Books

  • Home/
  • Books

ဇာတိမြေမှ ယနေ့တိုင်

Author: နိုင်ငွေသိမ်း
Publish Date: 6 Oct, 2014
Category: Books

Book Review

လက်နက်ကိုင်တော်လှန်ရေးသမားဘ၀တုန်းက အတွေ့အကြုံများ၊ မြေပေါ်နိုင်ငံရေးပါတီခေါင်းဆောင်ဘ၀အတွေ့အကြုံများ၊ တော်လှန်ရေးသမားနှင့် နိုင်ငံရေးသမား၏အဆက်အစပ်ဖြစ်သော အကျဉ်းသားဘ၀အတွေ့အကြုံများ အပါအ၀င် အမြင်အယူအဆများကို ရေးသားထားသည်။ ထို့ပြင် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကာလနိုင်ငံရေးလှုပ်ရှားမှုများကိုလည်း အပိုင်း (၂) အဖြစ် ရေးသားထားသည်။

တော်လှန်ရေး၊ နိုင်ငံရေးဖြတ်သန်းမှုနောက်ခံသမိုင်း၊ ကျနော်နှင့်အကျဉ်းထောင်၊ ကျနော်နှင့်ထိုင်းခရီး၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးမှသည် တောင်ကြီးညီလာခံသို့၊ မွန်ပြည်သစ်ပါတီသို့ ရေးသားပေးပို့သည်စာတမ်း၊ ဘယ်လိုရှေ့ဆက်မလဲ... အစရှိသည့် အတွေ့အကြုံ၊ အတွေးအမြင်စာတွေ ပါဝင်သည်။

ဤစာအုပ်၏စာမျက်နှာ ၁၉ တွင် စာရေးသူက ဤသို့ရေးထားသည်ကိုလည်း ဖတ်ရသည်။

''ကျနော့်ဘ၀တွင် မော်လမြိုင်အကျဉ်းထောင်ကို သုံးကြိမ်၊ ရန်ကုန်ထောင်နှင့် အင်းစိန်အကျဉ်းထောင်ကို တကြိမ်စီရောက်ခဲ့ ဖူးပါသည်။''

၁၉၄၈ လွတ်လပ်ရေးရပြီးစတွင် ထောင်ကျခဲ့သည်။ န၀တ၊ နအဖခေတ်များတွင်လည်း ထောင်ကျခဲ့သော အတွေ့အကြုံများကိုပါ ဖတ်ရှုရမည့်စာအုပ်။    

       

       






Download PDF

Related Books