• +95 (0)9 425 705 270
  • info@cdes.org.mm

(၂၄) ႀကိမ္ေျမာက္ PPST အစည္းေ၀းမွ အဖြဲ႔ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖိုး၏ အဖြင့္အမွာစကား။

အားလံုးမဂၤလာပါ။ ဒီေန႔ဟာ PPST ရဲ႕ (၂၄) ႀကိမ္ေျမာက္ အစည္းအေ၀းျဖစ္အတြက္ တက္ ေရာက္လာၾကတဲ့ ေခါင္းေဆာင္၊ ကိုယ္စားလွယ္မ်ားအားလံုး နဲ႔ NCA အေကာင္အထည္ ေဖာ္ ဘက္ေတြ ျဖစ္တဲ့ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူ ဒီမိုကရက္တစ္အစည္းအရံုး (LDU) တို႔ကိုလည္း ၾကိဳဆုိျပီး ေက်းဇူးတင္ေၾကာင္း ဦးစြာေျပာၾကား လုိပါတယ္။

ဒီအစည္းအေ၀းမွာ အဓိကကေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစု ပင္လံု (တတိယအစည္းအေ၀း) က ရရွိခဲ့တဲ့ ရလဒ္ေတြနဲ႔ပတ္သက္ၿပီး ျပန္လည္ အစီရင္ခံ တင္ျပၾကမွာ ျဖစ္ၿပီး အဖြဲ႔အစည္းအသီးသီးကေန ျပန္လည္သံုးသပ္ထားတာေတြကိုလည္းတင္ျပေဆြးေႏြးၾက မွာျဖစ္တယ္။ ၿပီးေတာ့ ေရွ႕ဆက္သြားရမယ့္ရပ္တည္ခ်က္ကိစၥရပ္ေတြကိုလည္း ညွိႏိႈင္းေဆြးေႏြး သြားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ တင္ျပလာတဲ့ အခ်က္ေတြကို ညွိႏိႈင္းေဆြးေႏြးၿပီး ဘံုရပ္တည္ခ်က္ကို သတ္မွတ္ၾကမယ္။ ဒီဘံုရပ္တည္ခ်က္ကို အေျခခံၿပီး ေရွ႕ဆက္ ဘယ္လိုေဆာင္ရြက္သြား ၾက မလဲဆိုတာကို လုပ္ငန္းစဥ္ခ်မွတ္ၾကမယ္။ ဒါ့အျပင္ ဒီလုပ္ငန္းစဥ္ေတြကိုလည္း လက္ရွိျဖစ္ တည္ ေနတဲ့ အလြတ္သေဘာေဆြးေႏြးပြဲကေန နက္ရိႈင္းစြာနဲ႔ Stakeholder ေတြအၾကား တည္ရွိေနၾက တဲ့ ႏုိင္ငံေရးဆုိင္ရာအေျခခံ ယူဆခ်က္ ကြာဟမႈေတြကို ႀကိဳးစား ေစ့စပ္ညွိႏိိႈင္းသြားရမွာ ျဖစ္ပါတယ္။ တနည္းအားျဖင့္ အနာဂတ္ဖယ္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ဖို႔အတြက္ ဘံုရည္မွန္းခ်က္၊ ဘံုစံႏႈန္းေတြကို ရေအာင္ ညွိႏိႈင္းသြားၾကရပါျဖစ္တယ္။

ဒီအစည္းအေ၀းၿပီးသြားရင္လည္း NCA-S EAO ထိပ္သီးညီလာခံက ဆက္လက္ က်င္းပမွာ ျဖစ္တဲ့အတြက္ NCA-S EAO အားလံုးရ႕ဲ ဘံုသေဘာတူညီခ်က္နဲ႔ ရပ္တည္ခ်က္ေတြရရွိႏိုင္ဖို႔ အတြက္လည္း ဒီ PPST အစည္းအေ၀းကေန ေဆြးေႏြးသြားဖုိ႔ လိုအပ္ပါတယ္။

အားလံုးတက္တက္ၾကြၾကြနဲ႔ ပြင့္ပြင့္လင္းလင္းေဆြးေႏြးၾကပါ၊ ျငိမ္းခ်မ္းေရးကုိေရွ႔ရႈျပီး အတူတကြ လက္တြဲအေကာင္အထည္ေဖာ္ၾကပါ၊ ၿငိမ္းခ်မ္းသာယာၿပီး တန္းတူအခြင့္အေရးရွိတဲ့ ပြင့္လင္း ေသာ လူမႈအဖြဲ႔အစည္းတည္ေဆာက္ေရးကုိ ေရွ႔ရႈျပီး အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကုိ အေျခခံတဲ့ ေဆြးေႏြးေရးလုပ္ငန္းစဥ္ေတြျဖစ္ေပၚလာဘုိ႔ဦးတည္ေဆြးေႏြးၾကပါလုိ႔တုိက္တြန္းရင္း နိဂံုးခ်ဳပ္ပါတယ္။ အားလံုးကုိေက်းဇူး တင္ပါတယ္။

