• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

နိဒါန်း

၁။   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (Ethnic Armed Organizations - EAOs) အကြား တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) ကို နေပြည်တော်တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့၌ လက်မှတ် ရေးထိုးပြီး ဖြစ်သောကြောင့် စာချုပ်တွင် ဖော်ပြထားသည့်အတိုင်းပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ  ပူးတွဲ စောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်ကို ဤလုပ်ငန်းလမ်းညွှန်ပါအတိုင်း ဖွဲ့စည်း သွားမည် ဖြစ်ပါသည်။ ထိုကော်မတီ အဆင့်ဆင့်၏ အကောင်အထည် ဖော်ဆောင်မှုဖြင့် လက်နက်ကိုင် ပဋိပက္ခများအား လျော့ကျ ရပ်စဲစေရန် ဦးတည်၍ နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အထောက်အကူပြုစေရန် သဘောတူကြပါသည်။

 

အခန်း ()

ရည်ရွယ်ချက်

 

၂။   တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေ၊ ဤသဘောတူ စာချုပ်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှု ကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက် အကူပြုရန်။

အခန်း ()

အခြေခံမူများ

 

၃။   “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့် သည် အောက်ပါ အခြေခံမူများအတိုင်း ဆောင်ရွက်သွားရန် သဘောတူကြသည် -

(က) လုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်ထည်ဖော်ရာတွင် ဘက်လိုက်မှု ကင်းခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာ ရှိမှုတို့ကို အခြေခံရန်။

(နှစ်ဘက် အောက်ခြေအဆင့်တွင် ဖြစ်ပေါ်နိုင်သည့် ပဋိပက္ခများအား အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ ညှိနှိုင်း အဖြေရှာခြင်း နည်းလမ်းကို အသုံးပြုရန်။

(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူချက် စာချုပ်ပါ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များအတိုင်း စောင့်ထိန်း အကောင်အထည်ဖော်ရန်။

() တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ဖော်ပြပါရှိ သည့် နှစ်ဖက်အပြန်အလှန် ထားရှိသော ကတိကဝတ်များကို စောင့်ထိန်းရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း စသည့် နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန်။

(ငြိမ်းချမ်းရေး ဆွေးနွေးဘက်များအကြား ဝိဝါဒ ကွဲပြားမှုများကို ရေရှည် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေး စိတ်ရင်း စေတနာမှန်ဖြင့် အကြေအလည် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်။

(အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူအခွင့် အရေးဆိုင်ရာ ဥပဒေများကို အသိအမှတ်ပြု လေးစားရန်။

 

အခန်း ()

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ

 

ဖွဲ့စည်းပုံ

၎။   ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှ အောက်ပါအတိုင်း ဖွဲ့စည်းပေးရမည် -

(က) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နှစ်ဖက်လက်ခံသော အများယုံကြည်လေးစားရသည့် အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်။ ထိုသို့ ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ကိုယ်စားလှယ် (၁၀) ဦးစီဖြင့် လည်း ကောင်း၊ နှစ်ဘက်မှ အဆိုပြုသော အများယုံကြည်လေးစားသည့် အရပ်သား ကိုယ်စားလှယ် () ဦးစီဖြင့်လည်းကောင်း စုစုပေါင်း (၂၆) ဦးဖြင့် ဖွဲ့စည်း သွားမည်။

(ပြည်ထောင်စု အဆင့်ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို အောက်ပါအတိုင်း တာဝန်ခွဲဝေ ဆောင်ရွက်သွားမည် -

            (ဥက္ကဋ္ဌ                  (အစိုးရ)

            (ဒုတိယဥက္ကဋ္ဌ()     (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း)

            (ဒုတိယဥက္ကဋ္ဌ()     (အရပ်သား)

            (အဖွဲ့ဝင်များ

            (အတွင်းရေးမှူး()    (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း)

            (အတွင်းရေးမှူး()    (အစိုးရ)

(ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ ကော်မတီအဖွဲ့ဝင် အရေအတွက်နှင့် ကော်မတီဝင်များကို  ပြောင်းလဲ တာဝန် ပေးအပ်လိုပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး၏ အတည်ပြုချက် ရယူ၍ ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်

 

၅။   ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ဖော်ပြထားသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပူးတွဲ ညှိနှိုင်းအကောင် အထည်ဖော်ဆောင်ရန် တာဝန်ရှိသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် ဖော်ပြထားသော သဘောတူညီချက် များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် သက်ဆိုင်သော အချက်များ ဖြစ်သည်။ ယင်းအချက်များကို အကောင်အထည်ဖော်မှုနှင့် ချိုးဖောက်မှုများကို စောင့်ကြည့် စိစစ်ရန်အတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၌ အဓိက တာဝန်ရှိသည်။

၆။   ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စောင့် ကြည့်မှု လုပ်ငန်းစဉ်များကို တာဝန်ခံဆောင်ရွက်ရန်နှင့် လိုအပ်ပါက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေးသို့ တင်ပြရမည်။ 

 

၇။   လူလုပ်နှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ များ (IDPs) နှင့် ပဋိပက္ခဒဏ် ခံစားရသူများအား လူသားချင်းစာနာသည့် အခြေခံ အထောက် အပံ့များ ပေးအပ်မှုကို ညှိနှိုင်း ဆောင်ရွက်ရမည်။ 

 

၈။   နှစ်ဖက် သဘောတူထားသည့် တပ်နေရာ ပြန်လည်ချထားရေး အစီအစဉ် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရမည်။

 

၉ ။  တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေ၊ ဤသဘောတူ စာချုပ်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာခြင်း၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ရမည်။

 

၁၀။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်ဆောင်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) မှ လိုအပ်ချက်အရ အချက် အလက်များ တောင်းဆိုလာလျှင် ပြန်လည် ဖြေကြားပေးရမည်။

 

