္ဒပြသည်။

 

ဇွန်လ (၂၂) ရက် ၊၂၀၂၁

 

•              မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (PDF) အခြေစိုက်ရုံးကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်ရာ PDF တပ်ဖွဲ့ဝင် ဦး သေဆုံးကာ ဦး ဖမ်းဆီးခံရ သည်။

•              ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့တွင်အထက်တန်းကျောင်း   ဗုံးပေါက်ကွဲမှုကြောင့် ကျောင်း သန့်ရှင်းရေးဝန်ထမ်း တဦးဒဏ်ရာ ရသည်။

•              မန္တလေးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်မှလာရောက်သည့် လူငယ် လေးဦးသေဆုံးသည်။ 

•              ကျဆုံးသွားသည့် MDY-PDF တပ်ဖွဲဲ့ဝင် ညီအစ်ကိုများအတွက် လက်တုံ့ပြန်သွားမည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ သုံးခုက ပူးပေါင်းကြေညာချက် ထုတ်ပြန်သည်။ 

 

ဇွန်လ (၂၃) ရက် ၊၂၀၂၁

 

•              စစ်ကောင်စီသတင်ေးပးအဖြစ် စွပ်စွဲခံရသူအချို့ ပစ်သတ် ခံရမှုများနှင့် တဘက်တွင်PDF ကာကွယ် ရေးတပ်ဖွဲ့များကို အကူအညီပေးနေသူများအား  စစ်ကောင်စီတပ်များက ဖမ်းဆီးမှုများ အပြန်အလှန် ဖြစ်ပွားသည်။

•              ရန်ကုန်၊မန္တလေး၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းအပါအဝင် နိုင်ငံတဝန်း မြို့ကြီးများတွင် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်သည်။ ရန်ကုန်တွင်ပျောက်ကြားဆန္ဒထုတ် ဖော်မှုများကို အချိန်တိုအတွင်း ပြုလုပ်ခြင်းဖြင့် ဆန္ဒထုတ်ဖော်မှုများ စဉ်ဆက်မပြတ်ပြုလုပ်သည်။

•              ဧရာဝတီတိုင်း ၊ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီ အလုပ်အမှုဆောင်ကို PDF ဟု စွပ်စွဲကာ စစ် ကောင်စီက ဖမ်းဆီးသည်။

•              မန္တလေး သပိတ်ခေါင်းဆောင် တဦးဖြစ်သည့် ကိုတေဇာဆန်း၏ ရွာကို စစ်ကောင်စီ လက်နက်ကိုင်များ က အင်အား အလုံးအရင်း နှင့် ဝင်ရောက်ဖျက်စီး၍ ပစ်ခတ်ခြင်းကြောင့် တစ်ဦး သေဆုံးပြီးနှစ်ဦး ဒဏ်ရာ ရရှိသည်။ 

•              ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဦးတေဇပိုင် ပုသိမ် ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ လူငယ် ခြောက်ဦးကို စစ််ကောင်စီက ဖမ်းဆီးသည်။ 

•              ကချင်ပြည်နယ် ဗန်းမော်တွင် ဒေသခံ လူငယ် အယောက် ၂၀ ကို PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးသည်။

•              နွေဦးတော်လှန်ရေး ပါဝင်ခဲ့မှုကြောင့် တိမ်းရှောင်နေရသည့် အဆိုတော်ရေမွန်သည် လွတ်မြောက် နယ်မြေတွင် ကွယ်လွန်သည်။

 

 

ဇွန်လ (၂၄) ရက် ၊၂၀၂၁

 

•              စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သံပေါက်ကျေးရွာအနီး စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တို့တို်က်ပွဲဖြစ်ပွားသည်။အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးသည်။

•              မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားသုံး နှိမ်နှင်းမှုများ အတွင်း ကလေးသူငယ် ၆ဝထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်သည်။ 

•              အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ပါတီမှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်၊ မကွေးတိုင်း ဝန်ကြီးချုပ် တာ ဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ အောင်မိုးညိုကို အာဏာသိမ်း စစ်ကောင်စီက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံ စွပ်စွဲလိုက်သည်။

