Books
- Home/
- Books
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၁၄ ခုနှစ်က ထုတ်ခဲ့သောစာအုပ်ဖြစ်သည်။ ဗမာပြည်ထဲတွင်ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေးနှင့် ရှုပ်ထွေးပွေလီလှသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ သုတေသနလုပ်ထားသော စာတမ်းကို စုစည်းထုတ်ဝေ ခြင်းဖြစ်သည်။ သုတေသနပြု သုံးသပ်ချက်စာတမ်းများကို ဆလိုင်းလျန်မှုန်းနှင့် ပေါလ်ကီးနန်တို့က ရေးသားထားသည်။
တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခအဆုံးသတ်တော့မှာလား၊
၂၀၀၈ ဖွဲ့စည်းပုံနှင့် တိုင်းရင်းသားကိစ္စ၊ ကိုးကန့်တပ်နှင့် ထိပ်တိုက်တွေ့မှု များပြီး
တော့ နောက်ဘာဆက်ဖြစ်မလဲ၊ တိုင်းရင်းသားများနှင့် ချုပ်ဆိုသော အပစ်အခတ်ရပ်စဲရေးစာချုပ်များ၊
မလွယ်ကူလှသော ငြိမ်းချမ်းရေး၊ ဗမာပြည်ကြားဖြတ် ရွေးကောက်ပွဲ၊ ရှမ်းပြည်မှ ငြိမ်းချမ်းရေးအားထုတ်မှုများ၊
မွန်ပြည်အခြေအနေအနေ၊ ရခိုင်ပြည်အတွင်း ငြိမ်းချမ်းရေးရှာဖွေခြင်း၊ ကချင်ပြည်အတွက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်၊
တိုင်းရင်းသားနိုင်ငံရေးမဟာမိတ်များ၊ လိုင်ဇာသဘောတူညီချက်၊ လော်ခီးလာညီလာခံ... အစရှိသည့်
သုံးသပ်ချက်၊ အကဲဖြတ်ချက် စာတမ်းများ ပါဝင်သည်။