• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနှင့် ရက်စွဲအလိုက်ဖြစ်စဉ်များ

 

(အောက်ပါအချက်အလက်များသည် သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက်များကိုကိုးကားပြုစုထားခြင်းဖြစ်သည်။)


၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလတွင် စစ်တပ်၏ အာဏာသိမ်းမှု ဆယ်လကျော်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတဝန်း မြို့နယ် ပေါင်း ၁၆၀ ကျော်ပါဝင်ခဲ့သော တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) သည်  ဒီဇင်ဘာလအတွက် ပြည်သူ့ဆန္ဒ အများဆုံးထင်ဟပ်စေခဲ့သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ခဲ့သည်။ ဒီဇင်ဘာလအတွင် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံတပ်ဖွဲ့ဝင်များ၏လုပ်ဆောင်ချက်ကြောင့် အရပ်သားပြည်သူအချို့ ဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့ရမှုများ၊ အရပ်သားတို့၏ အိုးအိမ်စည်းစိမ်များ ပျက်စီးမှုနှင့် လူမဆန်စွာ သတ်ဖြတ်ခံရမှုများစွာ ဖြစ် ပွားခဲ့သည်။ နိုင်ငံတကာသည် ယင်းအခြေအနေများကို များစွာတုန်လှုပ်ခြောက်ခြားမိကြောင်းလည်း သတင်း ထုတ်ပြန်ခဲ့ပြီး လူ့အခွင့်အရေးဆုံးရှုံးနေသည့် မြန်မာနိုင်ငံအတွက် စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဖိအား ပေးရေး တိုက်တွန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေး တိုင်းတို့တွင် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်တိုက်ပွဲများ ဆင်နွှဲနေသလို အရပ်သားပြည်သူများအား အကာအကွယ် ပေးရေးကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြသည်။ 

စစ်အာဏာသိမ်းမှုကာလ နှစ်ပတ်လည်ခါနီးအချိန်အထိ မြန်မာပြည်သူလူထုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို အားမလျှော့တမ်းနည်းမျိုးစုံဖြင့် နိုင်ငံတဝန်းပြုလုပ်ပြသနေဆဲ ဖြစ်သည်။ ၂၀၂၁၊ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံတဝန်းအခြေအနေများကို ဖတ်ရှုနိုင်ရန် ယခုစာတမ်းတွင် မှတ်တမ်းထားရှိပါသည်။ 



ဒီဇင်ဘာ (၁) ရက်၊ ၂၀၂၁

·         စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများကြောင့် အင်အားအများအပြားဖြင့် ဆန္ဒပြမှုများ နည်းလာသော်လည်း လက်ရှိစစ်အာဏာသိမ်းမှု ဆယ်လပြည့်သည့် ယနေ့အချိန်တွင် နိုင်ငံတဝန်း ပြောက်ကျားသပိတ်များနှင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အကြမ်းမဖက်ဆန္ဒပြမှုများ ရှိသည်။

·         ရန်ကုန်တိုင်းလမ်းမကြီးများအား ပိတ်ဆို့ကာ စစ်ဆေးဖမ်းဆီးနေခြင်းကြောင့် ကားလမ်းများပိတ်ခဲ့ကြ ကြောင်း မီဒီယာများက ဖော်ပြသည်။

·         စစ်အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှုစွဲချက်သစ်ဖြင့် စစ်ကောင်စီက အရေးယူလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

·         ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေနှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား နာရီဝက်ခန့်တိုက်ပွဲ ဖြစ်ပွားခဲ့သလို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကချင်ကေအိုင်အေအကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဗွီအိုအေသတင်းဌာနက ဖော်ပြသည်။

·         နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုတပ်နှင့် တိုက်ပွဲ ၁၂၆ ကြိမ် ဖြစ်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ကြေညာသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်အုပ်စုဘက်က လက်နက်ကြီး အကြိမ် ရေ ၂၃၀၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

·         စစ်ကိုင်းတိုင်းမြို့နယ်လေးခုတွင် တိုက်ပွဲများကြောင့်ပြည်သူ ၂၆၀၀၀ ကျော် ထပ်မံနေရပ်စွန့်ခွာခဲ့သဖြင့် တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း ၄၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ UNOCHA က သတင်း ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီး ဆယ်လကြာချိန်တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ပစ်ထွက်ပြေးနေရသူ သိန်းနှင့်ချီရှိနေကြောင်းလည်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

·         ကုလသမဂ္ဂတွင် စစ်ကောင်စီကို နိုင်ငံကိုယ်စားပြုခွင့်မပေးရန် Credential Committee က ဆုံးဖြတ်လိုက် ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သံအမတ်ဦးကျော်မိုးထွန်းကို ဆက်လက်ကိုယ်စားပြုခွင့်ပေးရန် ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဆွီဒင်နိုင်ငံ သံအမတ်က တရားဝင်ကြေညာသည်။

·         မြန်မာနိုင်ငံ မြို့ပြလူဦးရေအကြား ဆင်းရဲမွဲတေမှု အရေအတွက်သည် သုံးဆနီးပါးတိုးလာမည့် အခြေအနေ တွင်ရှိနေပြီး နိုင်ငံ့လူဦးရေ၏ထက်ဝက်နီးပါးသည် လာမည့်နှစ်တွင် ဆင်းရဲမွဲတေသူအဖြစ် သတ်မှတ်သည့် အဆင့်အောက်ကို ရောက်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားသည်။

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက လယ်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းမျိုး မရှိသော်လည်း နယ်မြေရှင်းလင်းရေးအနေဖြင့် ရွာများကိုဝင်ရောက်လာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

·         စစ်ကောင်စီက နယ်မြေရှင်းလင်းခဲ့သည့် ဒီပဲယင်းအရှေ့ခြမ်း ညောင်ပင်လှကျေးရွာတွင် ဒေသခံများ၏ ဆိုင်ကယ်များနှင့် ဒုက္ခသည်များအတွက် လှူဒါန်းထားသည့်ပစ္စည်းများကို စစ်ကောင်စီတပ်များက မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။


 

ဒီဇင်ဘာ (၂) ရက်၊ ၂၀၂၁

·         စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ ၆၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်တွင် မတ်လ ၁၄ ရက် ပစ်ခတ်သတ်ဖြတ်ခဲ့မှုသည် ကြိုတင်စီစဉ်ပြီး လုပ်ခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာတွင်ဖော်ပြထားပြီး တာဝန်ရှိသူများကို ဥပဒေအရ အပြစ်ပေး အရေးယူရမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။

·         စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ရှိတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၃၂ ဦး သေဆုံးကာ လက်နက်များအား ကေအိုင်အေနှင့် ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းရမိခဲ့ ကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြသည်။ 

·         ကချင်ပြည်နယ်၊ မိုးညှင်း၊ အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်နှင့် ကချင်လက်နက်ကိုင် ကေအိုင် အေ၊ ဒေသခံကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေ ကြောင်း မီဒီယာများကဖော်ပြသည်။

·         လူ့အခွင့်အရေးချိုးဖောက်သည့်လုပ်ရပ်များတွင် အသုံးပြုနိုင်ခြေရှိသည့် ထောက်လှမ်းရေးနည်းပညာများ တင်ပို့ခြင်းကို ကန့်သတ်ရေး အမေရိကန်အစိုးရက မဟာမိတ်များနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

·         ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ် ကကျေးရွာများတွင် နယ်မြေလုံခြုံရေးအတွက် စစ်ကောင်စီ တပ်က ပြည်သူ့စစ်ဖွဲ့စည်းရန် စာရင်းကောက်ခံနေပြီး ကျေးရွာသားများက စာရင်းပေးရန် ဆန္ဒမရှိခြင်း ကြောင့် မဲနှိုက်၍ မဲပေါက်သူ တက်စနစ်ဖြင့် လူရွေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဗွီအိုအေ သတင်းဌာနက ဖော်ပြသည်။

·         ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ကျူးကျော်အိမ်ယာများကို ရှင်းလင်းဖယ်ရှားနေသည့်အစီအစဉ်ကို ချက်ချင်းရပ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိများက မြန်မာစစ်ကောင်စီခေါင်းဆောင်ကို တောင်းဆို လိုက်ပြီး စစ်တပ်၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့်မညီကြောင်း ပြောကြားသည်ဟု ဒီဗွီဘီသတင်းဌာန က ဖော်ပြသည်။

 

ဒီဇင်ဘာ (၃) ရက်၊ ၂၀၂၁

·         စစ်ကိုင်းတိုင်း ရေစကြိုမြို့နယ်တွင် စစ်မှုထမ်းဟောင်း လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ဖြစ်သူ တစ်ဦးအား ဒေသခံကာကွယ်ရေးတပ်များက လုပ်ကြံလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

·         အာရှ-ပစိဖိတ်နိုင်ငံများအနေဖြင့် အိုမီခရွန် ကိုဗစ်ဗီဇမျိုးကွဲ ပေါ်လာပြီးသည့်နောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြန်များလာမည့်အရေး အသင့်ပြင်ဆင်ထားရမည်ဖြစ်ပြီး သတိပြုစောင့်ကြည့်သွားရမည်ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဖော်ပြောကြားသည်။