[Unicode]
(၂၄) ကြိမ်မြောက် PPST အစည်းဝေးမှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ အဖွင့်အမှာစကား

************************************
၂၀၁၈၊ စက်တင်ဘာလ (၆) ရက်၊ ချင်းမိုင်။

အားလုံးမင်္ဂလာပါ။ ဒီနေ့ဟာ PPST ရဲ့ (၂၄) ကြိမ်မြောက် အစည်းအဝေးဖြစ်အတွက် တက် ရောက်လာကြတဲ့ ခေါင်းဆောင်၊ ကိုယ်စားလှယ်များအားလုံး နဲ့ NCA အကောင်အထည် ဖော် ဘက်တွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကိုလည်း ကြိုဆိုပြီး ကျေးဇူးတင်ကြောင်း ဦးစွာပြောကြား လိုပါတယ်။

ဒီအစည်းအဝေးမှာ အဓိကကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) က ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး ပြန်လည် အစီရင်ခံ တင်ပြကြမှာ ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးကနေ ပြန်လည်သုံးသပ်ထားတာတွေကိုလည်းတင်ပြဆွေးနွေးကြ မှာဖြစ်တယ်။ ပြီးတော့ ရှေ့ဆက်သွားရမယ့်ရပ်တည်ချက်ကိစ္စရပ်တွေကိုလည်း ညှိနှိုင်းဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် တင်ပြလာတဲ့ အချက်တွေကို ညှိနှိုင်းဆွေးနွေးပြီး ဘုံရပ်တည်ချက်ကို သတ်မှတ်ကြမယ်။ ဒီဘုံရပ်တည်ချက်ကို အခြေခံပြီး ရှေ့ဆက် ဘယ်လိုဆောင်ရွက်သွား ကြ မလဲဆိုတာကို လုပ်ငန်းစဉ်ချမှတ်ကြမယ်။ ဒါ့အပြင် ဒီလုပ်ငန်းစဉ်တွေကိုလည်း လက်ရှိဖြစ် တည် နေတဲ့ အလွတ်သဘောဆွေးနွေးပွဲကနေ နက်ရှိုင်းစွာနဲ့ Stakeholder တွေအကြား တည်ရှိနေကြ တဲ့ နိုင်ငံရေးဆိုင်ရာအခြေခံ ယူဆချက် ကွာဟမှုတွေကို ကြိုးစား စေ့စပ်ညှိနိိှုင်းသွားရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက်၊ ဘုံစံနှုန်းတွေကို ရအောင် ညှိနှိုင်းသွားကြရပါဖြစ်တယ်။

ဒီအစည်းအဝေးပြီးသွားရင်လည်း NCA-S EAO ထိပ်သီးညီလာခံက ဆက်လက် ကျင်းပမှာ ဖြစ်တဲ့အတွက် NCA-S EAO အားလုံးရဲ့ ဘုံသဘောတူညီချက်နဲ့ ရပ်တည်ချက်တွေရရှိနိုင်ဖို့ အတွက်လည်း ဒီ PPST အစည်းအဝေးကနေ ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။

အားလုံးတက်တက်ကြွကြွနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါ၊ ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး အတူတကွ လက်တွဲအကောင်အထည်ဖော်ကြပါ၊ ငြိမ်းချမ်းသာယာပြီး တန်းတူအခွင့်အရေးရှိတဲ့ ပွင့်လင်း သော လူမှုအဖွဲ့အစည်းတည်ဆောက်ရေးကို ရှေ့ရှုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ်တွေဖြစ်ပေါ်လာဘို့ဦးတည်ဆွေးနွေးကြပါလို့တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်။


၂၀၁၈၊ စက္တင္ဘာလ (၆) ရက္၊ ခ်င္းမိုင္။

Share:

Tags: (၂၄),ႀကိမ္ေျမာက္,PPST,အစည္းေ၀းမွ,အဖြဲ႔ေခါင္းေဆာင္,ဗိုလ္ခ်ဳပ္ႀကီး,ေစာမူတူးေစးဖိုး၏,အဖြင့္အမွာစကား။

Author : Administrator
Comments
Leave a Comment