Books

  • Home/
  • Books

ကျွန်တော့်အတွေး၊ ကျွန်တော့်အရေး၊ ကျွန်တော့်အတွေ့အကြုံ

Author: စိုင်းညွန့်လွင်
Publish Date: 21 Oct, 2014
Category: Books

Book Review

''ကျွန်တော့်ရဲ့ တကယ့်အိပ်မက်ကတော့ စာရေးဆရာဖြစ်ဖို့ပါ။ လက်တွေ့မှာတော့ ဘ၀က ကျွန်တော့်ကို ခွင့်မပြုခဲ့ပါဘူး။ မမျှော်လင့်ဘဲ နိုင်ငံရေးသမားဘ၀ကို ရောက်ခဲ့ရတယ်။ နိုင်ငံရေးသမားဘ၀မှာ ကျွန်တော့်အချိန် ၂၇ နှစ်လုံးလုံး ဘ၀ကို မြှုပ်နှံ ထားခဲ့ရတယ်။ လူတစ်ယောက်အတွက် ဒါဟာ အတော့်ကိုကြီးမားတဲ့ ပေးဆပ်မှုတွေပါ။''

စာရေးသူက သူ့အမှာစာတွင် ဤသို့ အစချီ၍ ရေးသားထားသည်။ သူ့စိတ်ကြိုက်ရေးချင်တာတွေကို ရေးပြီး စုထုတ်လိုက်သည့်စာအုပ် ဟု ဆိုသည်။ ပြည်ထောင်စုအမွေ၊ အလံတော်အမှတ်တရ၊ သစ္စာဖောက်တဲ့ ဗျာ၊ ထောင်ပြောင်းခြင်း (၁) (၂) (၃)၊ ပြိုင်တူတွန်းမှ ရွေ့နိုင်ပါမည်၊ နိုင်ငံရေးနယ်သို့ ရောက်ရှိခြင်း၊ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတစေ့တစောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအား သုံးသပ်ခြင်း၊ စာပေကင်ပေတိုင်ဆို ပါလား၊ ဖက်ဒရယ်မူနဲ့ တိုင်းရင်းသားတို့အမြင် ဆွေးနွေးပွဲမှာ... စသော ဆောင်းပါးတွေကို ဤစာအုပ်တွင် ဖတ်ရှုရမည်ဖြစ်သည်။

ဤစာအုပ်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ စိုင်းလိတ်နှင့် ဒေါက်တာဆလိုင်းလျန်မှုန်းတို့က အမှာ စာ ရေးသားပေးထားသည်။

Download PDF

Related Books