·         စစ်အုပ်စုသည် ပြည်သူများ အင်တာနက်အသုံးပြုမှု လျော့နည်းစေရန် ရည်ရွယ်ပြီး အင်တာနက် အော်ပရေတာများအား အင်တာနက်အသုံးပြုခ တိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားကြောင်း Burma VJ က ဖော်ပြထားသည်။ အော်ရီဒူးအော်ပရေတာက ဒီဇင်ဘာ ၈ ရက်ကစပြီး စစ်အုပ်စု၏ ညွှန်ကြား ချက်အရ Supernet wifi လစဉ်ကြေးအား ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံတော့မည်ဖြစ် ကြောင်း သုံးစွဲသူများအား အသိပေးခဲ့သည်။ 

·         မြန်မာနိုင်ငံ အာဆီယံပုံမှန်အစည်းအဝေးများ ပြန်တက်နိုင်ရန် ကူညီသွားမည်ဖြစ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားနိုင်ငံခေါင်းဆောင်က ပြောကြားကာ ၎င်းကိုယ်တိုင်လည်း မြန်မာ နိုင်ငံသို့သွားရန် အသင့်ရှိကြောင်း ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ထူးလီဘီလာကျေးရွာအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားသည်။ ယင်းနောက် ကျေးရွာနေအိမ် ခုနစ်လုံးထက်မနည်း စစ် ကောင်စီတပ်ဖွဲ့​ဝင်များက မီးရှို့ဖျက်ဆီးခဲ့မှုရှိကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲဖြစ်ပွားသည်။

 

 ဒီဇင်ဘာ (၄) ရက်၊ ၂၀၂၁

·         ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ငွေထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခံရသူများ တိုးပွားလာနေကြောင်း မီဒီယာများက ဖော်ပြသည်။

 

·         စစ်တပ်အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်အထိ စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူစုစုပေါင်း ၁၃၀၃ ဦးရှိပြီဖြစ်ကြောင်း အချက်အလက်များ ကောက်ယူ မှတ်တမ်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည်။ 

·         NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် အထူးငွေတိုက် စာချုပ်များအား စတင်ရောင်းချခဲ့သည့် တပတ်တာကာလအတွင်း အမေရိကန် ဒေါ်လာ ၁၅ သန်းဖိုးခန့် ရောင်းချနိုင်ခဲ့ကြောင်း RFA သတင်းဌာနက ဖော်ပြသည်။ 

·         စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်တပ်ပိုင်သင်္ဘောနှစ်စီးကို ၎င်းတို့၏တပ်များက သိမ်းပိုက်လိုက် ပြီး မြို့အဝင်အထွက်လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း Civilian’s Defence and Security Organization of Myaung က ကြေညာချက်ထုတ်ပြန်သည်။ ၎င်းတို့အနေဖြင့် ပြည်သူများ ထံမှ အခွန်ကောက်ခံခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။ 

·         မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ခံရမှုနှင့် ခြိမ်းခြောက်နှောင့်ယှက်မှုများကို တားဆီး ဟန့်တားအရေးယူရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) က တိုက်တွန်းလိုက်သည်။ လုပ်ငန်းခွင်တွင် အကြမ်းဖက်ခြိမ်းခြောက်နှောင့်ယှက်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ် ကြောင်းလည်း ပြောကြားသည်။

 

ဒီဇင်ဘာ (၅) ရက်၊ ၂၀၂၁

·         ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ် အုပ်စုက ကားဖြင့်ဝင်တိုက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင့် ဆန္ဒပြလူငယ် (၅) ဦးခန့် သေဆုံးကာ ၁၅ ဦး ခန့်ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်သက်သေများ ပြောကြားချက်ကို မြန်မာနောင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် စစ်အုပ်စုအား သတင်းပေးသူဟု နာမည် ထွက်နေသူတစ်ဦးအား အမည်မသိသေနတ်သမားတစ်ဦးက ၎င်း၏နေအိမ်အနီးတွင် လုပ်ကြံသတ် ဖြတ်လိုက်ကြောင်း Mizzima သတင်းဌာနက ဖော်ပြထားသည်။

·         လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းမှုအပေါ် အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချနေကြ ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အဆိုပါလုပ်ရပ် အတွက် စစ်အုပ်စုကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

·         ရန်ကုန်မြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်ကာ လူစုခွဲ၍ ဆန္ဒပြသူ အများအပြား သေဆုံးသည်ဟူသည့် သတင်းအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်သံရုံးက သတင်း ထုတ်ပြန်သည်။

·         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံသည်။ ကျန်းမာရေးကိစ္စပဲ ပြောဆိုကာ နိုင်ငံရေးကိစ္စ မပါဝင် ကြောင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုကြောင်း ဦးတင်ဦးက မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ပြောကြားခဲ့ကြောင်း နီးစပ်သူများ၏ ဖြေကြားချက်ကို မီဒီယာများက ဖော်ပြသည်။

 

ဒီဇင်ဘာ (၆) ရက်၊ ၂၀၂၁

·         ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စစ်တပ်ဘက်က ကြမ်းကြမ်း တမ်းတမ်းဖြိုခွဲခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်၊ မန္တလေးအပါအဝင် ဒေသအချို့တွင် နည်း မျိုးစုံဖြင့် ဆန္ဒပြကြသည်။

·         ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ များက ကားဖြင့်တိုက်ဖြိုခွဲခဲ့မှုတွင် သေဆုံးမှုမရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပြီး အမျိုးသားညီညွတ်ရေး အစိုးရက လူသေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်သည်။ 

·         သမ္မတဦးဝင်းမြင့်နှင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် အထူး တရားရုံးက အမှုနှစ်ခုအတွက် ထောင်ဒဏ် လေးနှစ်စီချမှတ်လိုက်သည်။ ယင်းသို့ ထောင်ဒဏ်ချမှတ် ခံရမှုကို နိုင်ငံတကာက ဝေဖန်တုံ့ပြန်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်ထိန်းချုပ်ထား သည့် တရားရုံးက စစ်ဆေးခြင်းသည် ဟန်ပြစစ်ဆေးခြင်းသာဖြစ်ပြီး စီရင်ချက်ချမှတ်လိုက်သည်က လည်း နိုင်ငံရေးအရင်းခံအကြောင်းလွဲ၍ အခြားမရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ Michelle Bachelet က ပြောကြားလိုက်သည်။ ပြည်တွင်းရှေ့နေများကလည်း တရားစွဲဆိုထားသည့် အမှုနှစ်ခုအတွက် ယင်းသို့  အမြင့်ဆုံးထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအပေါ် အံ့သြထိတ်လန့်ရ ကြောင်း ထုတ်ဖော်ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         နိုဝင်ဘာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တပ်ရင်း မှူး ၁ ဦး ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၉၀ သေဆုံးကြောင်း ၎င်းတို့ဘက်က ၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။ ကေအဲန်ယူတပ်သားများနှင့်အတူ PDF တပ်ဖွဲ့ ဝင်များလည်း ပါဝင်လာပြီဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

·         ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆိုင်ခန်းပေါင်း ၂၀၀ နီးပါးရှိသည့် စည်ပင်စျေးတခုနှင့်အိမ်ရာ အချို့ကို စစ်ကောင်စီတပ်ဖွဲ့များက ကြိုတင်အသိမပေးဘဲ လူအင်အားအလုံးအရင်းဖြင့် ဖြိုဖျက်လိုက် သည်။

·         မကွေးတိုင်း၊ မကွေးမြို့တွင်ရှိသည့် စစ်ကောင်စီ၏လေတပ်စခန်းတခုဖြစ်သော မကွေးလေတပ်စခန်း ဌာနချုပ်အတွင်း ပစ်ခတ်သံများ အချိန်တော်တော်ကြာကြားရကြောင်း ဒေသခံများ၏ပြောကြားချက် ကို မီဒီယာများက ဖော်ပြသည်။

·         ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အတွက် မည်သူ့ကို ကိုယ်စားပြုခွင့်ပေးမည် နည်းဆိုသည့် စဉ်းစားဆုံးဖြတ်မည့်အစီအစဉ်ကို ကုလသမဂ္ဂ၏ကိုယ်စားလှယ် စိစစ်လက်ခံရေး ကော် မတီက ဆိုင်းငံ့လိုက်သည့် ဒီဇင်ဘာ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြုလုပ်သည့် ကုလအထွေထွေညီလာခံတွင် အတည်ပြုလိုက်သည်။ 

 

ဒီဇင်ဘာ (၇) ရက်၊ ၂၀၂၁

·         စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် စစ်အုပ်စုတပ်သားများသည် အသက် (၁၈) နှစ် မပြည့်သေးသော ကလေး (၅) ဦးပါဝင် အရပ်သား ၁၁ ဦးအား အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ရွာသားများက Myanmar Now ကိုပြောဆိုသည်။ အဆိုပါဖြစ်စဉ်မတိုင်မှီ ရက် အနည်းငယ်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အရပ်သား ၂ ဦးအား စစ်အုပ်စုတပ်သား များက မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြသည်။

