• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

2021 ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်တွင် အာဏာသိမ်းစစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-နစက) က လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံမှ အာဏာကို သိမ်းယူလိုက်ပြီး အစိုးရခေါင်းဆောင်များကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

 

ဤဖြစ်ရပ်ကို မကျေနပ်သော ကျောင်းသားပြည်သူများ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုများက ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ (၄) ရက်မှ စတင်ပြီး ပြောက်ကျားလှုပ်ရှားမှုများအဖြစ် ထွက်ပေါ်လာခဲ့သည်။ ဖေဖော်ဝါရီ (၆) ရက်တွင် ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံတွင် ကျောင်းသား၊ အလုပ်သမား၊ တိုင်းရင်းသားပြည်သူတို့ပါဝင်သော အင်အားထောင်ချီသည့် ဆန္ဒပြပွဲအဖြစ် ပေါ်ထွက်လာခဲ့ရာမှ ဖေဖော်ဝါရီ (၇) ရက်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော ဆူးလေလမ်း၊ မြေနီကုန်းနှင့် လှည်းတန်းတို့လိုနေရာများတွင်ပါ စုဝေးဆန္ဒပြပွဲများ ပေါ်ထွက်လာခဲ့သည်။ အမေရိကန် သံရုံး၊ ကုလသမဂ္ဂရုံး၊ တရုတ်သံရုံးနှင့် ရှားသံရုံးရှေ့များတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ တဆက်တည်းမှာပင် တနိုင်ငံလုံး၏ မြို့ကြီးအတော်များများတွင်ပါ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကြီး တွေကို အံ့မခန်းတွေ့မြင်လာရသည်။

 

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး "စစ်အာဏာရှင်စနစ်တော်လှန်ရေး"။

ဤသို့သော အရေးတော်ပုံကြီးထဲတွင် CDES ကလည်း တတပ်တအား ပါဝင်၍ ကူညီအားပေးသည့်အနေဖြင့် ဤသတင်းလွှာကို online စာစောင်အဖြစ် တင်ဆက်လိုက်ပါသည်။

၂၀၂၁ နွေဦးတော်လှန်ရေး၏သမိုင်းဖြစ်ရပ်များ၊ မှတ်တမ်းများကို သိလိုသူ၊ လေ့လာသူများအတွက် တစုတစည်းတည်း ဖတ်ရှုနိုင်ရန်၊ စုဆောင်းနိုင်ရန် ရည်ရွယ်ချက် ထားပြီး စုစည်းပြုစုထားပါသည်။


Download PDF