Books

  • Home/
  • Books

အောင်ဆန်းစုကြည်၏ 'အကြောက်တရားမှလွတ်မြောက်ခြင်း'အား သမ္မာကျမ်းစာရှုထောင့်မှဖတ်ရှုခြင်း

Author: ဒေါက်တာဗန်ကုန်း
Publish Date: 26 Nov, 2015
Category: Books

Book Review

'ယနေ့လူသားတိုင်းအား ခြိမ်းခြောက်နေသောအရာမှာ အကြောက်တရားပင်ဖြစ်သည်။ အပြင်ပယောဂကြောင့် ကြောက်ရသော အကြောက်တရားနှင့် အတွင်းစိတ်ထဲတွင် အလိုလိုကြောက်ရွံ့နေသော အကြောက်တရားဟူ၍ရှိပါသည်။ အပြင်အကြောက် တရားကြောင့် ကြောက်နေရသော အကြောင်းတရားများကို လူတို့အနေဖြင့် နည်းလမ်းမျိုးစုံသုံး၍ ဖြေရှင်းနိုင်သော်လည်း အတွင်းစိတ်ကြောင့် အလိုလိုကြောက်နေရသောအကြောက်တရားကိုမူ တွန်းလှန်ကျော်လွှားနိုင်ရန် အလွန်ပင်ခက်ခဲလှမည် ဖြစ်သည်။'' ဟူ၍ သိက္ခာတော်ရဆရာစောရွှေလင်းက ဥယျောဇဉ်တွင် ရေးထားသည်။

ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း သူ၏အမှာစာတွင် ဤသို့ရေးထားသည်။

''ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတဦးဖြစ်သည်။ ဒေါက်တာဗန်ကုန်းသည် ခရစ်ယာန်ဘာသာဝင် ချင်းအမျိုးသားတဦးဖြစ်သည်။ မတူကွဲပြားမှုများကို နောက်ခံထားရှိ၍ တဦးနှင့်တဦး အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်း ဖြင့် တဦးအကြောင်းကို တဦးက လေ့လာဖတ်ရှုခြင်းဖြစ်သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအချင်းချင်း၊ ဘာသာမတူသော ယုံကြည်သူများအချင်းချင်း အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းကို ဤစာအုပ်က ပံ့ပိုးအထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။''

Download PDF

Related Books