·         နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်မှုသည် မြန်မာ့ဒီမို ကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထပ်၍စော်ကားလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်က ပြောဆို လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် လည်း တောင်းဆိုသည်။ စစ်တပ်တရားရုံးက ယခုလို ထောင်ဒဏ်စီရင်ချက်ချမှတ်ခြင်းသည် အဓိပ္ပာယ် မရှိသည့်လုပ်ရပ်ဖြစ်ပြီး နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးကင်းမဲ့ပုံကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ် ကြောင်း ကုလအထူးကိုယ်စားလှယ် Tom Andrews က ပြောသည်။

·         လက်ရှိမြန်မာပြည်၏ နိုင်ငံရေးအခြေအနေသည် အကျပ်တည်းဆုံးအချိန်ကို ရောက်ရှိနေပြီး ပြည်သူ များအပေါ် အကြမ်းဖက်နှိမ်နင်းမှုများသည် တိုင်းပြည်အတွက် အဖြေမဟုတ်သလို စစ်ကောင်စီ အတွက် ထွက်ပေါက်မဖြစ်နိုင်ကြောင်း NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့က သတိ ပေးပြောဆိုသည်။

·         စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းတောထဲတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းကပါ စစ်ကူတိုက်ခိုက်မှုများ ပြု လုပ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုးသစ်ကူးစက်သူများ အိန္ဒိယနိုင်ငံတွင် ရှိနေပြီဖြစ်၍ ၎င်းနှင့်နယ်နိမိတ် ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်းကလေးမြို့နယ်က ပျံသန်းပြေးဆွဲသည့် ပြည်တွင်းလေကြောင်း ခရီး စဉ်များ အားလုံးကို ရက်အကန့်အသတ်မရှိ ပြေးဆွဲခွင့်ပိတ်ပင်သည်။

·         ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လက်နက်ကိုင် ကေအိုင်အေ အကြား တိုက်ပွဲများဖြစ်ပွားသည်။

·         ကချင်ပြည်နယ်၊ မြစ်ကြီးနား ပြည်နယ်လွှတ်တော်ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားသည်။

 

ဒီဇင်ဘာ (၈) ရက်၊ ၂၀၂၁

·         တာဝန်က ဖယ်ရှားခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် တို့ကို ထောင်ဒဏ်များချမှတ်လိုက်ခြင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် လွန်စွာစိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်သည်။

·         စစ်ကိုင်းတိုင်း ကလေးမြို့တွင် CDM ရဲတပ်ဖွဲ့ဝင်များဖြင့် Kalay Police Service အား ဖွဲ့စည်းလိုက်ပြီး ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်ငါးခုတွင် ဒုစရိုက်မှုများကို နှိမ်နှင်းခြင်းနှင့် ပြည်သူ့ဘဝ လုံခြုံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ 

·         ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကား ပြန့်ပွားမှုများကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည်ဆိုသည့် စွပ်စွဲ ချက်ဖြင့် အမေရိကန်နိုင်ငံတွင် ရိုဟင်ဂျာများ၏ တရားစွဲဆိုမှုကိုခံနေရသော Facebook @ Meta က စစ်အုပ်စုပိုင် Telecom လုပ်ငန်းဖြစ်သည့် Mytel အပါအဝင် ၎င်းနှင့်ဆက်စပ်လျက်ရှိသော စီးပွားရေး လုပ်ငန်းများ၏ ဒီဇင်ဘာလ ၈ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများကို ဖယ်ရှားလိုက်သည်။

·         ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် အသက် ၆၁ နှစ်အရွယ်အမျိုးသမီးတဦး၏ ရုပ် အလောင်း ထပ်တွေ့ ၍ သေဆုံးသူစုစုပေါင်း ၁၂ ဦးရှိသွားပြီဖြစ်ကြောင်း ရွာခံများ၏ ပြောကြားချက်ကို ဗွီအိုအေက ဖော်ပြသည်။

·         မန္တလေးတွင် တက်ကြွလှုပ်ရှားသူအချို့ ကားဖြင့်တိုက်၍ ဖမ်းဆီးခံရသည်။

·         မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် မြန်မာပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီများသည်အင်တာနက်သုံးစွဲမှု နှုန်းထားများကို ယနေ့ကစ၍ တိုးမြှင့်ကောက်ခံသည်။

·         မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားသည့်အမှုများထဲက အမှုသုံးမှုအတွက် ထောင်ဒဏ် လေးနှစ်ကျခံရန် မန္တလေးတိုင်း အိုးဘိုထောင်အတွင်းက အထူးတရားရုံးက စီရင်ချက်ချ မှတ်လိုက်သည်။

·         ၂၀၂၁ခုနှစ်အတွင်း ကမ္ဘာတဝှမ်း သတင်းထောက် ၂၉၃ ဦးဖမ်းဆီးခံရသည့်အထဲတွင် မြန်မာနိုင်ငံက ၂၆ ဦးပါဝင်ကြောင်း CPJ ၏ ယခုနှစ်အစီရင်ခံစာတွင်ဖော်ပြသည်။

·         မွန်ပြည်နယ်ရေးမြို့နယ်ရှိ ကျောင်းရွာတွင် အမည်မသိလက်နက်ကိုင်အဖွဲ့က ကျောင်းရွာရဲကင်းစခန်း နှင့် အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ရာ သေဆုံးဒဏ်ရာရမှုရှိသည်။

 

 ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၁

·         မြန်မာနိုင်ငံတွင် ဆိတ်သုန်းနေသည့် လူ့အခွင့်အရေးပြန်ရရန် ရန်ကုန်အပါအဝင်မြို့အချို့တွင် ဆန္ဒပြ တောင်းဆိုခဲ့သလို ဒီဇင်ဘာ ၁၀ ရက်တွင်လည်း ဆိတ်ငြိမ်ခြင်းနှင့်သပိတ်မှောက်ကြရန် နှိုးဆော်သည့် လက်ကမ်းစာစောင်များကို ဆန္ဒပြသူများက ကြဲခဲ့ကြသည်။ ရန်ကုန်၊ မန္တလေး၊ ဆားလင်းကြီး၊ ယင်းမာ ပင်၊ ကလေး၊ ရွှေဘို စသည့် မြို့များတွင်လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

·         ကရင်၊ မန္တလေး၊ ကချင်ဝန်ကြီးချုပ် သုံးဦးအပါအဝင် စစ်အုပ်စုပိုင်စီးပွားရေးလုပ်ငန်းအချို့အား အမေရိ ကန် အစိုးရက အရေးယူပိတ်ဆို့မှု ပြုလုပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

·         ဒီဇင်ဘာ ၁၀ ရက်တွင် တနိုင်ငံလုံး အသံတိတ်ငြိမ်သက်ခြင်းသပိတ်ဆင်နွှဲကြရန် တက်ကြွလှုပ်ရှားသူ များက ဆော်သြထားခြင်းကြောင့် မြန်မာနိုင်ငံတွင်ရှိနေကြသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁၀ ရက်တွင် အိမ်ပြင်မထွက်ကြရန် ရန်ကုန်မြို့တွင်ရှိသည့် အမေရိကန်သံရုံးက အသိပေး ချက် ထုတ်ပြန်သည်။

·         စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယခုသတင်းပတ်အစောပိုင်းက ဒေသခံရွာသားများ ရက်ရက် စက်စက်သတ်ဖြတ်ခံခဲ့ရသည့်အပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ပြော ဆိုလိုက်ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြစ်တင်ရှုတ်ချလိုက် သည်။

·         စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အရပ်သား ၁၁ ဦးကို လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်၊ မီးရှို့ သတ်ဖြတ်ခဲ့သည်ဆိုသည့်သတင်းအပေါ် အမျက်ဒေါသထွက်ရကြောင်း အမေရိကန်က ထုတ်ဖော် ပြောကြားသည်။

·         ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဗြိတိန်သို့လာ၍ ရုရှားအာဏာရှင်ခြိမ်းခြောက်မှုကနေ အကူ အညီ တောင်းခံနေသော်လည်း မြန်မာစစ်အာဏာရှင်ကိုမူ ရုရှားကဲ့သို့ လက်နက်ရောင်းချပေးနေဆဲ ဖြစ်ကြောင်း ဗြိတိန်အခြေစိုက်မြန်မာ့အရေးအဖွဲ့တခုက ဝေဖန်ကြောင်း မီဒီယာများက ဖော်ပြသည်။

 

 ဒီဇင်ဘာ (၁၀) ရက်၊ ၂၀၂၁

·         ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ကျဆုံးသွားသော ပြည်သူများအား အမှတ်ရသည့်အနေဖြင့် #SilentStrike ကို ပြုလုပ်ခဲ့ကြသည်။ Data for Myanmar ၏ ပြုစုထားသောစာရင်းအရ တနိုင်ငံလုံး၏တဝက်ခန့်ဖြစ်သော မြို့နယ်ပေါင်း အနည်း ဆုံး ၁၆၇ မြို့နယ်သည်  Silent Strike တွင် ပါဝင်ခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။ ဖိအားပေး ခြိမ်းခြောက်ခံရသည့်မြို့နယ်များနှင့် ရခိုင်ပြည်နယ်မှ ဂွမြို့နယ်သည်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်းနှင့် လူ့အခွင့်အရေးဆိတ်သုန်းနေခြင်း ပြန်ရရန် တိတ်ဆိတ်ခြင်းဖြင့် သပိတ်မှောက်ခဲ့ ကြသည်။ အသံတိတ်သပိတ်ကို အောင်မြင်စွာပြီးစီးကြောင်း ညနေ (၄) နာရီတွင်လက်ခုပ်တီးပြီး ဆန္ဒ ထုတ်ဖော်သည်။

