• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အကြား

လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အရ

နှစ်ဖက် လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ

၂၀၁၅  ခုနှစ်၊  နိုဝင်ဘာလ (၁၈) ရက်

 

နိဒါန်း

 

၁။   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်းများ၏ တပ်ဖွဲ့ဝင်များသည် သဘောတူညီချက် ကတိကဝတ်များကို ထိန်းသိမ်း လိုက်နာပြီး တိတိကျကျ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်သည်။ ထို့အပြင် ဤသဘောတူညီချက်ကို ချိုးဖေါက်ခြင်း၊ အငြင်းပွားခြင်းများ ရှိပါက သက်ဆိုင်ရာ အဖွဲ့ အစည်းဝင်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ အဆုံးအဖြတ်ကို ခံယူကြရမည်ဖြစ်ကြောင်း နားလည် သဘောတူညီကြပါသည်။

 

၂။   ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ကို အခြေခံ၍ အတူတကွ အကောင်အထည်ဖော် လုပ်ဆောင်ရန် နှစ်ဖက်မှ သဘောတူညီကြပါသည်။

ရည်ရွယ်ချက်

 

၃။   ဤစည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်းခြင်းအားဖြင့် ပြည်သူ လူထုအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေခြင်း၊ နှစ်ဖက်တပ်များအကြား ရန်လိုမှုများကို လျှော့ချ ခြင်း၊ ယုံကြည်မှုနှင့် တည်ငြိမ် ကောင်းမွန်သော အခြေအနေများကို ဖန်တီးတည်ဆောက် ခြင်းတို့မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ်ပါသည်။

 

အခန်း ()

အခြေခံမူများ

 

၎။   တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးဖြစ်ရာ နှစ်ဦးနှစ်ဖက်နှင့် သက်ဆိုင်သော ကိစ္စဟူသမျှကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရန်မူသော လုပ်ရပ်နှင့် ရန်မူသည့်သဘောကိုဆောင်သည့်  လုပ်ရပ်အားလုံးကို  ရပ်စဲပြီးဖြစ်သည်။  ထို့အပြင် အပစ်ရပ် နယ်မြေနှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး အကျိုးသက်ရောက်ရာ ဒေသအတွင်း နေထိုင်ကြသော ပြည်သူလူထုအပေါ် ဥပဒေနှင့်ဆန့်ကျင်သော ပြုကျင့်မှုများ မဖြစ်ပွားရေး စောင့်ထိန်းရန်နှင့် စစ်ရေးဆိုင်ရာ ရန်မူမှုများ အဆုံးသတ်ပြီးဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်က သဘောတူသည်။

 

၅။   နှစ်ဖက်တပ်များမှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာခြင်းအားဖြင့် နှစ်ဖက်တပ်များ အကြားတွင် သော်လည်းကောင်း၊ နှစ်ဖက်တပ်များနှင့် ပြည်သူလူထု အကြားတွင်သော်လည်းကောင်း၊ အပြန်အလှန် ယုံကြည်မှုကို ဖြစ်ထွန်းစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုအောင်မြင်စွာ  အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

 

၆။   အစိုးရနှင့် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည် ဖော်ဆောင်ရွက်နေစဉ်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များသည် နှစ်ဖက်သဘောတူ သတ်မှတ်ထားသည့် အပစ်ရပ် နယ်မြေများရှိ ပါဝင်ပတ်သက်သူအားလုံးအပေါ် သက်ရောက်မှု ရှိသည်။

 

အခန်း ()

 

အရပ်သားပြည်သူနှင့်ပတ်သက်၍

စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ

 

၇။   တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူသည် -

 

(က) ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက် ရန်။

 

(ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း နှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ။

 

(ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရ။

 

() ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုလုပ်ရ။

 

(ပြည်သူလူထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်။

 

(ဒေသခံများ၏ မြေယာများကို အဓမ္မသိမ်းပိုက်ခြင်းနှင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရ။

 

() အများပိုင် ပစ္စည်းများကို ပျက်စီးစေခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်းနှင့် ခွင့်ပြုချက် မရှိဘဲ ယူဆောင်ခြင်း မပြုလုပ်ရ။

 

(ဥပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အရေးများကို နှောင့်ယှက်ပိတ်ပင် ခြင်း၊ ပညာရေးဆိုင်ရာ ပစ္စည်းများနှင့်အတူ စာသင်ကျောင်း၊ အဆောက်အအုံများ ကို ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူနေသူများကို နှောင့်ယှက် ဟန့်တားခြင်း မပြုလုပ်ရ။

 

(ဈ) လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေခြင်း၊ အများ ပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဥပဒေအရ ခွင့်ပြုထားသည့် အများပြည်သူများအတွက် ဆေးဝါးများ သယ်ယူ ပို့ဆောင်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို နှောင့်ယှက် ဟန့်တားခြင်းများ မပြုလုပ်ရ။

 

() ပြည်သူလူထု၏ စားနပ်ရိက္ခာ စုဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ကောက်ပဲ သီးနှံများ ကို တစ်ပိုင်တစ်နိုင် သယ်ယူပို့ဆောင်ရောင်းချခြင်း၊ ကူးသန်း ရောင်းဝယ် ခြင်း လုပ်ငန်းများကို နှောင့်ယှက် ဟန့်တားခြင်း မပြုလုပ်ရ။

 

(စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေး အဆောက်အအုံ ပရဝဏ် များအား အကြောင်းမဲ့ဖျက်ဆီးခြင်း၊ ပျက်စီးမှု ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းနှင့် စစ်ဘက်ဆိုင်ရာ တပ်စခန်းချထားခြင်း မပြုလုပ်ရ။

 

(ပြည်သူလူထု၏ ဘာသာရေး၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းဆိုင်ရာ ထိန်းသိမ်း စောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ။

 

(အမျိုးသမီးများအား ဗလက္ကာယပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယား ပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာ ကျွန်ပြုခြင်း မပြုလုပ်ရ။

 

(ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါ ဖြတ်တောက်ခြင်း၊ ကလေး စစ်သားအဖြစ် စုဆောင်း/စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့်အခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီး ခေါ်ဆောင်ခြင်းများ မပြုလုပ်ရ။

 

() ပြည်သူလူထုကို ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း မပြုလုပ်ရ။ 

() အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက် ရေးအတွက် ဆောင်ရွက်ပေးရန်။

 

() အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကျမှု မရှိဘဲ အပစ်ရပ်နယ်မြေများ အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်။

 

အခန်း ()

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ

 

၈။   အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တပ်ပိုင်းဆိုင်ရာ ကိစ္စ များနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို လိုက်နာရန် သဘောတူသည် -

 

(က) အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှား ခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင် တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီး ခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်။

 

(တဖက်နှင့်တစ်ဖက် ရန်မူသည့် (သို့မဟုတ်) စော်ကားမှုဖြစ်စေသည့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သည့် လုပ်ရပ်များကို မပြုလုပ်ရ။

 

(နေရာချထားရာတွင် လိုအပ်သော အုပ်ချုပ်ထောက်ပံ့ရေး၊ အရေးပေါ် ဆေးကုသရေး၊ တပ်လဲလှယ်ရေးတို့နှင့် ပတ်သက်သည့် လုပ်ဆောင်မှုများမှအပ အပစ်ရပ် နယ်မြေတွင် အင်အားအသစ် ဖြည့်တင်းခြင်း၊ နှစ်ဖက် သဘောတူညီထားသော တပ်စခန်းများမှအပ စခန်းအသစ်များ ထပ်မံဆောက်လုပ်ခြင်းနှင့် လက်နက်ခဲယမ်း များ ထပ်မံဖြည့်တင်းခြင်းများ မပြုလုပ်ရန်နှင့် တိုင်းပြည် ကာကွယ်ရေးအတွက် ဖြစ်စေ၊ ပြည်ပရန် ကာကွယ်ရေးအတွက်ဖြစ်စေ လိုအပ်လာပါက အပစ်ရပ်နယ်မြေ အတွင်း ဖော်ပြပါစစ်ရေးဆိုင်ရာပြင်ဆင်မှုများကို နှစ်ဖက်ညှိနိုင်း၍ ပြုလုပ်သွား ရန်။

 

() တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူသစ်စုဆောင်းခြင်း ကိစ္စကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များနှင့်အညီ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

 

(ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ပရဝဏ်များ အတွင်းနှင့် ယဉ်ကျေးမှု ရိုးရာဓလေ့ဆိုင်ရာ နေရာ၊ လူထုနှင့်ပတ်သက်သောနေရာ များတွင် စစ်ရေးဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်။

 

(ငြိမ်းချမ်းရေး တိုးတက်ဖြစ်ပေါ်မှုနှင့်အညီ နှစ်ဖက်တပ်များ ခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော် အစိုးရနှင့် တစ်ဆင့်ချင်းညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်သွားရန်။

 

() အဖွဲ့အစည်းများအကြား ရန်လိုသော ဝါဒဖြန့်ချိမှုများ၊ မမှန်မကန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ပြောဆိုမှုများ၊ အသရေဖျက်သည့် ထုတ်ပြန်မှု များကို ပြည်တွင်း၌ သော်လည်းကောင်း၊ ပြည်ပ၌ သော်လည်းကောင်း မပြု လုပ်ဘဲ ရှောင်ကြဉ်ရန်။

 

(အပစ်ရပ် နယ်မြေအတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော အရေးပေါ် အခြေအနေများတွင် နှစ်ဘက် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ  လုပ်ကိုင်ခြင်း၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးပစ္စည်းများ အရေးပေါ် ရွေ့ပြောင်း ခြင်းများကို ညှိနှိုင်း လုပ်ဆောင်ရန်။

 

(ဈ) အပစ်ရပ် နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးကိစ္စကို ညှိနိုင်း ဆောင်ရွက်ရန် နှင့် ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့်အညီဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း၍ အရေးယူ ဆောင်ရွက်ရန်။

 

() အပစ်ရပ် နယ်မြေများတွင် တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စများကို ညှိနှိုင်း ဆောင် ရွက်ရန်။

 

(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်းကို လက်မှတ်ရေးထိုးသည့် အချိန်မှစ၍ (၂၄) နာရီအတွင်း မိမိကွပ်ကဲ မှုအောက် အဆင့်ဆင့်သို့ ညွှန်ကြားရန်နှင့် စာချုပ်ပါ အချက်အလက်များကို ()ရက်အတွင်း ရှင်းလင်း အသိပေးရန်။

(နှစ်ဖက် အောက်ခြေအဆင့်တွင် ဖြစ်ပေါ်သည့်ပဋိပက္ခများအား အင်အား အသုံး ပြု၍ ဖြေရှင်းခြင်း မပြုလုပ်ရ။

 

(မတော်တဆ ဖြစ်ပွားသော ထိတွေ့မှုများကြောင့် ဖမ်းဆီးရမိသူများ၊ လက်နက်ချ သူများ ရှိလာပါက နှစ်ဦးနှစ်ဖက် အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်း () ခု၏ ဘုံ အာတီကယ် () အတိုင်း လိုက်နာဆောင်ရွက်ရန်။

 

ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန်

လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း

 

၉။   တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ဖွဲ့များသည် ထိပ်တိုက် ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် မိမိတို့၏ လက်နက်ကို်င်တပ်ဖွဲ့များ နေရာပြန်လည် ချထားခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

(က) နှစ်ဖက် တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြား ဆက်သွယ် မှု နည်းလမ်းများ ရယူလျက် ချက်ချင်း ဆောင်ရွက်ရန်။

 

(လက်နက်ကိုင်အဖွဲ့များ နေရာချထားရေး သတ်မှတ်ရာတွင် ထိပ်တိုက် ထိတွေ့ ရင်ဆိုင်မှု မဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန်။

 

(နှစ်ဖက်ညှိနှိုင်းဆဲနှင့် လက်နက်ကိုင်အဖွဲ့များ နေရာချထားရန် ခက်ခဲနေဆဲ ဒေသများတွင် နှစ်ဖက်တပ်မှူးများ ပုံမှန် အဆက်အသွယ်ပြုလုပ်၍ ညှိနှိုင်း ဆောင်ရွက်သွားရန်။

() တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား သတ်မှတ်နေရာများတွင်သာ ထားရှိရန်။

 

(နှစ်ဖက် တိုက်ရိုက် ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်း အကောင်အထည် ဖော်ဆောင်ရွက်ရန်။

 