၁၁။  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ယန္တရား တစ်ခုလုံးကို စီမံခန့်ခွဲရန်အတွက် လိုအပ်သော ဘဏ္ဍာငွေ သုံးစွဲမှုနှင့် လုပ်ငန်း ဆောင်ရွက် ချက်များကို ()လ တစ်ကြိမ် အစီရင်ခံစာ ပြုစုပြီး အနီးစပ်ဆုံး ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) သို့ အစီရင်ခံ တင်ပြသွားရန်နှင့်  အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှုအား ပြည်သူလူထု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနှင့် နိုင်ငံတကာသို့ ထုတ်ပြန် အသိပေးသွားရမည်။

 

၁၂။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ ဖြေရှင်းနိုင်ခြင်း မရှိသော ကိစ္စရပ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ တင်ပြရမည်။

 

၁၃။  အလွန်အမင်း စိုးရိမ်ရသည့် ချိုးဖောက်မှု ဖြစ်ပေါ်လာပါက ပြည်ထောင်စုအဆင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ စိစစ်အတည်ပြုရေးကို ဆောင်ရွက်ရမည်။ စုံစမ်း တွေ့ရှိချက် ကို သက်ဆိုင်ရာ အဖွဲ့အစည်းထံသို့ ပေးပို့၍ ၎င်းတို့၏ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း ဥပဒေများနှင့် အညီ ဆက်လက် အရေးယူ ဆောင်ရွက်ရမည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ လုပ်ပိုင်ခွင့်များ

 

၁၄။  အကောင်အထည် ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှ အတည်ပြုထားသော ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်း ဆိုင်ရာ အခြေခံမူများနှင့် ကွဲလွဲခြင်းမရှိစေဘဲ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသည် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ [State Level Joint Ceasefire Monitoring Committee (JMC-S)] ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းလမ်းညွှန်နှင့် အကောင် အထည်ဖော်ဆောင်မည့် နယ်နိမိတ်ကို သတ်မှတ် အတည်ပြုပေးရမည် ဖြစ်သည်။

 

၁၅။ တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီမှ လိုအပ်ချက်အရ တင်ပြလာသော ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) များကို စိစစ် အတည်ပြုပေးရမည်။

 

၁၆။  လက်မှတ်ရေးထိုးထားသော နှစ်ဖက်အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) နှင့် သက်ဆိုင်သော အချက်များကို ချိုးဖောက်မှုများ ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး / ပြည်နယ် အဆင့်များမှ မဆုံးဖြတ်နိုင်သည့် ကိစ္စရပ်များ တင်ပြလာလျှင် ညှိနှိုင်း ဖြေရှင်းပေးရမည်။

 

၁၇။  နှစ်ဖက် တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိ စေရေး အတွက် တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်း အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် တင်ပြချက်များကို အခြေခံပြီး ဆုံးဖြတ်ချက်များ ချမှတ်ပေး ရမည်။

 

၁၈။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသည် လိုအပ်လာပါက စိစစ် အတည်ပြုရေးအဖွဲ့ကို ဖွဲ့စည်းပြီး သင့်လျော်သည့် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲ ချမှတ်၍ သက်ဆိုင်ရာဒေသသို့ စေလွှတ် အကောင် အထည်ဖော် ဆောင်ရွက်စေရမည်။

 

၁၉။  ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ် ခံစားရသူများ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် စပ်လျဉ်းပြီး NGO နှင့် INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရမည်။

 

၂၀။  ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs) အား ၎င်းတို့၏ ဆန္ဒအတိုင်း မူလ ဒေသများသို့ ပြန်လည်နေထိုင်ခြင်းကို ဦးစားပေး ဆောင်ရွက်ရန်သော်လည်းကောင်း၊ သင့်လျော်ရာနေရာတွင် ရွာသစ် တည်ထောင်ပေးစေလိုလျှင်သော်လည်းကောင်း၊ ဘေးကင်း လုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖြစ်စေရန် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။

 

၂၁။  ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs) နှင့် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက် လာသည့် ဒုက္ခသည်များအား စိစစ်၍ ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များကို  ပူးတွဲ ညှိနှိုင်း ဆောင်ရွက်ပေးရမည်။

 

၂၂။  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အခန်း()၊ အပိုဒ်(၁၃)၊ အပိုဒ်ခွဲ () အရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်သည် နှစ်ဖက် သဘောတူထားသည့် တပ်နေရာ ပြန်လည်ချထားရေး အစီအစဉ် အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရမည်။

 

၂၃။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသတွင်မဆို ကော်မတီဝင်များ၏ သဘောတူညီချက်ဖြင့် တွေ့ဆုံဆွေးနွေး အစည်းအဝေး ပြုလုပ်ခွင့် ရှိစေရမည်။

 

၂၄။  စိစစ်အတည်ပြုရေးအဖွဲ့များ၏ အကောင်ထည်ဖော်ဆောင်မှုအတွက် မည်သည့်အဖွဲ့ အစည်းဘက်ကမှ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း တားမြစ်ခြင်း၊ နှောင့်နှေးစေခြင်း၊ ကန့်သတ်ခြင်းစသည့် အပြုအမူများ မရှိစေရန်ဆောင်ရွက် ပေးရမည်။

 

၂၅။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် တိုင်းဒေသကြီး / ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများမှ တင်သွင်းလာသည့် ခန့်မှန်းကုန်ကျငွေကို စိစစ် အတည်ပြုပေးရမည်။

 

၂၆။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ်မည့်ခန့်မှန်း ကုန်ကျငွေများကို အတည်ပြုပြီး အစိုးရ၊ သက်ဆိုင်ရာ အထောက်အပံ့ပေးမည့် အလှူရှင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းရယူ ဆောင် ရွက်သွားရမည်။

 

၂၇။  နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအား နည်းပညာ အထောက်အကူပြု အကြံပေး နှင့် လေ့လာသူများအဖြစ် ခေါ်ယူမည်ဆိုပါက ခေါ်ယူမည့်သူများ၏ အရည်အချင်းကို နှစ်ဘက်ညှိနှိုင်း၍ ကြိုတင် သတ်မှတ်ပြီး သင့်လျော်သော အရေအတွက်ကို လိုအပ်သလို ဖိတ်ခေါ် ဆောင်ရွက်နိုင်သည်။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများမှ လိုအပ်ချက်အရ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအား နည်းပညာ အထောက်အကူပြု အကြံပေးနှင့် လေ့လာသူများအဖြစ် တောင်းခံလာပါက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ စိစစ်အတည်ပြုချက်ဖြင့် စေလွှတ်နိုင်သည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ပြုလုပ်ခြင်းနှင့်