·         အင်းစိန်ထောင်နှင့် ပုသိမ်ထောင်အတွင်းရှိ အကျဉ်းသားများကလည်း silent strike တွင် ပါဝင်ဆန္ဒ ပြခဲ့ကြောင်း Mizzima က ဖော်ပြထားသည်။

·         စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ကြောင့် ဗိုလ်အဆင့်ရှိသူအပါအဝင် ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အဆိုပါဒေသရှိ PDF များက ထုတ်ပြန်ခဲ့သည်။ 

·         အရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က စစ်အုပ်စုနှင့် MOU ရေးထိုးရန်ပြင်ဆင်လျက်ရှိသော UN နှင့် INGO အဖွဲ့အစည်းအချို့အား ၎င်းတို့၏ လုပ်ဆောင်မှုများအား ရပ်တန့်ရန် အိတ်ဖွင့်ပေးစာပေးပို့သည်။ 

·         ရန်ကုန်တိုင်းအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အဆောက်အဦနှင့် မြေနေရာရယူမှုနှင့် ပတ် သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကို ထပ်မံစွဲဆိုထားသည့် အဂတိမှုအတွက် နေပြည်တော် အထူးတရားရုံးတွင် တရားလိုကို စတင်စစ်ဆေးကြားနာသည်။

·         ငွေစက္ကူသစ်ရိုက်နှိပ်သည့်စက္ကူများ ပြည်တွင်းသို့ ရောက်ရှိနေပြီး မကြာခင်တွင် ငွေစက္ကူသစ်များ ရိုက် နှိပ်တော့မည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ်၏ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်တွင် ရှစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကမ္ဘောဇတိုင်းမ် သတင်းဌာနက သတင်းသမားသုံးဦးနှင့် မိသားစုဝင်တဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နှင့် သောကြာနေ့တွင် တရားရုံးက ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်သည်။

·         ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းဝင်ရောက်ရှာဖွေကာ တပ်စွဲထားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံတိုက်ခိုက်ရန် ကြံစည်မှုနှင့် အမှု ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားရဲဟိန်းဇော်က အပြစ်ရှိကြောင်း ဝန်ခံလိုက်သည်ဟု နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးက သောကြာနေ့တွင် သတင်းထုတ်ပြန်သည်။ 

·         အမေရိကန်ပြည်ထောင်စုတွင် နှစ်ရက်ကြာကျင်းပသည့် ဒီမိုကရေစီညီလာခံ ဒုတိယနေ့နှင့် နောက်ဆုံး နေ့အဖြစ် အွန်လိုင်းက ကျင်းပရာတွင် ပါဝင်ခဲ့သည့် မြန်မာသတင်းသမားကိုဆွေဝင်းက စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခြေအနေများ ကျဆင်းလာခြင်း ကို ထောက်ပြပြောဆိုကြောင်း မီဒီယာများက ဖော်ပြသည်။

·         မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားတွင် လူ့အခွင့်အရေးအခြေအနေများ ကျဆင်းလာသည့်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ကုလသမဂ္ဂတာဝန်ရှိသူများက သတိပေးပြောဆိုသည်။

 

 

 ဒီဇင်ဘာ (၁၁) ရက်၊ ၂၀၂၁

·         စစ်တပ်က အာဏာသိမ်းယူလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ စစ်ကောင်စီလက်ချက် ကြောင့် သေဆုံးသူအရေအတွက် ၁၃၂၉ ဦးရှိကြောင်း စောင့်ကြည့်မှတ်တမ်းတင်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

·         အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေးလိုက်လျောခြင်းမျိုး မပြုရန် အမေရိကန်အကြီးတန်းတာဝန် ရှိသူတဦးက တိုက်တွန်းသည်။

·         စစ်အုပ်စုသည် တပ်သားလိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးမယားများကို စစ်သင်တန်း မတက် မနေမရ တက်ရန် ညွန်ကြားလာသည်ဟု နေပြည်တော်တွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက Mizzima ကို ပြောဆိုသည်။ 

·         NUG ၏ Ministry of Planning, Finance, and Investment က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် USD Tether (USDT) crytocurrency ကို ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင်အသိအမှတ်ပြုကြောင်း ကြေညာလိုက်သည်။ ယခင်ကလည်း crytocurrency များဖြင့် ၎င်းတို့အား လှူဒါန်းမှုများပြုလုပ်နိုင် ကြောင်း NUG ၏ ကြေညာခဲ့ဖူးသည်။

·         စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်ဖက်ဆိုင်ရာ အဖွဲ့ အစည်းအချို့နှင့် အရပ်ဖက်အာဏာပိုင်အချို့ကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူရန် ကြေညာလိုက် သည့်အထဲတွင် ဖေဖော် ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခန့်အပ်ထားသည့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကို၊ ကရင်ပြည်နယ် ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ ပါဝင်သည်။ အဆိုပါဒေသများတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အခြေခံလွတ်လပ်ခွင့်များကို ပိတ်ပင်ဖိနှိပ်ခဲ့သည့် အတွက် ယခုကဲ့သို့ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဒီဇင်ဘာ (၁၂) ရက်၊ ၂၀၂၁

·         ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ နဂါးတွင်းကျေးရွာတွင် စစ်အုပ်စုတပ်သား များက ရွာသား ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များအား ဖျက်ဆီးခဲ့ကြောင်း Irrawaddyသတင်းဌာနက ဖော်ပြထားသည်။ 

 

·         စစ်ကိုင်းတိုင်းအတွင်းရှိ PDF များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းများ နှင့် အခြားသော စစ်အုပ်စု၏ထောက်ပို့ပစ္စည်းတွေကို သယ်ဆောင်သောသင်္ဘောတစ်ဦး ပျက်စီးခဲ့ ကြောင်း Burma VJ က ဖော်ပြထားသည်။

·         NUG ၏ယာယီသမ္မတက စစ်အာဏာရှင်စနစ်ပြုတ်ကျရေး တော်လှန်ရေးခရီးစဉ်တွင် ရက္ခိုင့်အမျိုး သားအဖွဲ့ချုပ် (ULA/AA) နှင့်အတူ လက်တွဲကြိုးပမ်းလုပ်ဆောင်လိုကြောင်း ပြောဆိုသည်။

·         မန္တလေးမြို့တွင် သူနာပြုဆရာမတဦးနှင့် ခင်ပွန်းဖြစ်သူတို့အား စစ်ကောင်စီက ပစ်သတ်ခဲ့သည်။

 

ဒီဇင်ဘာ (၁၃) ရက်၊ ၂၀၂၁

·         မကွေးတိုင်း ပေါက်မြို့နယ်တွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၁၅ ဦး CDM ပြုလုပ်သည်ဟုဆိုကာ ပညာရေးမှူးရုံးသို့ စာတင်အကြောင်းကြားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို Irrawaddy သတင်းဌာနက ဖော်ပြသည်။

·         ဒီဇင်ဘာ ၁၀ ရက်က တနိုင်ငံလုံးအသံတိတ်သပိတ်တွင် အကျဉ်းထောင်အတွင်းက ပါဝင်ဆင်နွှဲခဲ့ကြ သည့်အတွက် တိုက်ပိတ်အရေးယူခံထားရသည့် အကျဉ်းသား ၈၉ ဦးရှိပြီး ၎င်းတို့ထဲမှ အချို့သည် ထောင်ပိုင်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားကြောင်း ၎င်းတို့ရှေ့နေများ၏ ပြောကြားချက်ကို ဗွီအိုအေက ဖော်ပြသည်။

·         မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများအတွက် အရေးတကြီးလို အပ်နေသည့် အကူအညီများမပေးနိုင်အောင် အာဏာသိမ်းစစ်ကောင်စီက ပိတ်ဆို့နေကြောင်း လူ့ အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

·         စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲတွင် စစ်ကောင်စီ၏ ရေယာဉ်များနှင့် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များနှစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲများဆက်ရှိနေဆဲဖြစ်သည်။

·         မြန်မာနိုင်ငံကအကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ရန် အနုပညာဖန်တီးမှုမျိုးစုံကို အွန်လိုင်း ပေါ်တွင် လေလံဆွဲ ရန်ပုံငွေရှာပွဲ ပြုလုပ်သည်။ နိုင်ငံတကာရောက် အနုပညာမြတ်နိုးသူများ စီစဉ်ခြင်း ဖြစ်သည်။