•              ကော့သောင်းမြို့မှ တက်ကြွလှုပ်ရှားသူ လူငယ်လေးဦး ထောင်ဒဏ်လေးနှစ် ချမှတ်ခံရသည်။

•              စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရန်ကုန်တွင် မြောက်ဥက္ကလာ၊ စမ်းချောင်း၊ သာကေတနှင့် ပန်းဆိုးတန်းတွင်လည်းကောင်း၊ မန္တလေးတိုင်း အောင်ပင်လယ်၊ တနင်္သာရီတို်င်း ထားဝယ်၊ လောင်း လုံနှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဂန့်ဂေါ ကလေး လက်ပတောင်းတောင်၊ မန္တလေး၊ မကွေး၊ မုံရွာ ပေါင်၊ ဆားလင်းကြီး၊ တန့်ဆည် သရက်ချောင်း ယင်းမာပင် တို့နှင့်  နမ့်ခမ်း၊ဖားကန့်မြို့တွင် ပုံစံပေါင်းစုံဖြင့် ပြုလုပ်ခဲ့ကြသည်။  

•              ကရင်အမျိုးသားအစည်းအရုံး KNU မှ ပြည်သူလူထုအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကာ ကွယ်မှုများကိုဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

ဇွန်လ (၂၅) ရက် ၊၂၀၂၁

 

•              စစ်ကိုင်းတိုင်း၊ ပုလဲ- ဂန့်ဂေါ လမ်းတွင် စစ်ကားသုံးစီး မိုင်းထိကာ အသေအပျောက်ရှိသည်။

•              နိုင်ငံတဝန်းကိုဗစ်ရောဂါ ကူးစက်မှုများ မြင့်တက်လာသည့်အတွက် လည်ပတ်မှု ရပ်တန့်နေသည့် ရန်ကုန်ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

•              မြန်မာစစ်တပ်ကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG  က ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောကြားသည်။

•              မန္တလေးတွင် တပ်ပေါင်းစု သပိတ်စစ်ကြောင်းထွက်ရန် လူစုနေစဉ်မှာပင် စစ်တပ်နှင့် ရဲကပစ်ခတ်ဖြိုခွဲ ခဲ့သည်။ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး အချို့ ဖမ်းဆီးခံရသည်။

•              ဆန္ဒပြမှုများကို ဗဟန်း နှင့်စမ်းချောင်းများတွင် လည်းကောင်း၊ လူမဲ့ သပိတ် များကို မုံရွာ၊ မြိုင် နှင့် သရက်ချောင်းတို့တွင်လည်းကောင်းပြုလုပ်ခဲ့ကြသည်။

•              မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံး သည်။

•              အမျိုးသားညီညွတ်ရေး NUG အစိုးရ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး စစ်ကောင်စီကို ICC တွင် တရားစွဲမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ ကျူးလွန်သည့် အကြမ်းဖက် ပစ်သတ်မှု ဖြစ်သသ် တစ်သိန်းခွဲ ကျော်ကို မှတ်တမ်းပြုစုထားကြောင်း ပြောသည်။ 

 

 

ဇွန်လ (၂၆) ရက် ၊၂၀၂၁

 

•              ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် ၄၅ နှစ်မြောက်နေ့ဖြစ်၍ စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများတွင် ၎င်းအား ဂုဏ်ပြုပြီး သပိတ်စစ်ကြောင်းများ ကို ရန်ကုန်၊ ထားဝယ်၊ ကလေး အပါအဝင် မြို့ကြီးများတွင် ချီတက်သည်။

•              စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ထောင်ဒဏ် တစ်နှစ်စီ ပြစ်ဒဏ် ချမှတ်ခံရသည့် ကြံခင်း ရဲဝန်ထမ်း နှစ်ဦး၏ ဖခင်ကို အကြမ်းဖက် စစ်ကောင်စီက ထပ်မံ ဝရမ်းထုတ်သည်။

•              မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားခြင်း  လနီးပါး ရှိလာချိန်တွင် မြန်မာနိုင်ငံတွင်း အပြောင်း အလဲများ ဖြစ်လာစေရန် ရည်ရွယ်၍ အမေရိကန်၊ ကနေဒါ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသား များက လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး ရန်ပုံငွေရှာတဲ့ပွဲများ ကျင်းပသည်။

