Books

  • Home/
  • Books

စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး (ဆောင်းပါးပေါင်းချုပ်)

Author: နိုင်ဟံသာ
Publish Date: 13 Jul, 2014
Category: Books

Book Review

''ဆောင်းပါးများမှ သဘောထားများသည် ကျနော် နိုင်ဟံသာ တဦးတည်း၏ပုဂ္ဂိုလ်ရေးအမြင်သဘောထားထက် တိုင်းရင်းသားအများစု၏ အမြင်သဘောထားအဖြစ် မှတ်ယူစေလိုသည်။' စာရေးသူက အမှာစာတွင် ဤသို့ ရေးထားသည်။ စာအုပ်တွင်ပါဝင်သော ဆောင်းပါးများအနက် ပြည်ထောင်စုအတွင်း တိုင်းရင်းသားများ ၏ အဆင့်နေရာ၊ ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်မည်ဆိုပါလျှင်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့ ဘာကြောင့်လိုအပ်သလဲ၊ ဒုတိယပင်လုံညီလာခံနှင့် အမျိုးသားရင်ကြားစေ့ရေးအပေါ် မျှော်လင့်ချက်၊ မဟာလူမျိုးကြီးဝါဒကို ဆက်လက် ကျင့်သုံးသွားမှာလား၊ ဒီမိုကရေစီနဲ့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်း၊ နိုင်ငံခြားအရင်းအနှီးနှင့် ရှမ်း/ကချင်ပြည်နယ် အတွင်း လက်နက်ကိုင်ပဋိပက္ခ... စသည့် ဆောင်းပါးတွေက နာမည်ဖတ်ရရုံနှင့် စိတ်ဝင်စားစရာဖြစ်သည်။

ခွန်းမတ်ရ်ကိုဘန်၏အမှာစာတွင် ''ပင်လုံစိတ်ဓာတ်သည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများ အချင်းချင်း လူမျိုးကြီး၊ လူမျိုးငယ် ဖိနှိပ်ချုပ်ချယ်သော ပုံစံအားလုံးကို ဖယ်ရှားကာ လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှု ရှိ၍ ....'' ဆိုပြီး ရေးသားထားသည်။

စာရေးသူနိုင်ဟံသာကလည်း သူ့အမှာစာတွင် ''မြို့နေဗမာအများစုသည် ဗမာမဟုတ်သော တိုင်းရင်းသားတို့၏ နစ်နာချက်ကို မသိနားမလည်ကြပါ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်နေကြသည်ကို အစိုးရ၏၀ါဒဖြန့်ချိမှုအတိုင်း သောင်းကျန်းခြင်း၊ အဖျက်အမှောက်လုပ်ခြင်းများဟုသာ ထင်မြင်နေကြ သည်။ .... သာမန်ပြည်သူများမဆိုထားနှင့် နိုင်ငံရေးသမားအချို့ကပါ ထိုသို့ရှုမြင်နေကြသည်။'' ဟူ၍ရေးသားထားခြင်းကိုပါ ဖတ်ရှုရမည့်စာအုပ်ဖြစ်သည်။


Download PDF

Related Books