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ငမောင်းကျေးရွာအနီးနားတွင် စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၉၀၀၀ ဝန်းကျင်ခန့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ကြရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် သဘာဝဘေးအမှုစစ်ဆေး ရန် နေပြည်တော်အထူးတရားရုံးက ခေါ်ခဲ့သော်လည်း သက်သေထွက်ဆိုမည့် ဒေါက်တာဇော်မြင့် မောင်ကို ထိန်းသိမ်းထားသည့် ထောင်အာဏာပိုင်က ခရီးသွားခွင့်မပြုခြင်းကြောင့် တရားရုံးချိန်းထပ် ပေးလိုက်ရသည်။

 

 

ဒီဇင်ဘာ (၁၄) ရက်၊ ၂၀၂၁

·         ရန်ကုန်မြို့တွင် Silent Strike ပြုလုပ်မှုပုံရိပ်များအား ဓာတ်ပုံရိုက်ခဲ့သော အလွတ်တမ်းသတင်း ထောက် ကိုစိုးနိုင်သည် စစ်အုပ်စုများ၏ ဖမ်းဆီးခံရပြီးနောက် သုံးရက်မြောက်နေ့တွင် စစ်ကြောရေး စခန်း၌သေဆုံးသွားကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက Burma Associated Press ကို ပြောသည်။

·         ကန်ပက်လက်မြို့နယ်၊ အုတ်ဖိုကျေးရွာက ဓမ္မအမှုတော်ဆောင်ဆရာတော်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ယူဖမ်းဆီးသွားပြီး ၁၃ ရက်နေ့တွင် အလောင်းပြန်တွေ့ရ ကြောင်း ဒေသခံများနှင့် အသင်းတော်တာဝန်ရှိသူများက ပြောသည်။

·         မြန်မာစစ်ခေါင်းဆောင်များကို ဖိအားပေးကြရန် အာရှသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းသည်။

·         အသံတိတ်သပိတ်ဖြစ်ပြီးနောက် မန္တလေးတွင် စစ်ကောင်စီ၏ စစ်ဆေးမှုများ ပိုမိုတင်းကြပ်သည်။

 

ဒီဇင်ဘာ (၁၅) ရက်၊ ၂၀၂၁

·         ကေအဲန်ယူ ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ထဲတွင် ခိုလှုံနေကြသည့် လွှတ်တော်အမတ်တဦး နှင့် တက်ကြွလှုပ်ရှားသူများကို စစ်တပ်က အသိမပေးဘဲ ဝင်ဖမ်းခဲ့ခြင်းကြောင့် ပြန်လွှတ်ပေးရန် တောင်းဆိုရင်း အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ဒေသခံတိုင်းရင်းသားများက ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

·         စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသနှင့် တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာတို့တွင် စစ် ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားသည်။

·         ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) အုပ်ချုပ်သောမိုင်းလား မြို့တွင် FPNCC အဖွဲ့ဝင်လက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စု၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ FPNCC အဖွဲ့ဝင် ၇ ဖွဲ့အနက် KIA မှလွဲ၍ ကျန်သည့်အဖွဲ့ များက ကိုယ်စားလှယ်များ စေလွှတ်ထားကြောင်း အဆိုပါအစည်းအဝေးအား တရုတ်နိုင်ငံ၏ကြားဝင် စီစဉ်မှုကြောင့် အဆိုပါအဖွဲ့များက တက်ရောက်ရခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့များနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်ကို Tachileik News Agency က ဖော်ပြသည်။

·         မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးပါ့ခ်ဆို့ဟွန်းကို ခန့်အပ်မည်ဖြစ် ကြောင်း ဖနွမ်းပင်ဟိုတယ်တခုတွင် ကျင်းပသည့် အာဆီယံဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်က ပြောသည်။

·         မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရန် အတွက် မြန်မာစစ်တပ်ကို မည်သို့ဖိအားပေးနိုင်မည်ဆိုသည်ကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆန်းစစ်သုံးသပ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။

 

ဒီဇင်ဘာ (၁၆) ရက်၊ ၂၀၂၁

·         ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၉ မိုင်အကွာအဝေးရှိ လေးကေ့ကော်မြို့သစ်တွင် စစ် အုပ်စုတပ်များနှင့် KNU တပ်ဖွဲ့များတိုက်ပွဲ စတင်ဖြစ်ပွားသည်။ KNU ထိန်းချုပ်ထားသော အဆိုပါမြို့ သစ်တွင် လာရောက်ခိုလှုံလျက်ရှိသော CDM ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါ အဝင်ပြည်သူ ၃၀ ခန့်အား စစ်အုပ်စုတပ်များက ဖမ်းဆီးပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ KNU တပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူးနှင့် အရာရှိအချို့အပါအဝင် ၁၈ သေဆုံးခဲ့ကြောင်း ၈ ဦးအား အရှင်ဖမ်းမိထားကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ တိုက်ပွဲကြောင့် အနီးအနားရွာများရှိ ဒေသခံ ၃၀၀၀ ခန့် စစ် ရှောင်နေရပြီး ၁၀၀၀ ခန့်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KIC Media က ဖော်ပြထားသည်။ 

·         မြန်မာနိုင်ငံ၏ ပြဇာတ်၊ ရုပ်ရှင်နှင့် တေးသီချင်းဂီတနယ်ပယ်တွင် ထင်ရှားကျော်ကြားသည့် ဗိုလ် ကလေးတင့်အောင်သည် အသက် ၁၀၀ ပြည့်ရန် လပိုင်းအလိုတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

·         နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများက ရသည့်ငွေကို စစ်ကောင်စီကိုမပေးဘဲ ပိတ်ဆို့ဒဏ်ခတ်ထားရန် မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးအဖွဲ့အစည်းများ တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

 

ဒီဇင်ဘာ (၁၇) ရက်၊ ၂၀၂၁

·         မြဝတီနှင့် ထိုင်းနယ်စပ်တွင် စစ်အုပ်စုဘက်က ပစ်သော လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သဖြင့် စစ်ဘေးရှောင်တချို့ ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်က မြန်မာဘက်ကို ပြန် လည်ပစ်ခတ်မည်ဟု သတိပေးထားကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

·         ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သော Silent Strike တွင်ပါဝင်ခဲ့ကြသော အင်းစိန်ထောင်မှ အကျဉ်း သား ၈၉ ဦးအား ထောင်စောင့်များက ရိုက်နှက်ခဲ့ပြီး အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုပြုလုပ်ကြောင်း ကျောင်းသားသမဂ္ဂမှ ကျောင်းသားများကိုလည်း ပြင်းထန်စွာရိုက်နက်ပြီး တိုက်ပိတ် ထားကြောင်း ခေတ်သစ်မီဒီယာက ဖော်ပြထားသည်။

·         လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ပို့ဆောင်ရာတွင် အကြပ်အတည်းဖြစ်အောင် မြန်မာစစ်တပ်က လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ပြောကြားချက်ကို ဗွီအိုအေက ဖော်ပြသည်။

·         ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့ကို အကျဉ်းသားဝတ်စုံများဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်သည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိမှုအတွက် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးဟောင်း ဒေါ်နီလာကျော်တို့ ထွက်ဆိုကြောင်း မီဒီယာများက ဖော်ပြသည်။

·         မြန်မာနိုင်ငံတွင် ပြင်းထန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မြန်မာစစ်တပ်က အရှိန်မြှင့်လုပ် ဆောင်လာသည့်အတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများလုပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထံသို့ နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စာရေးသားတောင်းဆိုကြောင်းထုတ်ပြန်သည်။

 

ဒီဇင်ဘာ (၁၈) ရက်၊ ၂၀၂၁

·         စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ဒေသခံ ၁၁ ဦးအား မေးမြန်းချက်များအရ ဇူလိုင်လအတွင်း စစ်သားများ သည် ကနီဒေသရှိရွာသား အနည်းဆုံး ၄၀ အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး မြေမြှပ်ခဲ့မှု လေး ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း BBC ၏ စုံစမ်းဖော်ထုတ်ချက်အရ သိရှိရသည်။ စစ်ကောင်စီက လက်နက် ကြီးနှင့်ပစ်ခတ်သည့်အတွက်လည်း နေအိမ်မီးလောင်မှုများရှိနေသလို ကျေးရွာခုနစ်ရွာခန့် ကဒေသခံ များသည် ညဘက်တွင်ပင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲက လေးကေ့ကော်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ် ကောင်စီတပ်များအကြား ပစ်ခတ်မှုများဆက်ရှိနေကြောင်း ဗွီအိုအေက ဖော်ပြသည်။

·         မြန်မာစစ်ကောင်စီတပ်များနှင့် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးတပ်များအကြား တိုက်ပွဲ ကြောင့် ကျေးရွာသား ၂၅ဝဝခန့် ထိုင်းနယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံတွင်း ခိုလှုံရောက်ရှိလာကြောင်း ထိုင်းစစ်တပ်အရာရှိတဦး၏ ပြောကြားချက်ကို အေပီသတင်းဌာနက ဖော်ပြသည်။

 