•              ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ခု ကြေညာချက်အရ ၎င်းတို့သည် စစ်အာ ဏာရှင်စနစ်အား တိုက်ခိုက်ရန် ပူးပေါင်းနေကြသည်ဟု ဆိုသည်။

•              ဂန့်ဂေါမြို့နယ်မှ CDM ဝင်ထားသည့် ရဲတပ်သားနှစ်ဦး ဖမ်းဆီးခံရသည်။

•              မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် လက်နက်များရှိသည်ဟု သတင်းပေးမှုကြောင့်ဟု ဆိုတာ လက်ပံနွယ် ရွာသားတစ်ဦး ဖမ်းဆီးခံရသည်။

•              စစ်တပ်ပစ်ခတ်မှုကြောင့်ကျဆုံးကလေးငယ် ၇၂ဦးရှိပြီး၊ ၁၁ ဦးမှာ ဦးခေါင်းတည့်တည့်သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း AAPP က ထုတ်ပြန်သည်။ 

 

ဇွန်လ (၂၇) ရက် ၊၂၀၂၁

 

•              ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နှင့်  အင်းစိန်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ ၅ကြိမ်ထက်မနည်း ဖြစ်ပွားသည်။ပေါက်ကွဲမှုများ ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များဘက်မှ ရပ်ကွက်အတွင်းပစ်ခတ်မှု များရှိသည်။ 

•              မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ ဆန္ဒပြပြည်သူများကို ဖမ်းဆီးထားမှုကို အမြန်ပြန်လွှတ်ပေးရန် တောင်ကိုရီးယားရောက် မြန်မာများက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာစစ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသည်။

•              ရန်ကုန်၊မန္တလေးအပါအဝင် နိုင်ငံတဝန်း မြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု များဆက်လက်ပြုလုပ်သည်။ မြောက်ဥက္ကလာ၊ ထားဝယ်၊ ပေါင်၊ မော်လမြိုင် နှင့် နမ့်ခမ်းမြို့တို့တွင် လူမဲ့ သပိတ်များ ပြုလုပ်ခဲ့သည်။

•              အာဏာဖီဆန်ရေး(CDM ) လုပ်ဆောင်နေသည့် စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သမဝါယမ ဦးစီးဌာနက ဝန်ထမ်းများအား ယခင် အစိုးရ လက်ထက်က ထုတ်ချေးထားသည့် ကိုဗစ်ချေးငွေ ၂လစာကို ပြန်ဆပ်ရန် ဖိအားပေးနေသည်။

 

ဇွန်လ (၂၈) ရက် ၊၂၀၂၁

 

•              ကချင်ပြည်နယ် ပူတာအို ခရိုင် နောင်မွန်းမြို့တွင် မတ်လ ၃ရက်နေ့က ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စုပေါင်း ပြီး မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းနိုင်ရန် ပြုလုပ်သည့်အထူးဆုတောင်းပွဲကို ဦးဆောင်သည့်  ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဦးကို ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး စစ်ကောင်စီတပ်များက ဖမ်းဆီး သွားသည်။

•              ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံမြို့ကြီးများတွင် စစ်အာဏာရှင်  ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်သည်။

•              မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု ပစ်ခတ်သတ်မဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံး ပြည်သူ ၈၈၃ဦး ရှိလာခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် သည်။ 

•              လတ်တလော ဖြစ်ပွားမှုနှုန်းများလာသည့်ကိုဗစ် နှင့် ပတ်သက်၍ တစ်နိုင်ငံလုံး၏ အခြေအနေများကို ဒီကနေ့ ရုံးချိန်းတွင် နိုင်ငံတော် အတိုင်ပင်ခံက ရှေ့နေများနှင့် သီးသန့် တွေ့ဆုံချိန်တွင် မေးမြန်းခဲ့ပြီး ပြည်သူများ ကိုဗစ်ရောဂါကို အထူးဂရုစိုက်ရန် အမှာစကားပါးသည်။

•              ရေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးပစ်သတ်ခံရသည်။