ဆုံးဖြတ်ချက်ချမှတ်ခြင်း

 

၂၈။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ပုံမှန် အစည်းအဝေးအား () လ တစ်ကြိမ် ကျင်းပပြုလုပ်ရန်နှင့် လုပ်ငန်း လိုအပ်ချက်အရ အရေးပေါ်အစည်းအဝေးအား ခေါ်ယူရမည်။

 

၂၉။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ပုံမှန် အစည်းအဝေးသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ကိုယ်စားလှယ် () ဦးစီ၊ အရပ်သား ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အရေးပေါ် အစည်းအဝေးသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် () ဦးစီ တက်ရောက်လျှင် အစည်း အဝေး အထမြောက်သည်။

 

၃၀ ။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက်ချရာတွင် လုံလောက်သော စုပေါင်းသဘောထားပုံစံ (Sufficient Consensus) ဖြင့် ဆုံးဖြတ်စေရမည်။ လုံလောက်သော စုပေါင်းသဘောထားပုံစံ ဆိုသည်မှာ အနည်းဆုံးအနေဖြင့် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် အရပ်သား ကိုယ်စားလှယ် အစုအဖွဲ့တိုင်းမှ အစည်းအဝေး တက်ရောက်သူ အများစု၏ သဘောတူညီမှုကို ဆိုလိုသည်။ အရပ်သား အစုအဖွဲ့၏ ဆုံးဖြတ်ချက် ချနိုင်ခွင့်ရှိရန်အတွက် အနည်းဆုံး အရပ်သား ကိုယ်စားလှယ် () ဦး အစည်းအဝေး တက်ရောက်ရမည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ သက်တမ်းနှင့် ပြန်လည်သုံးသပ်ခြင်း

 

၃၁။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ သက်တမ်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်  အကောင်အထည်ဖော်မှုဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးမှ သတ်မှတ်သည့် အတိုင်းဖြစ် သည်။

၃၂။  ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ဖွဲ့စည်း တည်ထောင်ပြီးနောက် () လအတွင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဖွဲ့စည်းပုံအား ပြန်လည်သုံးသပ်ပြီး နှစ်စဉ် ပုံမှန် ပြန်လည်သုံးသပ်ရမည်။

 

၃၃။  ဤလုပ်ငန်းလမ်းညွှန်ကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အစည်းအဝေးတွင် အထက်ပါ အပိုဒ် (၃၀) နှင့်အညီ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်၍ ပြင်ဆင် ဖြည့်စွက်နိုင်သည်။ 

 

အခန်း ()

တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ

 

ဖွဲ့စည်းပုံ

 

၃၄။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး ကော်မတီ (State Level Joint Ceasefire Monitoring Committee - JMC-S) ကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ အောက်ပါအတိုင်း ဖွဲ့စည်းပေးရမည် -

 

(က) တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် နှစ်ဘက်လက်ခံသော အများယုံကြည် လေးစားရသည့် အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်။ ထိုသို့ ဖွဲ့စည်း ရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကိုယ်စားလှယ် () ဦးစီဖြင့် လည်းကောင်း၊ နှစ်ဘက်မှ အဆိုပြုသော အများ ယုံကြည်လေးစား သည့် အရပ်သား ကိုယ်စားလှယ် () ဦးစီဖြင့် လည်းကောင်း စုစုပေါင်း (၁၄) ဦးဖြင့် ဖွဲ့စည်းသွားမည်။

 

(တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို အောက်ပါအတိုင်း တာဝန်ခွဲဝေ ဆောင်ရွက်သွား မည်-

 

(ဥက္ကဋ္ဌ (အစိုးရ)

      (သတ်မှတ် (Focal) တိုင်းမှူး)

(ဒုတိယ ဥက္ကဌ () (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)

      (ဗဟိုမှ တာဝန်ပေးအပ်ထားသော တပ်မဟာမှူး/စစ်ဒေသမှူး)

(ဒုတိယ ဥက္ကဌ () (အရပ်သား)

(အဖွဲ့ဝင်များ

     (ကက)   လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး

     (ခခ)      တိုင်းဒေသကြီး / ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူး

     (ဂဂ)      တိုင်းဒေသကြီး / ပြည်နယ် ရဲတပ်ဖွဲ့မှူး

      (ဃဃ)   (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)

     (ငင)      (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)

     (စစ)      (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)

      (ဆဆ)   အရပ်သား () ဦး

(အတွင်းရေးမှူး () (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ)

     ဗဟိုမှ တာဝန်ပေးသူတစ်ဦး

() အတွင်းရေးမှူး () (အစိုးရ)

     စစ်ဦးစီးမှူး (ပထမတန်း)

 

() ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ ကော်မတီအဖွဲ့ဝင် အရေအတွက်၊ ကော်မတီဝင်များ၊ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင် ခွင့်များကို သက်ဆိုင်ရာ နယ်မြေဒေသ အခြေအနေအရ ပြောင်းလဲ တာဝန်ပေးအပ် လိုပါက နှစ်ဖက် သဘောတူညီချက်ဖြင့် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ အတည်ပြုချက် ရယူကာ ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

() တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးများတွင် သတ်မှတ် တာဝန်ခံ (Focal point) အဖြစ် ထားရှိသော တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများ အပြင် လိုအပ်ပါက သက်ဆိုင်ရာ တပ်မှူးများကို ဖိတ်ကြား၍ ပူးပေါင်း ဖြေရှင်း ဆောင်ရွက်ရမည်။

(တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတွင် အရပ်သား ကိုယ်စားလှယ်များ အဖြစ် အမျိုးသမီး များ ပါဝင်နိုင်ရန် နှစ်ဖက်မှ အတတ်နိုင်ဆုံး ကြိုးပမ်းရမည်။