(သက်ဆိုင်ရာ တပ်စခန်းနှင့် နယ်မြေတစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်ရေး လမ်းကြောင်း လုံခြုံရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ဤသဘောတူ စာချုပ်ကို အခြေခံ၍ နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်ရန်။

 

တပ်ဖွဲ့ဝင်များ လွတ်လပ်စွာ သွားလာခွင့်

     

၁၀။  တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် လွတ်လပ်စွာ သွားလာခွင့်နှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

 

(က) လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကို မဆို လက်နက်ကိုင်ဆောင်ခြင်း မရှိဘဲ အရပ်ဝတ်ဖြင့် လွတ်လပ်စွာသွားလာခွင့်ပြုရန်။

 

(တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်လာပါက နှစ်ဖက် ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန်။

 

အခန်း ()

အထွေထွေ ကိစ္စရပ်များ

 

၁၁။  နှစ်ဖက်သဘောတူညီချက်သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှု ကာလအတွင်း တရားဝင်သည်။ ထိုကာလအတွင်း တိုးတက်ဖြစ်ထွန်းလာသော အခြေအနေနှင့် လျော်ညီစွာ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်လာပါက နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်၍ JICM ၏ အတည်ပြုချက် ရယူရမည်။

 

၁၂။  ဤသဘောတူညီချက်ကို နေပြည်တော်၌ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်သူ ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စားလှယ်များ

 

 

၁။         ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်                    

            အမှတ်() စစ်ဆင်ရေး အထူးအဖွဲ့မှူး

 

၂။         ဦးခင်မောင်စိုး                                      

            ပြည်ထောင်စုဝန်ကြီး

 

၃။         ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်                   

            စစ်ဥပဒေချုပ်

 

၎။         ဗိုလ်ချုပ် ထွန်းထွန်းနောင်                        

            အမှတ်() စစ်ဆင်ရေး အထူးအဖွဲ့မှူး

 

၅။         ဗိုလ်ချုပ် အောင်ကျော်ဇော                       

            အမှတ်() စစ်ဆင်ရေး အထူးအဖွဲ့မှူး

 

၆။         ဗိုလ်ချုပ် မင်းနောင်                                

            အမှတ်() စစ်ဆင်ရေး အထူးအဖွဲ့မှူး

 

၇။         ဦးမြင့်စိုး                                            

            ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)     

 

၈။         ဗိုလ်ချုပ် အောင်စိုး                                

            ဒုတိယ ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန

၉။         ဗိုလ်မှူးကြီး ဝဏ္ဏအောင်                                

            ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)

 

၁၀။        ဒေါက်တာ မင်းဇော်ဦး                                   

            အစီအစဉ် ညွှန်ကြားရေးမှူး

            ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းအကောင်အထည်ဖော်

            ဆောင်ရွက်မှုအစီအစဉ်

            မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန

 

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ

 

 

၁။   ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး                               

      စစ်ထောက်ချုပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)

      ဗဟိုအမြဲတမ်း ကော်မတီ၊ ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး (KNU)

 

၂။   ဗိုလ်ချုပ် စောနေစိုးမြ                                   

      စစ်ရေးချုပ်၊

      ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်

      (ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLA PC)

 

၃။   ဒေါက်တာ ရွှေခါးရ်                                      

      လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်()၊ ချင်းအမျိုးသားတပ်ဦး (CNF)

 

၎။   ဗိုလ်မှူး စောကျော်သန်းဌေး                            

      ဆက်ဆံရေး တာဝန်ခံချုပ်၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)

 

၅။   ဒုတိယ ဗိုလ်မှူးကြီး ခွန်အောင်မန်း                    

      စစ်ဦးစီးမှူး/ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်

      ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)

 

၆။   ရဲဘော် ဆလိုင်းယောအောင်                                

      ဗဟို ဦးဆောင် ကော်မတီဝင်

      မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

 

၇။   ဒုတိယ ဗိုလ်မှူးကြီး ခိုင်မျိုးချစ်                               

      ဗဟို စစ်ဦးစီးမှူး အဖွဲ့ဝင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)

 

၈။   ဗိုလ်မှူးကြီး ဆောင်းဟန်                                     

      ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊

      သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)

 

၉။   ပဒို စောတာဒိုမူး                                               

      ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး (KNU)

 

၁၀။  စိုင်းလျန်း                                                       

      ဗဟိုကော်မတီဝင်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)

Download PDF