•              ရေစကြို မြို့နယ် ခင်မွန်းရွာတွင် ဒလန်များ၏ တိုင်ကြားမှုကြောင့် ဘုန်းကြီးကျောင်းလုပ်အားပေး လုပ်နေသည့် ရွာသားတစ်ဦးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရသည်။ 

•              အောင်ပန်းကျေးရွာက ဒလန်တစ်ဦးကို PDF (ရေစကြို) က သုတ်သင်ရှင်းလင်းသည်။

•              မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက  သေနတ်နှင့် ပစ်ခတ်ခြင်းများ ပြုလုပ်သည်။ 

•              မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားသည်။ 

 

ဇွန်လ (၂၉) ရက် ၊၂၀၂၁

 

•              ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းဘက်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ ဘက်က အထိအခိုက်များပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက် ဦးကျဆုံးခဲ့ကြောင်း Chinland Defense Force အဖွဲ့က ထုတ်ဖော်ပြောကြားသည်။

•              သက်သေခံစာရွက် နှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ့က ကန့်ကွက်မှုကို  တရားရုံးက ပယ်ချလိုက်သည်။ 

•              စစ်အာဏာရှင်တော်လှန်ရေး ( နွေဦးတော်လှန်ရေး) ကာလအတွင်း  ကျဆုံးသူ ၈၈၃ဦး၊ ဖမ်းဆီးခံခဲ့ရသူ ၆၄၂၁ ဦး၊ ဝရမ်းထုတ်ခံရသူ ၁၉၈၈ ဦးနှင့် ချုပ်နှောင်ခံထားရသူ ၅၂၂၄ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်သည်။

•              နိုင်ငံတဝန်း အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ လေးဦး တိုက်ခိုက်ခံ ရပြီးသေဆုံးသည်။

•              ရန်ကုန်၊ မန္တလေး၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးများတွင် စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်သည်။

 

 

ဇွန်လ (၃၀) ရက် ၊၂၀၂၁

 

•              ဆိုးဝါးသည့် စစ်ကြောရေးအတွေ့အကြုံများကို ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင် က မီဒီယာများကို ထုတ်ဖော်ပြောကြားသည်။ စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရ သည့် ကိုမောင်မောင်ထွေး(ခေါ်)ကိုနေသန်မောင်သည်ဇွန် ၁၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ပြီး နောက်နေ့တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့ခံခဲ့ရသည်။ 

•              စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံထားရသူများထဲမှ  ၂၀၀၀ ကျော်သည် နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည်။ ဒီကနေ့ လွတ်မြောက်လာ သူများထဲတွင်လူငယ်ဆန္ဒပြသမားများ၊သတင်းထောက်များ၊ အနုပညာရှင်အချို့ နှင့် ထင်ရှားကျော်ကြား သူ အချို့ ပါဝင်လာသည်။

•              မြန်မာနိုင်ငံတွင် လူသားချင်းစာနာနားလည်ခြင်းဆိုင်ရာ အကူအညီများပေးနိုင်ရေးအတွက် အခက်အခဲ၊ အတားအဆီးများ ဆက်လက်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အဖွဲ့ ယူနီဆက်ဖ် UNICEF က ထုတ်ပြန်သည်။

•              မိုးကုတ်မြို့က တက်ကြွလှုပ်ရှားသူ ဦးစိုးဌေး၏ လေးနှစ်အရွယ်သမီးဖြစ်သူ မစုထက်ဝိုင်းကို စစ်ကောင်စီ က အချိန်နှစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့သော်လည်း ကလေး၏ မိခင်နှင့်အစ်မ ဖြစ်သူမှာ  ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

•              စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ ကလေး၊ မြိုင်၊ တန့်ဆည်၊ ဆားလင်းကြီး စသည့် မြို့နယ်တို့တွင် ချီတက်ဆန္ဒပြမှုများ၊ ညသပိတ်များ ပြုလုပ်ခဲ့ကြသလို ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် ဆိုင်ကယ်သပိတ်ဖြင့် လှည့်လည်ဆန္ဒပြသည်။

•              ရန်ကုန်က  မြေအောက်ပျောက်ကြား တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ပေါင်းစည်းကြောင်း ထုတ်ပြန်သည်။


Download PDF