 

တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်

 

၃၅။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် ဖော်ပြထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အခြေအနေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး / ပြည်နယ်အဆင့်တွင် ပူးတွဲ စောင့်ကြည့် လေ့လာရန်၊ ပေါ်ပေါက်လာသော အငြင်းပွားမှုများအား စိစစ်ရန်နှင့် ပူးတွဲညှိနှိုင်း ဖြေရှင်းရန်၊ အကောင်အထည်ဖော်ဆောင်ရန် တာဝန်ရှိသည်။

 

၃၆။  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အခန်း ()၊ အပိုဒ် (၁၃)၊ အပိုဒ်ခွဲ () အရ နှစ်ဖက် သဘောတူထားသည့် တပ်နေရာ ပြန်လည်ချထားရေး အစီအစဉ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုကို စောင့်ကြည့်လေ့လာရမည်။

     

၃၇။  နှစ်ဖက်တပ် အချင်းချင်းကြား နားလည်မှုလွဲမှားပြီး ဖြစ်ပွားသော အငြင်းပွားမှုများ ရှိပါက သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် အမြန်ဆုံး တွေ့ဆုံပြီး ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကို အသုံးပြု ဖြေရှင်းသွားရမည်။

 

၃၈။  ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs) နှင့် ပဋိပက္ခဒဏ် ခံစားရသူများ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် မိုင်းရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး NGO နှင့် INGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား  နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်း ဆောင်ရွက်ပေးရမည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ဆိုသည်မှာ နှစ်ဖက်ညှိနှိုင်းသဘောတူထားသည့် အဖွဲ့အစည်းများကို ဆိုလိုသည်။

 

၃၉။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ အခါအားလျော်စွာ ညွှန်ကြားသည့် ပူးတွဲ စောင့်ကြည့် ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

 

၄၀။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ဒေသဆိုင်ရာ အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ  ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များအား လမ်းညွှန်မှုပေးရန်၊ ဒေသဆိုင်ရာ အဆင့်ကော်မတီမှ မဆုံးဖြတ်နိုင်သော ကိစ္စရပ်များကို ဖြေရှင်းရန် တာဝန်ရှိသည်။

 

၄၁။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ  ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ လိုအပ်ချက်အရ အချက်အလက်များ တောင်းဆိုလာလျှင် ပြန်လည် ဖြေကြားခြင်း၊ အစီရင်ခံခြင်းများ ဆောင်ရွက်ရမည်။

 

၄၂။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ယန္တရားကို စီမံခန့်ခွဲရန်အတွက် လိုအပ်သော ဘဏ္ဍာငွေသုံးစွဲမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို () လတစ်ကြိမ် အစီရင်ခံစာပြုစုပြီး အနီးစပ်ဆုံး ပြုလုပ် သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးသို့ အစီရင်ခံ တင်ပြသွားရမည်။

 

တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ လုပ်ပိုင်ခွင့်များ

 

၄၃။  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ အတည်ပြုထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်း ဆိုင်ရာ အခြေခံမူများနှင့် ကွဲလွဲခြင်း မရှိစေဘဲ တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသည် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ [Local Level Joint Ceasefire Monitoring Committee (JMC-L)] ၏ အကောင်အထည်ဖော်ဆောင်မည့် နယ်နိမိတ်ကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ သို့  တင်ပြအတည်ပြုချက်ရယူကာ သတ်မှတ်ပေးရမည်။

 

၄၄။  လက်မှတ်ရေးထိုးထားသော နှစ်ဖက်အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ်ပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် သက်ဆိုင်သော အချက်များကို ချိုးဖောက်မှုများ ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး / ပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ အတတ်နိုင်ဆုံး ညှိနှိုင်း ဖြေရှင်းရန်နှင့် တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ မဆုံးဖြတ်နိုင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ သို့ တင်ပြ ဆောင်ရွက်ရမည်။

 

၄၅။  နှစ်ဖက် တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှုမရှိစေ ရေး အတွက် တပ်စခန်းများ၏ အရေအတွက် ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ အစီရင်ခံစာများ ရေးသားတင်ပြရမည်။

 

၄၆။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ (JMC-S) တွင် ပါဝင်သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ Focal Point များကို အခြေခံပြီး တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတစ်ခုစီတွင် စိစစ် အတည်ပြုရေး အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းကာ သင့်လျော်သည့် လုပ်ငန်းလမ်းညွှန် များကို ရေးဆွဲချမှတ်၍ သက်ဆိုင်ရာဒေသသို့ စေလွှတ် အကောင်အထည်ဖော် ဆောင်ရွက် စေရမည်။ စိစစ် အတည်ပြုရေးအဖွဲ့များသည် ကနဦး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ယန္တရားအဖြစ် တာဝန်ယူ အကောင်အထည်ဖော်သွား ရမည်။ 

 

၄၇။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ တင်ပြလာသော ရပ်ကွက်/ကျေးရွာများမှ စောင့်ကြည့်ရေး လုပ်ငန်းများ လုပ်ဆောင်မည့် နှစ်ဖက် လက်ခံသည့်ဒေသခံများကို တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတည်ပြုပေး ရမည်။

၄၈။  ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသည့် ဒုက္ခသည်များအား ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖြစ်စေရန် ပူးတွဲညှိနှိုင်း ဆောင်ရွက်ပေးရမည်။

 

၄၉။  တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း မည်သည့် ဒေသ မဆို ကော်မတီဝင်များ၏ သဘောတူညီချက်ဖြင့် အစည်းအဝေးများ ပြုလုပ်ခွင့် ရှိသည်။

 

၅၀။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ စိစစ်အတည်ပြုရေးအဖွဲ့များ၏ အကောင်ထည်ဖော်ဆောင်မှုအတွက် မည်သည့်  အဖွဲ့အစည်းဘက်ကမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း တားမြစ်ခြင်း၊ နှောင့်နှေးစေခြင်း၊ ကန့်သတ်ခြင်းစသည့် အပြုအမူများ မရှိစေရန် ဆောင်ရွက်ပေးရမည်။

