• +95 (0)9 425 705 270
  • info@cdes.org.mm

၂၁ ရာစုပင်လုံကို ဇူလိုင် ၁၁ ရက်ကစ၍ ခြောက်ရက်ကြာကျင်းပရန် UPDJC အတည်ပြု။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံတတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကစ၍ ခြောက် ရက်ကြာကျင်းပရန် ပြည်ထောင် စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(UPDJC)   အစည်း အဝေးက အတည်ပြုခဲ့သည်။ 

အစိုးရ၊ တပ်မတော်၊ လွှတ် တော်၊ နိုင်ငံရေးပါတီနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကိုယ် စားလှယ်များတက်ရောက်သည့် UPDJC အစည်းအဝေးကိုဇွန်လ ၂၉ ရက်ကနေပြည်တော်၌ ကျင်း ပခဲ့သည်။

‘‘အရေးကြီးတဲ့ဆုံးဖြတ်ချက် ကတော့ ညီလာခံကို ၁၁ ရက်နေ့ မှာ စတင်ကျင်းပမယ်’’ ဟု အစိုးရ ကိုယ်စားလှယ်ဦးလှမောင်ရွှေက UPDJC အစည်းအဝေးအပြီးတွင် ပြောသည်။

လာမည့် ၂၁​ရာစုပင်လုံတ တိယအစည်းအဝေးတွင် တင် သွင်းမည့်စာတမ်းများကိစ္စကို လည်း UPDJC အစည်းအဝေး၌ ညှိနှိုင်းခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ် စားလှယ် UPDJC ဒုဥက္ကဋ္ဌ ဒေါက် တာဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

သို့ရာတွင် နိုင်ငံရေးကဏ္ဍအ ပါအ၀င်အချို့အချက်များ ညှိနှိုင်း မရ၍ ဇူလိုင် ၃ ရက်တွင်ကျင်းပ မည့် UPDJC လုပ်ငန်းကော်မတီ အစည်းအဝေးများ၌ ဆက်လက် ဆွေးနွေးမည်ဟု ၎င်းကဆိုသည်။

ယခင်က ၂၁ ရာစုပင်လုံအ စည်းအဝေးကို ငါးရက်သာကျင်း ပရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးညှိနှိုင်းမှုများပိုမိုအချိန် ယူရန် တစ်ရက်တိုးသတ်မှတ်ခဲ့ သည်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်တာလှ ဖေက ပြောသည်။

‘‘ကဏ္ဍအလိုက် ဆွေးနွေးမှု တွေ၊ အစုအဖွဲ့အလိုက်ဆွေးနွေး မှုတွေမှာ ပြီးခဲ့တဲ့ညီလာခံတွေ တုန်းက အနေအထားက အချိန် မလုံလောက်ဘူး။ ဆွေးနွေးရတာ အကြောင်းခြင်းရာတွေ မပြည့်စုံ ဘူးဆိုတဲ့ အသံမျိုးစုံထွက်လာ တော့ အခုငါးရက်အစား ခြောက် ရက်ပြန်ပြီးတော့ ပြင်ဆင်လိုက် တာဖြစ်တယ်’’ ဟု တာလှဖေက ရှင်းပြသည်။

၂၁ ရာစုပင်လုံအစည်းအ ဝေးတွင် နိုင်ငံရေး၊ လူမှုရေး၊ စီး ပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါ ဒများဟူ၍ကဏ္ဍငါးခုကို ကဏ္ဍအ လိုက်သော်လည်းကောင်း၊ အစု အဖွဲ့အလိုက်သော်လည်းကောင်း ဆွေးနွေးမည်ဖြစ်သည်။

UPDJC အစည်းအဝေးတွင် NCA မထိုးရသေးသည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအား ၂၁ ရာစုပင်လုံသို့ဖိတ်ကြားရေး ဆွေးနွေးခဲ့သည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းကဆိုသည်။

‘‘တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖိတ်ရမယ့် ပုံစံတွေက တစ်ခုတည်းမဟုတ် ဘူး။ နည်းလမ်းပေါင်းစုံနဲ့ဖိတ်မှာ ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်းကို သင့် တော်သလို ဖိတ်သွားမှာဖြစ်ပါ တယ်’’ ဟု ၎င်းကပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ခုနစ်ဖွဲ့အနက် တအာင်းအ ဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင်အဖွဲ့ (AA)တို့ကို ဖိတ်ကြားခြင်းပြု၊ မပြုသည် အစိုး ရဘက်က ကိုင်တွယ်သည့်ကိစ္စ ဖြစ်၍ မဖြေကြားလိုဟုဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။