ဒီဇင်ဘာ (၁၉) ရက်၊ ၂၀၂၁

·         ဒီဇင်ဘာ ၁၇ ရက်နေ့က မကွေးတိုင်း နှမ်းခါးရွာတွင် ဒေသတွင်း PDF ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်နေချိန်အတွင်း သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီတပ်များ၏ ရဟတ်ယာဉ်များဖြင့် အချိန်ကိုက် တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို DVB သတင်းဌာနက ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် PDF တပ်သားအချို့အပါအဝင် ပြည်သူ ၁၇ ယောက်ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီ ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ဒုက္ခသည် ထောင်နှင့်ချီရှိနေကြောင်းလည်း ဗွီအိုအေက ဖော်ပြသည်။

·         ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် မလှမ်းမကမ်းနေရာများကို မြန်မာစစ်ကောင်စီဘက်က လက်နက် ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသည့်ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်အခြမ်းသို့ထွက် ပြေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မုန့်ဆိုင်တဆိုင်တွင် အလွတ်တန်းဓာတ်ပုံသတင်းထောက်တဦး နှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အမျိုးသမီးတဦးတို့ ဖမ်းဆီးခံရသည်။

·         မြန်မာ့တပ်မတော်သားများ ဂျပန်ကာကွယ်ရေးစစ်ကျောင်းတွင် လာရောက်ပညာသင်နေသည်ကို ဂျပန်အစိုးရအနေဖြင့် ချက်ချင်းရပ်လိုက်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တိုက် တွန်း သည်။

·         မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် မြန်မာ့အရေးကို စာနာသည့် တောင်ကိုရီးယားနိုင်ငံသား များက ဂယောင်နမ်ပြည်နယ်၊ ချန်းဝမ်မြို့ချန်းဝမ်ဘူတာရုံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

·         စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေး CDF အဖွဲ့တို့ နှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF အဖွဲ့တာဝန်ရှိသူများက ထုတ်ဖော်ပြောကြား သည်။ တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်တိမ်းနေကြရပြီး မင်းတပ်မြို့နယ်ထဲတွင် စစ် ဆေးမှုများ ရိက္ခာပို့ဆောင်သည့်လမ်းကြောင်း ပိတ်ပင်မှုများရှိနေကြောင်း စစ်ဘေးဒုက္ခသည်များကို အကူအညီပေးနေသူများ၏ ဖြေကြားချက်ကို မီဒီယာများက ဖော်ပြသည်။ 

 

ဒီဇင်ဘာ (၂၀) ရက်၊ ၂၀၂၁

·         ဒီဇင်ဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသတွင် ဖြစ်ပွားသောတိုက်ပွဲများ အတွင်း စစ်ကောင်စီဘက်က အရာရှိများအပါအဝင် စစ်သား ၈၃ ဦး သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း MNDAA ၏ လှုမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

·         ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် ကုလသမဂ္ဂက ဦးဆောင်၍ စစ် ကောင်စီလေကြောင်းတိုက်ခိုက်မှုများကို တားဆီးနိုင်ရန်အတွက် No Fly Zone လေယာဉ်မပျံသန်းရ ဇုန် အကောင်အထည်ဖော်ရန် ကရင်အမျိုးသားအစည်းအရုံး KNU က ကြေညာချက်ထုတ်ပြန်ရန် တိုက်တွန်းလိုက်သည်။ 

·         မြန်မာစစ်တပ် သက်ဆိုးရှည်စေမည့် ဝင်ငွေရလမ်းများကို ဖြတ်တောက်ပြီး မြန်မာစစ်အာဏာရှင်ကို နိုင်ငံတကာက ဖိအားပေးဆက်သွယ်ကြရန် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စား လှယ် တွန်အန်ဒရူးကပြောကြားလိုက်သည်။

·         နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားသည့် အမှုများထဲက ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မအမှုနှစ်ခုကို အမိန့်မချဖြစ်ဘဲ ဒီဇင်ဘာ ၂၇ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်။

 

ဒီဇင်ဘာ (၂၁) ရက်၊ ၂၀၂၁

·         လေးကေ့ကော်မြို့သစ်မှ စတင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပြေးရသူ စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိလာသည်။

·         ကရင်ပြည်နယ် မြဝတီခရိုင်ထဲတွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် ပြည်သူကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တွေကြားဖြစ်နေသည့် တိုက်ပွဲများတွင် လက်နက်ကြီးကျည်ဆံများ ကျရောက်ခြင်းကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက် ပြေးနေရခြင်းဖြစ်သည်။

·         နေပြည်တော်ကောင်စီနယ်မြေတွင် စစ်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း PDF (နေပြည်တော်) က သတင်းထုတ်ပြန်ခဲ့သည်။

·         ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ သွားရောက်မည့်အစီအစဉ်ကို ကန့်ကွက်သည့် အနေဖြင့် မက်ဆာချူးဆက်ပြည်နယ် Lowell မြို့တွင်ရှိသည့် ကမ္ဘောဒီးယားကောင်စစ်ဝန်ရုံးရှေ့တွင် အဝေးရောက်မြန်မာများက ဆန္ဒထုတ်ဖောကြသည်။

·         မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ပြည်တွင်းအိုးမဲ့ အိမ်မဲ့ဦးရေ တိုးလာနေပြီး၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အကူများ ပိုမိုလိုအပ် မည်ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Farhan Haq က နယူးယောက်ကုလသမဂ္ဂရုံးချုပ် တွင် ပြောသည်။

 

ဒီဇင်ဘာ (၂၂) ရက်၊ ၂၀၂၁

·         ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်များ စီးနင်းလာ သော အိမ်စီးကားအား Karenni Army ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးအပါအဝင် ၄ ဦး သေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိကြောင်း KA သတင်းရင်းမြစ်၏ ပြောကြားချက်ကို ခေတ်သစ်မီဒီယာက ဖော်ပြသည်။

·         လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့က ဂျပန်အစိုးရအနေဖြင့် ၎င်းတို့ လက်ရှိလုပ်ဆောင်လျက်ရှိသော မြန်မာဗိုလ်လောင်းများကို သင်တန်းပေးနေသည့် အစီအစဉ်များကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်တပ်နှင့်ချိတ်ဆက်လုပ်ဆောင်မှုအားလုံးကို ဖြတ်တောက်ပစ်ရန် တောင်း ဆိုလိုက်သည်၊။

·         ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ရွေးကောက်ပွဲ မဲ မသမာမှု ဖြစ်အောင်လုပ်ဆောင်သည်ဆိုကာ စွဲဆိုသည့်အမှု ရာဇသတ်ကြီးပုဒ် မ ၁၃၀-က နှင့် နောက် ထပ် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးလိုက်သည်။ ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်ချမှတ်ခြင်းသည် ထောင်ဒဏ်နှစ် ၈၀ အထိ ရှိသွားပြီဖြစ်သည်။

·         ဂန့်ဂေါမြို့နယ် စန်းမြို့ရွာ မီးရှို့ခံရပြီး ကျေးရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဗွီအို အေက ဖော်ပြသည်။

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်အနောက်ဘက် နုံးကြီးကျေးရွာတဝိုက် စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ စက် သေနတ်ကြီးများသုံးပြီး ပစ်ခတ်နေကြောင်းဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ထိုင်းနိုင်ငံနယ်စပ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်က စတင်လိုက်သည့်တိုက်ပွဲများ ယခုထက်ပိုမို မကျယ်ပြန့်စေရန် လက်ရှိစစ်ကောင်စီဘက်က ထိုးစစ်များ ရပ်ဆိုင်းရန် လိုအပ်ကြောင်း ကရင် လက်နက်ကိုင်အဖွဲ့ ကေအဲန်ယူက တောင်းဆိုသည်။

 

ဒီဇင်ဘာ (၂၃) ရက်၊ ၂၀၂၁

·         ချင်းတွင်းမြစ်အတွင်းတွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းများအား ဖမ်းဆီးရမိပြီး နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

·         ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener သည် ၎င်း၏ ရာထူး သက်တမ်းကုန်ဆုံးသွားခြင်းကြောင့် နေပြည်တော်ရှိ သူမ၏ရုံးခန်းအား ပိတ်သိမ်းလိုက်ပီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

·         မြန်မာနိုင်ငံကို နှစ်ရက်တာခရီးအဖြစ် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သည် စစ် ကောင်စီအကြီးအကဲနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်တလျှောက်က လုံခြုံရေးကိစ္စများ အပါအဝင် ကုန်သွယ်ရေးဆိုင်ရာကိစ္စအချို့ကိုလည်းဆွေးနွေးခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

·         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ စီမံဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရခြင်းကြောင့် ယနေ့ စစ်ဆေးကြားနားရန်ရှိသည့် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ နှင့်စွဲဆိုထားသည့်အမှုကို မစစ်ဆေးနိုင်ခဲ့ကြောင်း ဗွီအိုအေက ဖော်ပြသည်။

·         မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်ရောက်လာရေး၊ ဖမ်းဆီးခံထားရသူများနှင့်နိုင်ငံ ရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေးနှင့်ကိစ္စရပ်များကို ဆွေးနွေးဖြေရှင်းရေးနှင့် အကြမ်းဖက် လုပ်ငန်းများအားလုံး ရပ်သွားရေးကို အိန္ဒိယအနေဖြင့် မြင်တွေ့လိုကြောင်း အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Harsh Vardhan Shringlaက ပြောသည်။