 

၅၁။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီနှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး ကော်မတီတို့၏ နှစ်စဉ် ခန့်မှန်း အသုံးစရိတ်ကို စိစစ်တွက်ချက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ တင်ပြတောင်းခံ ရမည်။

 

၅၂။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီတွင် လုပ်ငန်းလိုအပ်ချက်အရ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များကို နည်းပညာအကြံပေး အထောက်အကူများအဖြစ် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက်ခြင်းသော်လည်းကောင်း၊ NCA အကောင်အထည် ဖော်ဆောင်မှုကို ထိခိုက်ခြင်းသော်လည်းကောင်း မရှိစေဘဲ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု  ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ ကြိုတင် တင်ပြ တောင်းခံ နိုင်သည်။

 

တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ

စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး ပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း

 

၅၃။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ၏ ပုံမှန် အစည်းအဝေးအား () လ တစ်ကြိမ် ကျင်းပ ပြုလုပ်ရန်နှင့် လုပ်ငန်းလိုအပ်ချက် အရ အရေးပေါ် အစည်းအဝေးအား ခေါ်ယူရမည်။

 

၅၄။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ပုံမှန်အစည်းအဝေးသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် () ဦးစီ၊ အရပ်သား ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက် လျှင် အစည်းအဝေး အထမြောက်သည်။  တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အရေးပေါ်အစည်းအဝေးသို့ အစိုးရမှ () ဦး၊  သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် တစ်ဦးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ တိုင်းရင်းသား အစုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး၊ စုစုပေါင်း () ဦး တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။

 

၅၅။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေး ကော်မတီ ပုံမှန်အစည်းအဝေးသည် လုပ်ငန်း အကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက် ချရာတွင် လုံလောက်သော စုပေါင်း သဘောထားပုံစံ (Sufficient Consensus) ဖြင့် ဆုံးဖြတ်စေရမည်။ လုံလောက်သော စုပေါင်းသဘောထား ပုံစံဆိုသည်မှာ အနည်းဆုံး အနေဖြင့် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် အရပ်သား ကိုယ်စားလှယ် အစုအဖွဲ့တိုင်းမှ အစည်းအဝေး တက်ရောက်သူ အများစု၏ သဘောတူညီမှုကို ဆိုလိုသည်။ အရပ်သားအစုအဖွဲ့၏ ဆုံးဖြတ်ချက် ချနိုင်ခွင့်ရှိရန်အတွက် အနည်းဆုံး အရပ်သား ကိုယ်စား လှယ် () ဦး အစည်းအဝေး တက်ရောက်ရမည်။

 

တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ သက်တမ်းနှင့် ပြန်လည်သုံးသပ်ခြင်း

 

၅၆။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ သက်တမ်းသည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီမှ သတ်မှတ်သည့် အတိုင်းဖြစ်သည်။ 

၅၇။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ဖွဲ့စည်း တည်ထောင်ပြီးနောက် () လအတွင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် ဖွဲ့စည်းပုံအား ပြန်လည် သုံးသပ်ပြီး နှစ်စဉ်ပုံမှန် ပြန်လည် သုံးသပ်ရမည်။

 

၅၈။  ဤလုပ်ငန်းလမ်းညွှန်ကို တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် အထက်ပါ အပိုဒ် (၆၀) နှင့်အညီ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်၍ ပြင်ဆင်ဖြည့်စွက်နိုင်သည်။ 

 

အခန်း ()

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေး ကော်မတီ

 

ဖွဲ့စည်းပုံ

 

၅၉။  တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို အထောက်အကူပြုရန် ဒေသဆိုင်ရာအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ [Local Level Joint Ceasefire Monitoring Committee (JMC-L)] ကို အောက်ပါအတိုင်း ဖွဲ့စည်းပေးရမည် -

 

(က) ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် နှစ်ဖက်လက်ခံသော အများ ယုံကြည်လေးစားရသည့် အရပ်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်။ ထိုသို့ ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် () ဦးစီဖြင့် လည်းကောင်း၊ နှစ်ဖက်မှ အသိအမှတ်ပြုသော အများ ယုံကြည်လေးစားသည့် အရပ်သား ကိုယ်စားလှယ် တစ်ဦးစီဖြင့် လည်းကောင်း စုစုပေါင်း () ဦးဖြင့် ဖွဲ့စည်းသွားမည်။

 

(ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အောက်ပါအတိုင်း တာဝန်ခွဲဝေ ဆောင်ရွက်သွားမည် -

() ဥက္ကဋ္ဌ (အစိုးရ)

     တပ်မတော်မှ ကိုယ်စားလှယ်တစ်ဦး

() ဒုတိယ  ဥက္ကဋ္ဌ() (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း)

() ဒုတိယ  ဥက္ကဋ္ဌ() (အရပ်သား)

() အဖွဲ့ဝင် (အစိုးရ)

     မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး

() အဖွဲ့ဝင် (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း)

() အဖွဲ့ဝင် (အရပ်သား)

() အတွင်းရေးမှူး () (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း)

() အတွင်းရေးမှူး () (အစိုးရ)

     တပ်မတော်မှ ကိုယ်စားလှယ်တစ်ဦး

 

(ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဖွဲ့စည်းမှုကို သက်ဆိုင်ရာ နယ်မြေဒေသ အခြေအနေအရ ပြောင်းလဲ တာဝန်ပေးအပ်လိုပါက နှစ်ဖက် သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး/ ပြည် နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ အတည်ပြုချက်ရယူကာ ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

 

() ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် လိုအပ်ပါက နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ များကို ဖိတ်ကြား၍ ပူးပေါင်း ဖြေရှင်းဆောင်ရွက်နိုင်သည်။

 

(ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွင် အရပ်သား ကိုယ်စားလှယ်များအဖြစ် အမျိုးသမီးများ ပါဝင်နိုင်ရန် နှစ်ဖက်မှ အတတ်နိုင်ဆုံး ကြိုးပမ်းရမည်။