NCA လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ ရှိရာ ရှစ်ဖွဲ့ကို ညီလာခံတက် ရောက်သူအဖြစ် ဖိတ်ကြားရေး ဆွေးနွေးခဲ့ကြောင်း တာလှဖေက ဆိုသည်။ နာဂလက်နက်ကိုင်အ ဖွဲ့ (NSCN-K)ကိုမူလေ့လာသူအ ဖြစ် ခွင့်ပြုရန်ဆွေးနွေးခဲ့ကြောင်း ၎င်းကပြောသည်။ ရခိုင်အမျိုး သားကောင်စီ(ANC)အဖွဲ့နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းကို မကြားခဲ့ရကြောင်း တာလှဖေက ဆိုသည်။

‘‘မြောက်ပိုင်း ခုနစ်ဖွဲ့ကို တော့ အားလုံးဖိတ်မယ်ဗျ။ သူတို့ တစ်ဖွဲ့ချင်း ဖိတ်သွားမှာပဲ။ မြောက်ပိုင်းခုနစ်ဖွဲ့ကတော့ သူ တို့ကို မြောက်ပိုင်းမဟာမိတ်အနေ နဲ့ ဖိတ်စေချင်တယ်။ ဒါပေမဲ့ အခု သူတို့ပြောတဲ့ ပုံစံအရဆိုရင် မြောက်ပိုင်းခုနစ်ဖွဲ့အနေနဲ့ မဖိတ် ဘဲနဲ့ KIA ဆို KIA၊ UWSA ဆို UWSA ပေါ့။ TNLA ဆို TNLA ပေါ့။ အဲဒီလိုသီးသန့်ဖိတ်မယ့် သဘောရှိတယ်’’ ဟု နိုင်ငံရေးပါ တီအစုအဖွဲ့ကိုယ်စားလှယ်တာ လှဖေက ပြောသည်။

မြောက်ပိုင်းခုနစ်ဖွဲ့အနက် ၀အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)လေးဖွဲ့ကိုမူ ၂၁ ရာစုပင်လုံသို့ဖိတ်ကြားမည် ဖြစ်ပြီး TNLA၊ MNDAA နှင့် AA တို့အားဖိတ်ကြားခြင်းကို အစိုးရ နှင့် တပ်မတော်ပိုင်း၌ ညှိနှိုင်းရ မည်ဟု အစိုးရကိုယ်စားလှယ်ဦး ဇော်ဌေးက ယခု UPDJC အစည်း အဝေးမတိုင်မီပြောဆိုထားသည်။ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)ကိုလည်း ဖိတ် ကြားမည်ဟု ၎င်းကထုတ်ဖော် ပြောဆိုထားသည်။ ယခုအစည်း အဝေးဆုံးဖြတ်ချက်နှင့်ပတ်သက် ၍ အစိုးရကိုယ်စားလှယ်ဦးဇော် ဌေးထံဆက်သွယ်ရာ အဆက်အ သွယ်မရပေ။

UPDJC အစည်းအဝေးအ တွင်း ဆွေးနွေးမှု၌ TNLA၊ MNDAA နှင့် AA အဖွဲ့များအပါအ၀င် မြောက်ပိုင်းခုနစ်ဖွဲ့ကို တစ်ဖွဲ့ချင်း စီဖိတ်ကြားရေးကိစ္စအဆင်ပြေ သော်လည်း အစည်းအဝေးပြီးခါ နီးတွင် ယင်းအဖွဲ့သုံးဖွဲ့ဖိတ်ကြား ရေး မရေမရာဖြစ်ခဲ့သည့် အခြေ အနေပေါ်ပေါက်ခဲ့ကြောင်း UPDJC ကိုယ်စားလှယ်တစ်ဦးက ဆို သည်။

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့လုံးစကို ဖိတ်ကြားမှသာ ၂၁ ရာစုပင်လုံသို့တက်ရောက်နိုင် မည်ဟု UWSA လားရှိုးဆက်ဆံ ရေးရုံး ဒုတိယတာဝန်ခံဦးညီရန်း က ပြောကြားထားသည်။

ယခုကျင်းပသည့် (၁၅)ကြိမ် မြောက် UPDJC အစည်းအဝေး သို့ UPDJC ဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည် မတက်ရောက်ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် (၁၃)ကြိမ်မြောက်အစည်းအဝေး ကစ၍ UPDJC အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိခဲ့ပေ။ တိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့ နှင့် နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ် စားလှယ်များကမူ UPDJC အ စည်းအဝေးသို့ ဒေါ်အောင်ဆန်း စုကြည်တက်ရောက်ခြင်းကို လို လားကြောင်း မှတ်ချက်ပြုသည်။


source - 7 Days News

Share:

Tags: ၂၁,ရာစုပင်လုံကို,ဇူလိုင်,၁၁,ရက်ကစ၍,ခြောက်ရက်ကြာကျင်းပရန်,UPDJC,အတည်ပြု။

Author : Administrator
Comments
Leave a Comment