·         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်ဝန် ကြီး ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲနှင့်ဆိုင်သည့် ပုဒ်မတခုနှင့် ထပ်တိုးစွဲဆိုလိုက်ကြောင်း၎င်းတို့၏ ရှေ့နေ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

 

ဒီဇင်ဘာ (၂၄) ရက်၊ ၂၀၂၁

·         ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီ၏ အမှတ် (၆၆) ခြေမြန်တပ်မ လက်အောက်ရှိ ခမရ (၁၀၈) တပ်ရင်းသည် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ကလေး ၄ ယောက်နှင့် Save the Children မှ ဝန်ထမ်းနှစ်ယောက် အပါအဝင် လူ ၃၅ ယောက်ထက်မနည်းအား ဖမ်းဆီးသတ် ဖြတ်ခဲ့ပြီး မီးရှို့ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။ 

·         ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းအပါအဝင် အရပ်သား ပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက် နေသည့်အတွက် အဆိုပါလုပ်ရပ်ကို ရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ယာယီ တာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ကြေညာချက်ထုတ်ပြန်သည်။

·         ဖမ်းဆီးခံထားရသော အဆိုပါပြည်သူများ လွတ်မြောက်နိုင်ရေးအတွက် သွားရောက်ညှိနှိုင်းခဲ့သော နယ်ခြားစောင့်တပ် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ တပ်သား ၄ ဦးကိုလည်း လက်ပြန်ကြိုးတုပ်၍ ပစ်သတ်ခဲ့ကြောင်း ဖော်ပြသည်။

·         အဆိုပါဖြစ်ရပ်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများစွာက ကန့်ကွက်ရှုတ်ချလိုက်ပြီး ကျူးလွန်သူများအား အရေးယူရန် တောင်းဆိုထားကြသည်။

 

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘွန့်ဘေးကျေးရွာအနီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ် ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဘွန့်ဘေးကျေးရွာအပါအဝင် ကျေးရွာခုနစ်ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်း မီဒီယာများကဖော်ပြသည်။ 

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီက ရဟတ်ယာဉ်သုံး၍ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသူများသည် အရပ်သားများဖြစ်ကြောင်း ဒေသခံရွာသားများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို မီဒီယာများကဖော်ပြသည်။

 

 ဒီဇင်ဘာ (၂၅) ရက်၊ ၂၀၂၁

·         ဒီဇင်ဘာလ ၂၄ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆားမှော်ရှိ စစ်ကောင်စီ၏ ခမရ (၃၈၃) နှင့် ခမရ (၃၈၄) တပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအိုင်အိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူက RFA သတင်းဌာန ကို ပြောသည်။

·         တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်း အသက်လုပြီး ထွက်ပြေးခိုလှုံလာခဲ့သည့် ထောင်နှင့်ချီသည့် ဒုက္ခသည်များကို ထိုင်းအစိုးရက အကူအညီပေး ကာကွယ်နိုင်ရန် နိုင်ငံတကာကယ်ဆယ်ကူညီရေး ကော်မတီအပါအဝင် လူသားချင်းစာနာမှု အထောက်အကူပေးရေးအဖွဲ့ ၁၅ ဖွဲ့က ပူးတွဲ၍ ထိုင်းအစိုးရ ကို တောင်းဆိုလိုက်သည်။

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီက ရဟတ်ယာဉ်သုံး၍ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသူများသည် အရပ်သားများဖြစ်ကြောင်း ဒေသခံရွာသားများနှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

 

ဒီဇင်ဘာ (၂၆) ရက်၊ ၂၀၂၁

·         ရန်ကုန်မြို့အတွင်းဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် ရန်ကုန်တိုင်း စစ် ဌာနချုပ် စစ်တိုင်းမှူးဗိုလ်ချုပ်ညွှန့်ဝင်းဆွေသည် နေအိမ်အကျယ်ချုပ်ချခံထားရသည်ဟု CDM ပြုလုပ် နေသည့် ပြည်သူ့စစ်သားများအစုအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

·         နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တခုဖြစ်သည့် Save the Children အဖွဲ့က ကယားပြည်နယ်အပါ အဝင်မြန်မာနိုင်ငံတွင်းနေရာအချို့က ၎င်းတို့၏လုပ်ငန်းများကို ယာယီဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။ လက်နက်ကိုင်ပဋိပက္ခပေါ်ပေါက်နေသည့် ကယားပြည်နယ်တွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူလေးဆယ်ဦးနီးပါး သတ်ဖြတ်မီးရှို့ခံခဲ့ရပြီးနောက် ဒေသခံဝန်ထမ်းနှစ်ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာ ပရဟိတအဖွဲ့အစည်းတခုဖြစ်သည့် ယင်းအဖွဲ့က ထုတ်ဖော်ပြော ကြားသည်။

·         ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် ကေအဲန်ယူ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်တို့၏နှစ်ဘက်တိုက်ပွဲများတွင် မြန်မာစစ်ကောင်စီဘက်က လက်နက် ကြီးကျည်အချို့ ထိုင်းနိုင်ငံအတွင်း ကျရောက်ခဲ့ကြောင်း မီဒီယာများကဖော်ပြသည်။

·         ထိုင်းနိုင်ငံ မဲဆောက်ခရိုင်သို့ ထွက်ပြေးလာကြသည့် မြန်မာဒုက္ခသည်တိုင်းကို စောင့်ရှောက်မည်ဖြစ် ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကတိပြုကြောင်း မီဒီယာများက ဖော်ပြသည်။

·         ကယားပြည်နယ်တွင် အရပ်သားများ သေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ကျူးလွန်နေသူများကို အပြစ်ပေးအရေးယူနိုင်ရေး တာဝန်ခံမှုရှိအောင် ဆက်ပြီးဖိအားပေး သွားမည့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်သည်။

·         ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင်း သောင်ရင်းမြစ်ကို ကျော်၍ ဖြတ်သန်းပြေးလာသည့် စစ်ဘေးရှောင်ပြည်သူ ငါး ထောင်ကျော်ရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ်သတင်းစာ Bangkok Postက ဖော်ပြသည်။

 

ဒီဇင်ဘာ (၂၇) ရက်၊ ၂၀၂၁

·         ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော ပိုင်တံခွန်နှင့် လူမင်းအပါအဝင် အနုပညာရှင်အချို့ နှင့် NLD ပါတီဝင်အချို့အား ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ထိန်းချုပ်ထားသော တရားရုံးများက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း BBC က ဖော်ပြထားသည်။ တပ် မတော် ပြိုကွဲအောင် လှုံ့ဆော်မှုဖြင့် သီးခြားစီတရားစွဲဆိုခဲ့ပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် အများဆုံး သုံးနှစ်စီ အပြစ်ပေးစီရင်ခံရသည်။

·         နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားသည့်အမှုများအထဲမှ ပို့ကုန် သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေများ ချိုးဖောက်သည်ဆိုသည့်အမှုနှစ်ခုအတွက် အမိန့်ချရမည့် ရက်ကို ရှေ့နှစ်ဇန်နဝါရီ ၁ဝ ရက်သို့ ထပ်မံရွှေ့ဆိုင်းသည်။

·         ကရင်နီပြည်နယ်တွင် KSP ရဲဌာနက စစ်သား၊ ရဲများအပါအဝင် စစ်ကောင်စီသတင်းပေး ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းထုတ်ဖော်ပြောကြားသည်။

·         အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒင်သည် The National Defense Authorization Act for Fiscal Year 2022 (NDAA-2022) ကို လက်မှတ်ရေးထိုး အတည်ပြုသည်။ အဆိုပါဥပဒေမူကြမ်းအား မြန်မာ့အရေး အတွက် အစဉ်တစိုက်ဆောင်ရွက်လေ့ရှိသော Senator Mitch McConnell က ဦးဆောင်ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး NDAA 2022 ၏ ပုဒ်မ ၆၅၁၀ တွင် မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေး Supporting Democracy in Burma အတွက် ပြဋ္ဌာန်းဖော်ပြထားပြီး NUG ကို ထောက်ခံအားပေးပြီး တရားဝင်ဖြစ်နိုင်ရေးကို ဆောင်ရွက်ရန် CDM လှုပ်ရှားမှုကို ထောက်ခံအားပေးရန် ဖော်ပြထားသည်။

·         မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲသို့ ရောက်လာသည့် စစ်ဘေးဒုက္ခသည် အရေ အတွက် တိုးလာနေသည်။

·         မန္တလေးတိုင်း၊ ချမ်းမြသာစည်နှင့် တန့်ဆည်မြို့တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားသည်။

·         ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်။

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သံဖိုကျေးရွာတွင် တိုက်ပွဲမရှိဘဲ အိမ်များမီးရှို့ခံရသလို ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်။

·         ကရင်ပြည်နယ်အပါအဝင်အခြားဒေသများတွင် အကြမ်းဖက်မှုများ ဆက်တိုက်အရှိန်မြင့် ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကြေညာချက်ထုတ်ပြန်သည်။

 