 

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များ

 

၆၀။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် စောင့်ကြည့်ခြင်း၊ စိစစ်ခြင်းနှင့်  အငြင်းပွားမှုများအား ညှိနှိုင်း ဖြေရှင်းခြင်း လုပ်ငန်းများ အပါအဝင် တိုင်းဒေသကြီး / ပြည်နယ်အဆင့် ကော်မတီ၏ လုပ်ငန်းတာဝန် များကို ကူညီပံ့ပိုးခြင်းများ လုပ်ဆောင်ရမည်။

 

၆၁။  ဒေသအဆင့်တွင် မဆုံးဖြတ်နိုင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြရမည်။

 

၆၂။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသည် လစဉ် လုပ်ငန်း ဆောင်ရွက်ချက်များနှင့်  ဘဏ္ဍာငွေသုံးစွဲမှုများအား  တိုင်း ဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ အစီရင်ခံ တင်ပြရမည်။

 

၆၃။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ကော်မတီ အဆင့်ဆင့်မှ လိုအပ်ချက်အရ တောင်းဆိုသည့် အချက်အလက် များကို အစီရင်ခံ တင်ပြရမည်။  

 

၆၄။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ရပ်ကွက် / ကျေးရွာများတွင် စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် နှစ်ဖက်လက်ခံသည့် ဒေသခံများကို လွတ်လပ်စွာ ရွေးချယ်ပြီး တိုင်းဒေသကြီး / ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ အတည် ပြုရေး တင်ပြရမည်။ စောင့်ကြည့်ရေး လုပ်ငန်းလုပ်ဆောင်မည့်သူများသည် ၄င်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းလမ်းညွှန်များကို လိုက်နာရမည်။

 

၆၅။ စောင့်ကြည့်သူများအနေဖြင့် အငြင်းပွားမှုဆိုင်ရာ တွေ့ရှိချက်များကို ဒေသဆိုင်ရာ အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ ပေးပို့ရမည် ဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးအား မိတ္တူ ပေးပို့ရမည်။

 

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ လုပ်ပိုင်ခွင့်များ

 

၆၆။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ [Local Level Joint Ceasefire Monitoring Committee (JMC-L)] ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်း လမ်းညွှန်နှင့် အကောင်အထည်ဖော်ဆောင်မည့် နယ်နိမိတ်ကို ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူကာ သတ်မှတ်ပေးရမည်။

၆၇။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ တစ်ခုစီ၏ စိစစ်အတည်ပြုရေးအဖွဲ့များကို လိုအပ်ပါက နှစ်ဘက် ညှိနှိုင်း ဖွဲ့စည်း ကာ သင့်လျော်သည့် လမ်းညွှန်ချက်များ ချမှတ်၍ သက်ဆိုင်ရာဒေသသို့ စေလွှတ် အကောင် အထည် ဖော်ဆောင်ရွက်စေရမည်။

 

၆၈။  ဝင်ရောက်လာသော ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ (IDPs) အား ပြန်လည် နေရာ ချထားရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့တင်ပြပြီး ဘေးကင်းလုံခြုံ၍ လူ့ဂုဏ် သိက္ခာနှင့် အညီ ဖြစ်စေရန် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။

 

၆၉။  ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ သည် သက်ဆိုင်ရာ ဒေသအတွင်း ကော်မတီဝင်များ၏ သဘောတူညီချက်ဖြင့် အစည်း အဝေးများ ပြုလုပ်ခွင့်ရှိသည်။

 

၇၀။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ စိစစ်အတည် ပြုရေး အဖွဲ့များ၏ အကောင်ထည်ဖော် ဆောင်မှုအတွက် မည်သည့် အဖွဲ့အစည်းဘက်ကမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တားမြစ်ခြင်း၊ နှောင့်နှေး စေခြင်း၊ ကန့်သတ်ခြင်းစသည့် အပြုအမူများ မရှိစေရန် ဆောင်ရွက်ပေးရမည်။

 

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး ပြုလုပ်ခြင်းနှင့်

ဆုံးဖြတ်ချက် ချမှတ်ခြင်း

 

၇၁။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ပုံမှန်အစည်းအဝေးအား () လ တစ်ကြိမ် ကျင်းပပြုလုပ်ရန်နှင့် လုပ်ငန်း လိုအပ်ချက်အရ အရေးပေါ် အစည်းအဝေးအား ခေါ်ယူရမည်။

 

၇၂။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ပုံမှန်အစည်းအဝေးသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၏ ကိုယ်စားလှယ် () ဦးစီ၊ အရပ်သား ကိုယ်စားလှယ် တစ်ဦး တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ  ပူးတွဲ စောင့်ကြည့်ရေးကော်မတီ အရေးပေါ် အစည်းအဝေးသို့ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် () ဦးစီ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။

 

၇၃။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက်ချရာတွင် ညှိနှိုင်းမှု ဖြင့် ဆုံးဖြတ်စေရမည်။

 

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ

ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ သက်တမ်းနှင့် ပြန်လည် သုံးသပ်ခြင်း

 

၇၄။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ သက်တမ်းသည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ သတ်မှတ်သည့်အတိုင်း ဖြစ်သည်။

 

၇၅။  ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ဖွဲ့စည်း တည်ထောင်ပြီးနောက် () လ အတွင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် ဖွဲ့စည်းပုံအား ပြန်လည် သုံးသပ်ပြီး နှစ်စဉ် ပုံမှန် ပြန်လည် သုံးသပ်ရမည်။

 

၇၆။  ဒေသဆိုင်ရာအဆင့် လုပ်ငန်းလမ်းညွှန်ကို ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ပါက သက်ဆိုင် ရာ တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးသို့ တင်ပြပြီး ဆုံးဖြတ်ချက် ရယူရမည်။ 

 

အခန်း ()

စိစစ် အတည်ပြုရေးအဖွဲ့များ

 

ဖွဲ့စည်းပုံ

 

