Books

  • Home/
  • Books

ကျမနှင့် တော်လှန်ရေးခရီးစဉ်

Author: ရှယ်လီဆိုင်း
Publish Date: 15 Sep, 2014
Category: Books

Book Review

ဤစာအုပ်ကို ရေးသူမှာ ကေအိုင်အို (KIO) ဥက္ကဋ္ဌဟောင်း (ကျဆုံး) ဗိုလ်ချုပ်ဇော်ဆိုင်း၏ဇနီးဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်၏ ဇနီးဘ၀မဖြစ်ခင် (၁၀) တန်းစာမေးပွဲဖြေဆိုပြီးချိန်တွင် ထိုင်းနိုင်ငံသို့ ပညာသင်သွားရန် ကေအိုင်အိုက ရွေးချယ်ခဲ့ပုံမှစပြီး ဗိုလ်ချုပ်ဇော်ဆိုင်းနှင့် အကျဉ်းရုံးလက်ထပ်ခဲ့ကြပုံ၊ ဗိုလ်ချုပ်ဇော်ဆိုင်းက အလုပ်များသဖြင့် အတူတူ နေကြရချိန်က နည်းခဲ့ပုံ၊ သူ့ပညာဆက်လက်သင်ကြားရေးအတွက် စီစဉ်ပေးခဲ့ပုံ၊ ဗိုလ်ချုပ်ဇော်ဆိုင်း လုပ်ကြံခံရပြီးနောက် ထိုင်းနိုင်ငံတွင် နောက်ဆုံးကလေးကိုယ်ဝန်အရင့်အမာဖြင့် ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပုံ၊ နိုင်ငံရေးလှုပ်ရှားမှုထဲသို့ ပြန်ရောက်လာ ရပုံတွေကို ရေးသားထားသည်။

         စာရေးသူက သူဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို ရေးသားရင်း ကချင်တော်လှန်ရေးအဖွဲ့ပေါ်လာပုံ၊ လှုပ်ရှားဆောင်ရွက်ခဲ့သည့် သမိုင်းတို့ကိုပါ ထည့်သွင်းရေးသားထားသည်။ ဤစာအုပ်သည် ကချင်လူမျိုးတို့အနေဖြင့် မည်သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးလုပ် ရသလဲဆိုသည်ကို ခြေရာခံနိုင်သော စာအုပ်ဖြစ်သည့်အပြင် ငြိမ်းချမ်းသော၊ စစ်မက်ကင်းသော တိုင်းပြည်ဖြစ်လာရေးဆန္ဒကိုပါ ဖော်ထုတ်ထား သည့် စာအုပ်ဖြစ်သည်။

စာရေးသူက သူ့စိတ်ခံစားမှုကို ဤသို့ ရေးသားထားပါသေးသည်။

         ''ကျမသည် မြန်မာပြည်နှင့်ပတ်သက်လျှင် အကြောက်တရား လွှမ်းမိုးမှုကို အမြဲတမ်းခံနေရသည်။ ကျမသည် ယခုအချိန်အထိ ကြောက် ပြီး နေနေရသည်။ ယနေ့ထိတိုင် မြန်မာပြည်ပြန်ရန်လည်း ကြောက်နေသေးသည်။ ဘယ်အချိန်ကာလတွင် မည်သို့စစ်ဆေးခံရမည်ကို မသိနိုင်သော အခြေအနေဖြစ်သည်။ ဤထိုင်းနိုင်ငံတွင်လည်း အမြဲတမ်းကြောက်ပြီး နေနေရသည်။ ထိုအကြောက်တရားသည် ယခု အထိ ရှိနေသေးသည်။ မြန်မာပြည်ပြောင်းလဲမှုဖြစ်ရန်အတွက်လည်း များစွာလိုသေးသည်။''

ဤရေးသားချက်ကို ဖတ်ပြီး ဖိနှိပ်မှုတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေက ဘ၀လုံခြုံမှုကို အာမခံချက်မပေးနိုင်ခြင်းကို သတိပြုမိလိမ့်မည် ထင်သည်။

Download PDF

Related Books