• +95 (0)9 425 705 270
  • info@cdes.org.mm

++ SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်း ရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး ++

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝမ့်ဟိုင်းဌာန ချုပ်သို့ရောက်ရှိကာ SSPP/SSA ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်းကြားသိရသည်။
မေလ ၁ ရက်နေ့ ယနေ့မနက်ပိုင်း ဦးသိန်းဇော်နှင့်အဖွဲ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ နာယက ဗိုလ်ချုပ်ကြီးဆေထဲန် တို့ မှ မိုင်းရယ်မြို့နယ်အစပ် နမ့်လောင်း တံတား တွင်လာ ရောက်ကြိုဆိုကြောင်း၊ မွန်းတည့်ချိန် SSPP/SSA ဌာန ချုပ်သို့ရောက်ရှိကာ အစည်းအဝေး ခန်းမ ၌ စတင် ဆွေနွေးကြောင်း ဌာန ချုပ်အရာရှိတဦးက ဤကဲ့သို့ပြောသည်။

``ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အကျိုးတော်ဆောင်လုပ်ပေးတာလေ။ ဒီနေ့နဲ့မနက်ဖြန် ဆွေးနွေးကြမယ်။ ငြိမ်းချမ်းရေးအကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းတွေပေါ့ ။ အသေးစိတ်တော့ သိရသေးဘူး ´´ ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ငြိမ်းချမ်းရေးဖြစ်မြောက်အောင်မြင်စေရေးတွှက် အကျိုးတော်ဆောင်လုပ်ပေးရခြင်းဖြစ်သည်ဟု ၀မ့်ဟိုင်းသို့မသွားခင် ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံ 
တော်ဆင့်သို့ပြောဖူးသည်။

အကျိုးတော်ဆောင်အဖွဲ့ဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းနှင့်အတူ ကျားဖြူပါတီ ဒုဥက္ကဌ (၁) ဦးစိုင်းဆောင်ဆီ ၊ ဒုဥက္ကဌ (၂) ဦးစိုင်းလှကျော် တို့ ပါဝင်သည်ဟုသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် သျှမ်းပြည်ညီညွှတ်ရေး 
ကော်မတီ CSSU ၏ အဖွဲ့ဝင်ဖြစ်သည်။ တဘက်တွင်လည်း ၀ တပ်ဖွဲ့ UWSA ဦးဆောင်သည့် FPNCC မြောက်ပိုင်းမဟာ အဖွဲ့တွင်လည်း ပါဝင်သည်။ အဆိုပါ အဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီမှုစာချုပ် NCA လမ်းကြောင်း ကို လက်မခံဘဲ ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးစကားဝိုင်းသို့ တိုက်ရိုက်သွားလိုသည်။

Panglong (Burmese)
မေ ၁ ရက်၊ ၂၀၁၈

Share:

Tags: ++,SSPP/SSA,ခေါင်းဆောင်များအား,ဦးသိန်းဇော်,ဦးဆောင်သည့်,ငြိမ်းချမ်း,ရေးကော်မရှင်,အဖွဲ့သွားရောက်ဆွေးနွေး,++

Author : Administrator
Comments
Leave a Comment