၇၇။  စိစစ် အတည်ပြုရေးအဖွဲ့ (VerificationTeam) များအား သက်ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်မှ အောက်ပါအတိုင်း ဖွဲ့စည်းပေးရမည်။

 

(က) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတို့တွင် စိစစ်အတည်ပြုရေး အဖွဲ့အား အစိုးရ ဘက်မှ () ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်မှ () ဦး၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်မှ အရပ်သား ကိုယ်စား လှယ် တစ်ဦးစီဖြင့် စုစုပေါင်း () ဦး ပါဝင် ဖွဲ့စည်းရမည်။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ စိစစ် အတည်ပြုရေး အဖွဲ့အား အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ တစ်ဦးစီ၊ အရပ်သား ကိုယ်စားလှယ်တို့မှ () ဦးစီဖြင့် စုစုပေါင်း () ဦး ပါဝင် ဖွဲ့စည်းရမည်။

 

 () ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် တိုင်းဒေသကြီး / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီတို့၏ စိစစ်အတည်ပြုရေး အဖွဲ့များတွင် ပါဝင်မည့် အရပ်သား ကိုယ်စားလှယ်သည် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင် ဖြစ်ရမည်ဖြစ်ပြီး အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များအနက်  တစ်ဦးစီသည် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် ဖြစ်ရမည်။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ စိစစ် အတည်ပြုရေး အဖွဲ့များတွင် ပါဝင်သော အရပ်သား ကိုယ်စားလှယ်များကို ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဝင် မဟုတ်သူများကိုလည်း  ဖွဲ့စည်းပေးနိုင်သည်။

 

(စိစစ်အတည်ပြုရေးအဖွဲ့အတွက် ခေါင်းဆောင်အား အရပ်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တစ်ဦးကို သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ရွေးချယ်တာဝန်ပေးရမည်။ 

 

() စိစစ်အတည်ပြုရေးအဖွဲ့များအား လိုအပ်သလို ညှိနှိုင်းပြင်ဆင် ဖွဲ့စည်းနိုင်သည်။

 

တာဝန်နှင့် လုပ်ပိုင်ခွင့်များ

 

၇၈။  စိစစ်အတည်ပြုရေး အဖွဲ့များသည် တိုင်ကြားမှု၊ အငြင်းပွားမှုများနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရေးအတွက် လိုအပ်သော အချက်အလက်များနှင့် အထောက်အထား များကို သတ်မှတ် ကာလအတွင်း အမြန်ဆုံး ရှာဖွေရယူရန် အောက်ပါအတိုင်း ဆောင်ရွက် ရမည် -

(က) စိစစ် အတည်ပြုရေးအဖွဲ့များသည် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီရုံးများနှင့် ချိတ်ဆက် ထားရှိပြီး အမြဲ အဆင်သင့် ဖြစ်စေရမည်။

      (သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ရုံးများ မဖွဲ့စည်းမီတွင် ဆက်ဆံရေးရုံးများမှတဆင့် ဆက်သွယ် ဆောင်ရွက် ရန်။)

 

(စိစစ်အတည်ပြုရေး လုပ်ငန်းများကို သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

 

(စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် လိုအပ်လာပါက နှစ်ဖက် အဖွဲ့အစည်းများသို့ လုပ်ငန်းနှင့် သက်ဆိုင်သော အကူအညီများ တောင်းခံပိုင်ခွင့်ရှိပြီး ထိုအဖွဲ့အစည်း များကလည်း ကူညီ ဆောင်ရွက်ပေးရမည်။

 

() စုံစမ်း စစ်ဆေးရေး ပြုလုပ်ရာတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူ့ကိုမဆို လိုအပ် သည့် အကူအညီနှင့် အချက်အလက်များ တောင်းခံရယူနိုင်သည်။

 

() စိစစ် အတည်ပြုရေးအဖွဲ့များသည် လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း တားမြစ်ခြင်း၊ နှောင့်နှေး စေခြင်း၊ ကန့်သတ်ခြင်း စသည့်အပြုအမူများနှင့် ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ပေးအပ်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီထံသို့ ချက်ချင်း တင်ပြအစီရင်ခံရမည်။

 

(စိစစ်အတည်ပြုရေးအဖွဲ့များအတွက် လိုအပ်သည့် စီမံအုပ်ချုပ်ရေး လုပ်ငန်းများ နှင့် ဘဏ္ဍာငွေကုန်ကျမှုများအား သက်ဆိုင်ရာပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ တာဝန်ယူရမည်။

 

() စိစစ် အတည်ပြုရေးအဖွဲ့များသည် ရရှိလာသော အထောက်အထား သတင်း အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ တာဝန်ပေးအပ် သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသို့ သတ်မှတ် အချိန်ကာလအတွင်း ပြည့်စုံစွာ အစီရင်ခံတင်ပြရမည်။

 

(စိစစ် အတည်ပြုရေးလုပ်ငန်းတွင် ပါဝင်သူများ၊ သတင်းအချက်အလက် ပေးသူများ ၏ လုံခြုံရေး၊ အန္တရာယ်ကင်းဝေးရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း များ၊ ဌာနများမှ တာဝန်ခံရေး ဆောင်ရွက်ပေးရမည်။

 

(ဈ) စိစစ် အတည်ပြုရေးအဖွဲ့၏ အစီရင်ခံစာကို ၄င်းအဖွဲ့တွင်ပါဝင်သော အဖွဲ့ဝင် အားလုံးက လက်မှတ်ရေးထိုး အတည်ပြုပေးရမည်။

 

() ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ပဋိပက္ခဖြစ်ပွားရာဒေသတွင်ရှိသော နိုင်ငံရေးပါတီဝင်များ၊ ဘာသာရေး အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ လှုပ်ရှားတက်ကြွသူများ၊ CSO များထံမှ ပဋိပက္ခ သဘော သဘာဝနှင့် ဖြေရှင်းမှုဆိုင်ရာ အကြံပြုချက်များကို ရယူနိုင်သည်။

 

အခန်း ()

တိုင်တန်းမှု ယန္တရား

 