ဒီဇင်ဘာ (၂၈) ရက်၊ ၂၀၂၁

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို ဒီဇင်ဘာ ၂၂ ရက်နေ့ကမှစ၍ စစ်ကောင်စီတပ် များနှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ၏ လေကြောင်း တိုက်ခိုက်မှုများ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နတ်ချောင်းဒေသခံ ၂၀ ကျော်သေဆုံးခဲ့ရပြီး နေ အိမ်အလုံးပေါင်း ၂၀ ကျော် ပျက်ဆီးဆုံးရှုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ဧရာဝတီ သတင်းဌာနက ဖော်ပြသည်။

·         ပဲခူးတိုင်း ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေခြင်းကြောင့် အဆိုပါဒေသ တဝိုက်က ရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသူ ၅၅ဝကျော်ရှိကြောင်း ကရင်လူမှုရေးရာအဖွဲ့ က ပြောသည်။

·         ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း အမျိုးသမီးနှင့်ကလေးအပါအဝင် လူ၃၅ ဦးထက်မနည်း သတ်ဖြတ်မီးရှို့ခံရသည့်အထဲ ၎င်းတို့ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း Save the Children အဖွဲ့က အတည်ပြုသည်။ ယင်းဖြစ်ရပ်အတွက် အံ့သြတုန်လှုပ်ရပြီး စိတ်မကောင်းဖြစ်ရ ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ 

·         အင်းစိန်ထောင်အတွင်းရှိ အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သူများ ထောင်ဝင်စာဖြတ်တောက်ခံရခြင်း များရှိကြောင်း မိသားစုဝင်များ၏ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ညပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် တာမွေနေရာ အချို့တွင် ပေါက်ကွဲမှုများဖြစ်ပွားသည်။

 

 

 

ဒီဇင်ဘာ (၂၉) ရက်၊ ၂၀၂၁

·         ရန်ကုန်နှင့်မန္တလေး နေရာအချို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များရှိသည်။ ရန်ကုန်မြို့လယ် ပန်းဆိုးတန်း လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ ရွာမရဲစခန်း တွင်လည်းကောင်း၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းအတွင်းတွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဗွီအိုအေသတင်းဌာနက ဖော်ပြသည်။

·         မုံရွာမြို့နှင့် ရန်ကုန်မြို့တို့တွင် ဒီဇင်လာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် စစ်ဗိုလ်များ၏ဇနီးနှစ်ဦး အသီးသီးလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း DVB သတင်းဌာနက ဖော်ပြထားသည်။ 

·         ရိုဟင်ဂျာများအပေါ် ကျူးလွန်သောြပစ်မှုများအတွက် ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်းဝရမ်းနှင့် ဆင့်ခေါ်စာများအား လက်မခံခြင်းမပြု ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း ခေတ်သစ် မီဒီယာက ဖော်ပြထားသည်။

·         ကလေးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံနှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ ကြောင်း မီဒီယာများက ဖော်ပြသည်။

·         ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံတလွှားက ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များအတွက် တာဝန်ရှိသည့်စစ်တပ်ကို လက်နက်တင်ပို့မှုများ တားမြစ်ရေး အမေရိကန်နိုင်ငံက ထပ်မံတိုက်တွန်း လိုက်သည်။

·         မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည်များအရေး သတင်းယူ နေသည့် တိုင်းရင်းသားသတင်းသမားတဦး မကြာသေးခင်က စစ်တပ်၏ထိုးစစ်အတွင်း သေဆုံးခဲ့ရ ကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့က သတင်းထုတ်ပြန်ပြီး စစ် ကောင်စီအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ တိုးမြှင့်ပေးရန် တောင်းဆိုသည်။

·         ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာတတိယပတ်က ဖမ်းဆီးထားသည့် မွတ် ဆလင် ၇၆ ဦးထဲမှ ၃၃ ဦးကို လဝကဥပဒေနှင့် တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ် တနှစ်စီ ချမှတ်သည်။

·         ဗကသများ အဖွဲ့ချုပ်ဒု-ဥက္ကဌ ဝေယံဖြိုးမိုးသည် ငြိမ်းစုစီပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂နှစ်နှင့်တစ်လ ကျခံရသည်။

 

 

 

 

 

 

 ဒီဇင်ဘာ (၃၀) ရက်၊ ၂၀၂၁

·         ကျော်ကြားသည့် အနုပညာရှင်များဖြစ်သည့် အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ တေးသံ ရှင်ပိုပို၊ စောဖိုးခွားနှင့် မိတ်ကပ်ပညာရှင် ဝင်းမင်းသန်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်စီ အသီးသီး ပြစ်ဒဏ်ကျခံရသည်။ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ မမှန်သတင်းဖြန့်မှု၊ အစိုးရ ဝန်ထမ်းများ ပြစ်မှုကျူးလွန်အောင် စည်းရုံးမှုစသည့်စွဲချက်များနှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅- (ခ) အရ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

·         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှု ခြောက်မှုနှင့်ထောင်ဒဏ် ၁၈နှစ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးဟံသာမြင့်၊ ဒေါက်တာမျိုးညွန့်နှင့် ဦးသိန်းဦးတို့ကိုလည်း အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ် မှုနှင့် စစ်ကောင်စီက ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်သည်။

·         ကရင်ပြည်နယ် လေးကေ့ကော်တွင် ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ခွဲမှူးအပါ အဝင်တပ်ဖွဲ့ဝင် ၇ ဦးအား KNU တပ်ဖွဲ့များက လက်နက်ခဲယမ်းများနှင့်အတူ အရှင်ထပ်မံဖမ်းဆီးရမိ ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြထားသည်။

·         မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်လာနေသည့်အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်ခြင်းအပြင် အခြားဒဏ် ခတ် အရေးယူမှုများ လုပ်ဆောင်ရန်အဆင်သင့်ရှိနေကြောင်း ဥရောပသမဂ္ဂအီးယူက ပြောသည်။

·         ထန်တလန်တွင် ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ်ငါးဆယ်ကျော် မီးရှို့ခံရကြောင်း မီဒီယာများက ဖော်ပြသည်။

·         လေးကေ့ကော်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အင်အား အလုံးအရင်းအသုံးပြုပြီး တိုက်ခိုက်နေသော်လည်း မြေပြင်တိုက်ပွဲများတွင် ကရင်လက်နက်ကိုင်အဖွဲ့ ကေအဲန်ယူနှင့် PDF ပူးပေါင်းတပ်များက အသားစီးရရှိနေကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးက RFA ကိုပြောဆိုသည်။ 

·         မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းဝန်ခြုံးရွာတွင် စစ်ကောင်စီက တပ်စွဲထားသည့်အတွက် ဘေး လွတ်ရာ တောတောင်ထဲတွင် စစ်ဘေးရှောင်နေသူများ နေထိုင်သည့်နေရာများကို ပျူစောထီးများက မီးရှို့ဖျက်စီးကာ ကျေးရွာသားများကို နှိပ်စက်ခြင်းများလည်းရှိနေကြောင်း ဒေသခံများ၏ ပြောကြား ချက်ကို ဗွီအိုအေက ဖော်ပြသည်။

·         ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ကရင်လက်နက်ကိုင် ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်ဒေသတွင် ကေအဲန်ယူ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ အကြားနှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားကြောင်း မီဒီယာများက ဖော်ပြသည်။

·         ရှမ်းပြည်နယ် မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့များအကြား ပစ်ခတ်မှုတွင် လူတဦးသေဆုံးသည်။

 

 

 

ဒီဇင်ဘာ (၃၁) ရက်၊ ၂၀၂၁

·         ရန်ကုန်မြို့ရှိ ကမ္ဘောဒီယားနိုင်ငံသံရုံးအနီးတွင် လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း RFA က ဖော်ပြထားသည်။ 

·         ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာပြည်သို့ လာရောက်၍ အာဏာ သိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံ နိုင်ချေရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် Bangkok Post သတင်းဌာနက ဖော်ပြသည်။ 

·         စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပထမဆုံးအကြိမ်တိုက်ခိုက်မှုများဖြစ်ခဲ့ပြီး တိုက်ပွဲကြောင့် အနီးအနားရှိရွာများထဲ စစ်ကောင်စီက ဝင် ရောက်ရှာဖွေမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို မီဒီယာများက ဖော်ပြသည်။

·         ပြည်ပကပြန်လာသည့် မြန်မာနိုင်ငံသားလေးဦးဆီတွင် အိုမီခရွန် ကိုဗစ်ရောဂါပိုးသစ်ဓာတ်ခွဲ အတည် ပြု တွေ့ရှိပြီးနောက် လူထုကြားတွင် ကူးစက်မှုမရှိစေရန် ကာကွယ်ရေးနည်းလမ်းများကို ဆက်ပြီး လိုက်နာရန် ကျန်းမာရေး တာဝန်ရှိသူများနှင့် ပရဟိတဆောင်ရွက်သူများက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်လုပ်ရပ်များကို စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်လာနေသည့်အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်ခြင်းအပြင် အခြားဒဏ် ခတ်အရေးယူမှုများ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ဥရောပသမဂ္ဂအီးယူက ပြောလိုက်သည်။

Download PDF