ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ သည် မတ်လ ၉ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း ယင်းအဖွဲ့ကိုယ် စားလှယ်များက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်က တွေ့ဆုံဆွေးနွေးရန် အဆိုပြုချက် ကို မတ်လ ၆ရက်က ကျင်းပသည့် NCA လက်မှတ်ထိုးအဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ဒုတိယ နေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြော ကြားသည်။
ငြိမ်းချမ်းရေးကော်မရှင် သည် အပစ်ရပ် ၁၀ ဖွဲ့နှင့် မတွေ့ ဆုံမီ မတ်လ ၈ရက်တွင် ကရင်အ မျိုးသားအစည်းအရုံး (KNU) နှင့် သီးခြား တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစိုးရနှင့် တွေ့ဆုံစဉ်ဆွေး နွေးရန် ၁၀ ဖွဲ့၏ အစည်းအဝေးက အကြောင်းအရာများ ချမှတ်ပေး ထားကြောင်း၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် တစ်ဆို့နေသည့် အ ကြောင်းအရာများ ကျော်လွှားနိုင် ရေး ကိစ္စများဖြစ်ကြောင်း ဗိုလ်မှူး ကြီးစိုင်းငင်းက ပြောသည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံပါက ကော်မရှင်ဘက်က ဆွေးနွေးချက်အပေါ် မူတည်ပြီး တုံ့ပြန်ဆွေးနွေးမည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကပြော ကြားသည်။
‘‘သူတို့မေးမှာကတော့ ငြိမ်း ချမ်းရေးညီလာခံ ဘယ်လိုလုပ်မ လဲ၊ ဘယ်တော့လုပ်မလဲပေါ့’’ ဟု ၎င်းက ဆိုသည်။
အဆိုပါ ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ဆက်ကက် ကျင်းပနိုင်ရေးကိစ္စနှင့် ပတ်သက် ပြီး အပစ်ရပ် ၁၀ ဖွဲ့အကြားဆွေး နွေးနေရာ မပြီးစီးသေးကြောင်း ခိုင်စိုးနိုင်အောင်က ပြောသည်။
NCA လက်မှတ်ထိုး ၁၀ ဖွဲ့ သည် မတ်လ၅ရက်ကစ၍ ထိုင်း နိုင်ငံ ချင်းမိုင်၌ အထူးအစည်းအ ဝေး ခေါ်ယူကာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နှင့်ပတ်သက်ပြီး ရှေ့ဆက် ဆောင်ရွက်မည့်ကိစ္စများ ဆွေး နွေးနေသည်။
အပစ်ရပ်၁၀ ဖွဲ့အနက် KNU နှင့် RCSS တို့က PPST စုဖွဲ့မှုကို ပြန်လည်ညှိနှိုင်းဆွေးနွေး ပြီး ရည်မှန်းချက်တူညီရာကို အ တူတကွ ပူးတွဲအကောင်အထည် ဖော်နိုင်သည့် အစည်းအဝေးအ ဖြစ် အသွင်ပြောင်းလိုကြောင်း အဆိုပြုထားသည်။ ယင်းအဆိုပြု ချက်အတိုင်း PPST အစည်းအ ဝေးနှင့်ပတ်သက်ပြီး လိုက်လျော ညီထွေဖြစ်စေမည့် ကိုယ်စား လှယ် လွှဲပြောင်းမှုပြုလုပ်မည်ဖြစ် ကြောင်း KNU နှင့် RCSS က အ စည်းအဝေးသို့ တင်ပြခဲ့သည်။
Credit - 7 Day News
Comments