၇၉။  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်၏ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်သော အငြင်းပွားမှုများနှင့် ချိုးဖောက်မှုများကို အောက်ပါ အတိုင်း အဆင့်ဆင့် တိုင်ကြားနိုင်သည် -

 

(က) ဒေသဆိုင်ရာအဆင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီရုံးများ၊

 

() ပြည်နယ်အဆင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီရုံးများ၊

      (မှတ်ချက်။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ သို့ လည်းကောင်း၊  ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့နယ်နှင့် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများသို့ လည်းကောင်း တိုင်ကြားမှုများ ရှိလာပါက သက်ဆိုင်ရာ  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်မှ လက်ခံ ဆောင်ရွက်ရမည်။ )

 

 

အခန်း ()

အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း

 

၈၀။  တိုင်တန်းထားသည့် ကိစ္စရပ်များပါတ်သက်၍   စိစစ် အတည်ပြုရေးအဖွဲ့ မှ ချိုးဖောက်မှု အဆင့်သတ်မှတ်ပြီး ဆုံးဖြတ် အစီရင်ခံပါက သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့် ကြည့်ရေးကော်မတီသည် အောက်ပါ အရေးယူမှုများကို အချိန်ဇယား သတ်မှတ် ဆောင်ရွက်သွားရမည်

 

(က) အသေးအဖွဲ ချိုးဖောက်မှုအဆင့် (Minor Violation) ဖြစ်ပါက ကျူးလွန်သူအား ၎င်းအထက်အရာရှိမှ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်း ဥပဒေ များနှင့်အညီ အရေးယူရမည်။

 

(စိုးရိမ်ရသော ချိုးဖောက်မှုအဆင့် (Serious Violation) ဖြစ်ပါက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသည် ပြစ်မှုကျူးလွန် ကြောင်း တရားဝင်အတည်ပြုစာကို သက်ဆိုင်ရာ အဖွဲ့အစည်းထံသို့ ပေးပို့ရမည်။ သက်ဆိုင်ရာ အဖွဲ့အစည်းသည် ၎င်းတို့၏ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ  ဆက်လက် အရေးယူရမည်။

 

(အလွန်အမင်း စိုးရိမ်ရသည့် ချိုးဖောက်မှု ဖြစ်ပေါ်လာပါက ပြည်ထောင်စုအဆင့် ပူးတွဲ စောင့်ကြည့်ရေးကော်မတီမှ စိစစ်အတည်ပြုရေးကို ဆောင်ရွက်ရမည်။ စုံစမ်း တွေ့ရှိချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းထံသို့ ပေးပို့၍ ၎င်းတို့၏ သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆက်လက် အရေးယူ ဆောင် ရွက်ရမည်။

 

၈၁။  အဖွဲ့အစည်း အသီးသီးမှ မိမိတို့၏ အရေးယူဆောင်ရွက်မှု အစီရင်ခံစာကို သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီသို့ ပေးပို့ရမည်။ ထို့အပြင် နှစ်ဘက်အဖွဲ့အစည်း မဟုတ်သူများမှ တိုင်ကြားထားသော ကိစ္စများဖြစ်လျှင် ထိုတိုင်ကြားသူထံသို့ သက်ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း အကြောင်းကြားရမည်။ ထိုကဲ့သို့ အရေးယူ ဆောင်ရွက်ပြီး ကြောင်း အကြောင်းကြားချက်ကို ချိုးဖေါက်ခြင်းခံရသူ (သို့) တိုင်ကြားသူမှ ကောင်းစွာ နားလည်နိုင်ရေးအတွက် သက်ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီမှ ရှင်းပြရန် တာဝန် ရှိသည်။

၈၂။  ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ အရေးယူ ဆောင်ရွက်မှုများသည် ဥပဒေ အရ ပြဌာန်းထားသော နိုင်ငံသားအခွင့် အရေးများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း မရှိစေရ။

 

အခန်း ()

အထွေထွေ

 

၈၃။  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ တစ်ခုလုံး၏ ဖွဲ့စည်းပုံ တွင်ပါဝင်သော ကော်မတီဝင်များနှင့် အလုပ်အဖွဲ့ဝင်များသည် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းမှ ရရှိလာသော သတင်းအချက်အလက်များကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် မသက်ဆိုင်သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အား ဖြန့်ဝေခြင်း၊ ဝေမျှခြင်း မပြုရ။

 

၈၄။  ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်ရှိ အချက်အလက် စာရွက်စာတမ်းများကို လုပ်ငန်းသဘောအရ လုံခြုံမှု အဆင့်အတန်းများ ထားရှိမည်ဖြစ်ပြီး ထိုလုံခြုံမှု အဆင့် အတန်း စည်းကမ်းများကို ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်တွင် ပါဝင်သူ အားလုံးက လိုက်နာရမည်။

 

၈၅။  ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်တွင် တာဝန်ပေးထားသော ပြောရေးဆိုခွင့် ရှိသူများကသာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ ဆောင်ရွက်ချက်များကို မီဒီယာနှင့် ပြည်သူလူထုသို့ သတင်းထုတ်ပြန်နိုင်သည်။

 

၈၆။  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ လုပ်ငန်း လမ်းညွှန်ပါ အချက်များအား ပြင်ဆင် ဖြည့်စွက်လိုပါက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဝင်များ၏ သဘောတူညီမှုနှင့် ပြင်ဆင် ဖြည့်စွက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တင်ပြ၍ အတည်ပြုချက် ရယူသွားရန် ဖြစ်သည်။

၈၇။  တိုင်ကြားသူများ၊ သတင်းအချက်အလက် ပေးသူများနှင့် သက်သေများတို့၏ လုံခြုံမှုနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းများတွင် တာဝန်ရှိသည်။

 

၈၈။  အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့၏ ကိုယ်စားလှယ်တို့သည် ဤပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ယန္တရား အောင်မြင်စွာ ပူးတွဲ အကောင်အထည်ဖော် လုပ်ဆောင်သွားရန် သဘောတူ ကတိပြုကြပါသည်။ 

Download PDF